Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းသက်သာ၍ ဟင်းတစ်ခွက်ဖြစ်စေသော ပဲပြားစျေးနှုန်း

ပဲပြားသည် ဈေးသက်သာ၍ လွယ်ကူစွာပြုလုပ်စားသုံးနိုင်သည့်အပြင် သက်သက်လွတ် စားသူများအတွက် အသားဓာတ်ကို ပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင် ပဲပြားကကာကွယ်ပေးပါသည်။ ပဲပြားတွင် ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။ တရုတ် ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုပ်ပေးနိုင်စွမ်းရှိသည် ဟုသိရ ပါသည်။ ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။ ပဲပြားကိုကြော်ကာ အစာသွပ်၊ ပဲပြားသုတ် ၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ‌ကြောင်း ဈေးသည်များထံမှသိရပါသည်။ DOCA( စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်ချဉ်၊ မျှစ်စိမ်းနှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဖွင့်လှစ်ထားသော နန္ဒဝန်ဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၅) ကျပ်သားလျှင် ( ၁၃၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေး၌ ရောင်းချလျက်ရှိသော ဆူးပုတ်ရွက် နှင့် ပိတ်ချင်းရွက်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူးပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက်ရောင်းချခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက်ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း(၁)စည်းလျှင် (၃၀၀)ကျပ် ၊(၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပိတ်ချင်းရွက် ဈေးနှုန်းအနေဖြင့် ပိတ်ချင်းရွက် အစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ်၊ ပိတ်ချင်း ရွက်ပြုတ် (၁)ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ပိတ်ချင်းရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော သဖန်းဆိပ်ဆည် ရေချို ပုဇွန်ခြောက်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ပုဇွန်ခြောက် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပုဇွန်ခြောက်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ခြောက်ဖြစ်ပြီး အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး လက်ဆောင်ပေးရာတွင်လည်း အမြင်လှသည့်အတွက် အရောင်းသွက်ကာ ဈေးကောင်းရရှိလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ခြောက် ဈေးနှုန်း များအနေဖြင့် ပုဇွန်ခြောက် အကြီး လက္ကားဈေး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန် ခြောက် အကြီး လက်လီဈေး နို့ဆီ(၁)ဘူးလျှင် (၇၀၀၀) ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင် (၄၀၀၀၀) ကျပ်၊ ပုဇွန်ခြောက် အလတ် နို့ဆီ(၁)ဘူးလျှင် (၅၀၀၀) ကျပ် နှင့် ပုဇွန်ခြောက် အသေး တစ်ပြည်လျှင်(၂၈၀၀၀) ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင် (၃၅၀၀) ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပုဇွန်ခြောက်ရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ရွှေတန်ဆာဘုရားနှင့် ဈေးများတွင် ရောင်းချလျက်ရှိသည့် ကျောက်ပြင်ဈေးနှုန်း

ပိတောက်မြိုင်ဈေးအတွင်းရှိ စကားဖြူပန်း နှင့် စကားဝါပန်းဈေးနှုန်း

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့် စကားဖြူ/ဝါပန်းပင်သည် မြန်မာ ပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ် သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံး လျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း