Main menu

မြိတ်မြို့ပေါ်ရှိ ဒညင်းသီးဆားရေစိမ် (သို့) ဒညင်းသီးချဥ်ဖတ်

Powered by Drupal

   ဒညင်းသီးကို မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နှင့် တနင်္သာရီမြို့တို့မှ အများဆုံး ထွက်ရှိ၍ မြိတ်မြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒညင်းသီးသည် မေလမှ စက်တင်ဘာ လလောက်ထိ ထွက်ရှိသောရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သည်။ ကုန်စိမ်းရောင်းချသူ များသည် ဒညင်း သီးအားဝယ်ယူ၍ ပြုတ်၍သော်‌လည်းကောင်း၊ ဆားရေစိမ်(သို့)ချဥ်ဖတ် ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြပြီး မြိတ်ဒေသတွင်အများအားဖြင့် ဒညင်းသီးချဥ်ဖတ် ဟုခေါ်ကြသည်။ ဒညင်းသီးချဥ်ဖတ် ပြုလုပ်ရာတွင် ဒညင်းသီး၏အခွံမာအား ခွဲထုတ်ပြီး ထွက်ရှိ လာသော ဒညင်းသီးပေါ်ရှိ အခွံ‌ပျော့အား အနည်းငယ်ခွာ၍ ရေတစ်ရက်စိမ်ပေးကာ အခွံပျော့အား ခွဲထုတ်ရပါသည်။ သုံးရက်/လေးရက် လောက်ရေလောင်း၍ (နေပူမထိရပါ) ဒညင်းသီးအစိမ်း ‌ရောင်ဖြစ်လာပါက ဒညင်းသီးအလုံးခြောက် သွားသည်ထိ သုံးရက်/လေးရက်လောက် နေပူလှန်းရ ပါသည်။ ခြောက်သွားသော ဒညင်းသီးများကို တစ်ရေပြန်ဆေးပြီး စဥ့်အိုးထဲထည့်ကာ ဆားရေတို့ ဖြင့် စိမ်လိုက်ပါက အလုံးသေးပါလျှင် (၇)ရက် အလုံးကြီးလျှင် (၁၀)ရက်အတွင်း ဒညင်းသီးချဥ် ဖတ်ရရှိပါသည်။
    မြိတ်ဒေသတွင် ၂၀၂၄ခုနှစ်ဇူလိုင်လတွင် ဒညင်းသီးချဥ်ဖတ်(၁၀)လုံးလျှင် (၇၀၀)ကျပ်ဖြစ် ၍ ၂၀၂၅ခုနှစ် ဇူလိုင်လတတိယပတ်တွင် ဒညင်းသီးချဥ်ဖတ် (၁၀)လုံးလျှင် (၁၂၀၀)ကျပ်ရှိ ကြောင်း ဒညင်းသီးချဥ်ဖတ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)