Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဂွေးတောက်ရွက် စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်သီးနှံများ အပြင် ဈေးကွက်ဝယ်လိုအားရှိသော ဂွေးတောက်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ယခင်က ပင်ကြီးဂွေးတောက်ပေါ်ချိန်မှသာ စားသုံးရပြီး ယခုအချိန်တွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော ပင်လေးဂွေးတောက်ရွက်များကို တောင်သူများမှ စီးပွားရေး အမြင်ကျယ် ကာ စိုက်ပျိုးလာကြကြောင်း၊ ပင်လေးဂွေးတောက်စိုက်ပျိုးမှုအနေဖြင့် ပျိုးထောင် စိုက်ပျိုးကြကြောင်း၊ ပျိုးသက်တမ်း (၁၅) ရက်တွင် ဂွေးတောက် စိုက်ပျိုးရန် ပြုပြင်ထားသော မြေဘောင်များပေါ်သို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင် (၁)ပြည် ကုန်ကျ ကြောင်း၊ (၁)ပြည် ဈေးနှုန်းအနေဖြင့် (၁၅၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃)လသားတွင် စတင်ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ခူးယူမှုအနေဖြင့် (၁၀) ရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း၊ တစ်ကြိမ် ခူးဆွတ်လျှင် ပိဿာ (၅၀/၆၀)ခန့် ထွက်ရှိကြောင်း၊ တစ်လ (၃)ကြမ် ခူးဆွတ်ရသောကြောင့် ပိဿာ (၁၀၀/၁၂၀) ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် လက်ကားဈေးအနေဖြင့် (၁၅၀၀/-)ကျပ် ရရှိကြောင်း၊ သွင်းအားစု ထည့်သွင်းခြင်းနှင့် အပြုအစုကောင်းပါက အထွက်နှုန်းမကြာ ကြောင်း၊ ယခုလို မိုးတွင်းတွင် အထွက်ပိုပြီး၊ တစ်နှစ်တည်းဖြင့် အရင်းကြေကာ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် ဝယ်ယူမှုများရှိသလို တောင်သူများမှ လည်း နီးစပ်ရာမြို့ပေါ် ဈေးများသို့လည်း တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း၊ ကုန်စိမ်းပွဲစားများ မှတစ်ဆင့် မန္တလေး၊ ရန်ကုန် ကုန်စိမ်းပွဲရုံများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ ကုန်စိမ်း သီးနှံဖြစ်သောကြောင့် ဈေးနှုန်းအတက်အကျရှိကြောင်း၊ ဂွေးတောက်စိုက်ပျိုးမှု တစ်နှစ်ဝင်ငွေ အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၈၀၀၀၀၀/-)ကျပ်ခန့် ရှိသောကြောင့် စိုက်ပျိုးစရိတ် သက်သာပြီး စီးပွားဖြစ် ဝင်ငွေတိုးသော ဂွေးတောက်သီးနှံကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းရနေသော တောင်ပို့မှို

တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့ရှိရာ မြေအောက်ခြကောင်ရှိသော နေရာများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် ပေါက်ရောက်တပ်ပါသည်။ တောင်ပို့မှိုသည် ဈေးကောင်းရသော အစား အစာတစ်မျိုးဖြစ်ကြောင်း၊ တောင်ပို့မှိုကိုတွေ့လျှင် တူရွင်း၊ ပေါက်ပြားများဖြင့် တူးယူခြင်းမပြုပဲ လက်ဖြင့်မှိုများအား နုတ်ယူပါက နောင်နှစ်များတွင်လည်း ၎င်းနေရာ၌ တောင်ပို့မှိုများ ပြန်လည် ထွက်လာကြောင်း၊ ရှေးလူကြီးများ၏ ပြောစကားများတွင် လေ့လာမှတ်သား သိရှိရပါသည်။ ကန့်ဘလူမြို့မဈေးတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝတောင်ပို့မှိုများ ရောင်းချလျက်ရှိကြောင်း၊ တောင်ပို့မှိုသည် ရာသီဥတု အချိန်အခါနှင့် ပေါက်ရောက်သည့်အတွက် ရှားပါး၍ဈေးကောင်းရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း တောင်ပို့မှို(၁၀)ဖူးပါတစ်စည်းလျှင် (၂၈၀၀)ကျပ်နှင့် တစ်ပိဿာလျှင်(၃၅၀၀၀ မှ ၄၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောင်ပို့မှိုသည် မိုးဦးကာလတွင် သဘာဝအတိုင်း ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရပဲ မိသားစုဝင်ငွေရရှိ နေကြောင်း သိရှိရပါသည်။ Doca(စစ်ကိုင်း)

ဂျင်း(ချင်း)တက်နှင့်ဂျင်းပေါက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် ဂျင်းပေါက်(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် ဂျင်းပေါက်လက္ကားဈေး တစ်ပိဿာ လျှင်(၄၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို ဂျင်းသုပ်၊ လဖက်နှင့်ရော၍လည်ကောင်း အခြားအစားအသောက်များနှင့် တွဲဖက်၍လည်းကောင်း အသုံးပြုကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။ Doca(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ခရမ်းချဉ်သီးအဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၅၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ နှင့်ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြကြောင်း၊ ခရမ်းချဉ်သီး ရောင်းချသူထံမှ သိရှိရသည်။ Doca(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ သရက်သီးစိမ်း နှင့် သရက်ချဉ်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့် သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၂၀၀)ကျပ်၊ (၁၀၀၀)ဖိုး(၅)လုံး နှင့် သရက် သီး အသေး တစ်လုံးလျှင်(၁၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် သရက်ချဉ် ဈေး နှုန်း အနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ မျှစ်စိမ်း (၂၅) ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာ လျှင် (၁၂၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် မျှစ်ပြုတ် (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာ လျှင် (၁၂၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ် ထက် မျှစ်စိမ်းဈေးနှုန်း အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် Cpပြောင်း ဈေးနှုန်း/ဈေးကွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ပဲမျိုးစုံ ဈေးနှုန်းများအနေဖြင့် မတ်ပဲ ( ၁ ) တင်းလျှင် ( ၁၀၀၀၀၀) ကျပ် ၊ ပဲတီစိမ်း(ကြီး) ( ၁ )တင်းလျှင် ( ၁၀၅၀၀၀) ကျပ်၊ ပဲတီစိမ်း ( သေး) ( ၁ )လျှင် (၁၁၀၀၀၀)ကျပ်၊ ပဲစဉ်းငုံ ( ၁ )တင်းလျှင် ( ၈၅၀၀၀) ကျပ်၊ ကုလားပဲဖြူ လုံးကြီး ( ၁ )တင်းလျှင် (၈၆၀၀၀)ကျပ်၊ ကုလားပဲဝါ (ထိုင်ဝမ်) ( ၁ ) တင်းလျှင် (၈၂၅၀၀) ကျပ်၊ ထောပတ်ပဲ ( ၁ ) တင်းလျှင် ( ၇၃၀၀၀)ကျပ်၊ ပဲပုတ် (ရှမ်း) ( ၁ )တင်းလျှင် ( ၁၀၀၀၀၀)ကျပ်၊ ပဲပုတ်(ဗမာ) ( ၁ )တင်းလျှင် (၁၄၀၀၀၀)ကျပ်၊ ပဲကြီး (( ၁ )တင်းလျှင်( ၁၁၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး ( ၁ )တင်းလျှင် (၈၈၀၀၀)ကျပ်၊ စွန်တာနီ/ပြာ ( ၁ )တင်းလျှင် ( ၁၀၂၀၀၀)ကျပ်၊ ၉၂၉(ကုလားပဲ) ( ၁ )တင်းလျှင်( ၈၅၀၀၀)ကျပ်၊ ပုဂံပဲ( ၁ ) တင်းလျှင်(၁၂၀၀၀၀)ကျပ်၊ မြေထောက်ပဲ ( ၁ )တင်းလျှင် (၁၃၅၀၀၀)၊ ပဲလွန်းပြာ ( ၁ ) တင်းလျှင် (၆၈၀၀၀) ကျပ်၊ ပဲလွန်းဖြူ ( ၁ )တင်းလျှင်( ၇၅၀၀၀)ကျပ်၊ ကြက်ဆူစေ့ ( ၁ )တင်းလျှင်( ၅၅၀၀၀)ကျပ်နှင့် CPပြောင်း ( ၁) တင်းလျှင် ( ၂၈၈၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ပိတ်စွယ်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိတ်စွယ်များကို ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်ဈေး နှင့် ပိတောက်မြိုင်ရပ်ကွက်ဈေးများသို့ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပိတ်စွယ် ဈေးနှုန်းများမှာ ပိတ်စွယ် အပင်အကြီး အသေးပေါ်မူတည်၍(၅/၇)ချောင်းပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်း တစ်ထုံးလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ရပ်ကွက်ဈေးများ၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ရှင်မွေးလွန်းပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင်(၅၀၀)ကျပ် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း ဈေးနှုန်းအနေဖြင့် စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ၊ ရှင်မွေးလွန်းပန်း တစ်ကုံး လျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းအနေဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ဂန္ဓမာပန်းဈေးနှုန်းအနေဖြင့် ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီး လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊ အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊ နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက် နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံ ဖြစ်သည်။ ဂျပန်ပျားလိမ္မော်သီးသည် လိမ္မော်သီးမျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာ အနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူ ဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။ ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ဂျပန်ပျားလိမ္မော်သီးရောင်းချသူထံမှ သိရှိရပါ သည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း