Main menu

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

Powered by Drupal

          ရွှေဘိုခရိုင်အတွင်းတွင် ဇူလိုင်လ တတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ဒုတိယပတ်တွင် ရန်ကုန်သို့ (69248)အိတ်၊ မန္တလေးသို့ (53510) အိတ်၊ နေပြည်တော်သို့ (1705)အိတ်၊ပဲခူးတိုင်းသို့ (6၇၉၅)အိတ်၊ မကွေးတိုင်းသို့ (၃၁၉၉)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၂၃၆)အိတ်၊ ကချင်ပြည်နယ်သို့ (၁၆၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၀၇၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၄၈၀)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊ ဧရာဝတီသို့ (၅၄၅)အိတ်၊ စုစုပေါင်း အိတ်ရေ 164273 တန်အားဖြင့် 8214တန် စီးထွက်ခဲ့ပါသည်။

          ယခု ဇူလိုင်လ တတိယပတ်တွင် ရန်ကုန်သို့ (58040)အိတ်၊ မန္တလေးသို့ (၄၁၁၁၄) အိတ်၊ နေပြည်တော်သို့ (1530)အိတ်၊ပဲခူးတိုင်းသို့ (၆၇၇၂)အိတ်၊ မကွေးတိုင်းသို့ (2525)အိတ်၊ ရှမ်း(တောင်)သို့ (12809)အိတ်၊ ကချင်ပြည်နယ်သို့ (၁50၀)အိတ်၊ မွန်ပြည်နယ်သို့ (6990)အိတ်၊ ကရင်ပြည်နယ်သို့ (2190)အိတ် ၊မူဆယ်သို့ (41၀)အိတ်၊ စုစုပေါင်း အိတ်ရေ 133880 တန်အားဖြင့် 6694တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 30393၊ တန်အားဖြင့် 1520တန် လျော့၍ စီးထွက် ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)