
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သော “ဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခ” အရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။
ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်း အဝယ်ဖြစ်သောဈေးမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီတစ်အိတ် လျှင် ကျပ်(၂၂၀၀၀)ဖြစ်ပြီး (ပထမပတ်)တွင် ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၂၂၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၃၀၀၀)ဖြစ်၍ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ်(၁၅၀၀)ခန့်ကျဆင်းကြောင်း၊ ပခုက္ကူမြို့မှ အခြားပြည်နယ်များသို့လည်း တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရသည်။
DOCA(မကွေး)