Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ဇရစ်ရိုးပင်ဈေးနှုန်း

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မြစ်ချောင်းအင်းအိုင်များ စိမ့်စမ်းကောင်းသော နေရာများနှင့် စိုစွတ်သောနေရာများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင် သည် ယခုလိုမိုးဦးကျကာလတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး ဇရစ်ရိုးသည် အရိုးတွင်သာမက အရွက် ရောပါစားရပြီး ဆူးပါသောအပင်တစ်မျိုးဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ဇရစ်ရိုးပင် ဈေးနှုန်းအနေဖြင့် ဇရစ်ရိုးပင်(၅/၆)ပင်ပါ တစ်စည်းလျှင်(၇၀၀)ကျပ်၊ (၂၀၀၀)ကျပ်ဖိုးလျှင်(၃)စည်းနှင့် ဇရစ်ရိုး(၁၀)စည်း တစ်ထုံးလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်း ရောင်း ချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။ DOCA(စစ်ကိုင်း)

ပဲပင်ပေါက်စားခြင်း၏စျေးနှုန်း/စျေးကွက်

ပဲပင်ပေါက်သည်စျေးသက်သာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သောအစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓါတ် ကြွယ်ဝပြီး ဗီတာမင်A,Cနှင့်သတ္တုဓါတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ခန္ဓာကိုယ်ကို ကိုယ်ခံ အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ပဲပင်ပေါက်ကို စီးပွားအဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံး ပြုကြသည်။ များသောအားဖြင့်ဇကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ ရက်မှ ၅ ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့် အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၆၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာ ဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ခရမ်းသီးစျေးနှုန်းအခြေအနေ

မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင်စိုက်ပျိုး ပါသည်။ ခရမ်းမျိုးများစွာရှိပြီး စျေးကွက်ထဲတွင် ခရမ်းရှည်သီး၊ ခရမ်းပုသီး (အဖြူ ရောင် /ခရမ်းရောင်)၊ ခရမ်းကြွပ်သီး(အဖြူရောင်/ခရမ်းရောင်)၊ ခရမ်းစော့သီးစတဲ့ ခရမ်းမျိုးများ ရောင်းချကြ ပါသည်။ ခရမ်းသီး၏ ကောင်းကျိုးက အဆီဓာတ်မပါတာပဲဖြစ်ပါသည်။ ဗီတာမင်စီနှင့် ဗီတာမင်အီး ကြွယ်ဝတာကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ဒဏ်ကို အကာအကွယ်ပေးပါသည်။ ခရမ်းရှည်သီးကို အသားနှင့်ရော၍ ဟင်းချက်စားခြင်း၊ သီးစုံပဲ ကုလားဟင်းထဲတွင်ထည့်သွင်းချက်ပြုတ်ခြင်း၊ ပုဇွန်ခြောက်နှင့်ရော၍ခရမ်း သီးနှပ်ပြုလုပ် စားသုံးခြင်း၊ တခြားဟင်းတွေထဲတွင် ထည့်သွင်း ချက်ပြုတ်ရသောအသီးဖြစ်သည်။ ယခုအခါ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးနှင့် ရပ်ကွက်စျေးငယ်တို့တွင် ခရမ်းရှည်သီး တစ်ပိဿာလျှင် (၅၀၀ဝိ/-)ကျပ် ထိရှိပြီး ခရမ်းပုသီး တစ်ပိဿာလျှင် (၃၀၀ဝိ/-) ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ငါးဖယ်ခြစ်နှင့် ငါးဖယ်ဈေးနှုန်း

ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့်ငါးဖယ်ခြစ်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ဂေါ်ရခါးသီးစျေးနှုန်း/စျေးကွက်

ဂေါ်ရခါးသီးသည် အပူပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော် လှော်စားသုံးနိုင်သည်။ အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။ အကြမ်းခံသော အပင်ဖြစ်ပြီး မြေအမျိုးအစား အမျိုးမျိူးတွင် စိုက်ပျိုးနိုင်သည်။ တစ်ကိုင်းလျှင် (၈) လုံးထိထွက်နိုင်ပြီး တစ်ပင်မှပျှမ်းမျှအလုံး (၂၀၀-၃၀၀) ရနိုင်ပါသည်။ ခူးဆွတ်ထားသော အသီးများကို အေးသော နေရာတွင် ထားသင့်သည်။ ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးအတွင်း၌ ‌ဂေါ်ရခါးသီး တစ်လုံးလျှင် (၅၀၀ မှ ၇၀၀) ကျပ်ရှိပြီး ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ် ရရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီး နှင့် ခဝဲသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်း အနေဖြင့် ခရမ်းသီး လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာ လျှင်(၃၂၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိထန်းလျက်စျေးနှုန်းစျေးကွက်

ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်း တောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသော ထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။ ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက်ဟူ၍ရှိပြီး အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။ ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော ၍ချက်လုပ်မှု များလည်း ရှိနေသည်။ ထားဝယ်ဒေသထွက်အုန်းထန်းလျက် ၁ပိဿာလျှင်(၁၃၀၀၀) ကျပ်ရှိပြီး ထန်းလျက်အလုံး ၁ပိဿာလျှင် (၉၅၀၀)ကျပ်တို့ ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ မျောက်ငိုသီးဈေးကောင်းရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အနီးအနားမြို့၊ရွာများ၌ မျောက်ငိုသီးများကို အိမ်တွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးစားသုံးကြသလို စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိကြသည်။ ဒညင်းသီး စားရသည်နှင့်တူသည်ဟု ပြောကြပြီး ထားဝယ်ဘက်၌ ထိုင်းဒညင်းသီးဟုလည်းခေါ်ကြသည်။ လူကြိုက်များသော‌မျောက်ငိုသီးကို ကမ်းနားဈေး၊ ညနေဈေးနှင့်စည်ပင်သာယာဈေးများ၌ ရောင်းချကြပြီး အခိုင်လိုက်လည်းရောင်းကြသလို အခွံခွာပြီး လည်းရောင်းချကြရာ အခိုင်လိုက်တစ်ခိုင်လျှင် (၁၅၀၀)ကျပ်၊ အခွံခွာပြီးသား (၁၀)လုံးတစ်ထုပ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းရကြောင်း ကုန်စိမ်းသည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကျွန်းလှမြို့ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော ကြောင်လျှာသီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့ သစ်ရာမြိုင်ဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အကြီး တစ်တောင့်လျှင်(၁၈၀၀)ကျပ်၊ ကြောင်လျှာသီး လက္ကားဈေး အသေး တစ်တောင့်လျှင်(၁၂၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး အသေး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် အနည်းငယ်ကျဆင်းလာကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း