ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ (အကြီး)လက္ကားဈေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးရံ့ အကြီး လက်လီဈေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)လက်လီ တစ်ပိဿာ လျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာ လျှင်(၈၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀၀)ကျပ်၊ ငါးရံ့ ခြောက်(အသေး) လက်လီ တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)








