Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

          ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမဆုံးပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၁၈၃၀၀)ကျပ် ပေါက်ဈေးဖြင့်  (၁၈၀၀၀)တင်း ၊တန်အားဖြင့် (၅၈၈)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၆၁၆၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀၀)တင်း တန်အားဖြင့် (၃၃၁)တန် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများမှာအနည်းငယ်မြင့်တက်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ပုဂံပဲဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပုဂံပဲများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လလ၊ ပထမအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-) ကျပ်နှင့်တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့် သူများမှဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ နဂါးမောက်သီးဈေးနှုန်းဈေးကွက်

      ရွှေဘိုမြို့   ဈေးကွက်အတွင်းတွင် ဇွန်လနောက်ဆုံးပတ်မှစတင်၍ နဂါးမောက်သီးများ စတင်ဝင်ရောက်လာကာ၊ ဒေသတွင်း ရွှေဘို မြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီးများအပြင် ပြင်ဦးလွင်မြို့၊ ကျောက်ပန်း တောင်းမြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီး များကိုလည်းမှာယူ၍   ရောင်းချလျက်ရှိပါသည်။

     နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့်  တစ်ဆင့်ဝယ်ယူရပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် အလုံး အကြီး/ အသေးပေါ် မူတည်၍ နဂါးမောက်သီးအကြီးတစ်လုံးလျင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့် အသီးသီးရောင်းချရကြောင်း၊ နဂါးမောက်သီးများကို ဈေးအတွင်း လက်လီရောင်းချသော ဈေးသည်များကို ဖောက်သည်ပေးသည့် အပြင်၊ သစ်သီး ဖျော်ရည်ရောင်းချသည့် ဆိုင်များက ဝယ်ယူကြောင်း၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရာသီပေါ် ဒညင်းသီး အရောင်းသွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ အောင်ဇေယျဈေး၊ ကုန်းဘောင်ဈေးတို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရွှေကူမြို့၊ ဗန်းမော်မြို့ စသည့် မြို့များအပြင် မန္တလေးမြို့ရှိ သီးနှံ ပွဲရုံများမှ ရာသီပေါ် ဒညင်းသီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ဒညင်းသီး အလုံးအရွယ်အစားပေါ် မူတည်၍ ဒညင်းသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ (၁၄၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး ဈေးအတွင်း လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့် အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည် ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များအပြင် အသင့်စား စားသောက်ကုန်လုပ်ငန်းများမှ ဝယ်ယူကြပြီး ‌နေ့စဉ် ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သီးနှံလက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် တရုတ်ပဲကြီးဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင် ရောင်းချသည့် တရုတ်ပဲကြီးဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှ စတင်၍ ယခုအပတ်ထိ တရုတ်ပဲကြီး ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော် ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးဖက်ဝင် တစောင်းခါး

      အညာဒေသ၌ မိုးရာသီတွင် ထွက်ရှိသော တစောင်းခါးပင်သည် ဆေးဖက်ဝင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ချည်သောအရသာရှိသော်လည်း  ချည်စူးစူးမဟုတ်ပဲ နှုတ်မြိန်စေသည့် ဟင်းလျာတစ်ခွက်ဖြစ်ပါသည်။ထို့ပြင် ဒေသခံများအနေဖြင့်လည်း မိသားစု ဟင်းတစ်ခွက်ရသည့်အပြင် အပိုဝင်ငွေရရှိသော ဒေသထွက်ကုန် ဖြစ်ပါသည်။

     တစောင်းခါးသည် ကိုလက်စထရောကျစေပြီး ၊အမျှင်ဓါတ်ပါသောကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ ကိုယ်အင်္ဂါ ကိုက်ခဲနာကျင်သော ရောဂါများကို ကာကွယ်နိုင်ပြီး ဆာလောင်ခြင်း၊ ရေငတ်ခြင်းတို့ကို ထိန်းသိမ်းနိုင်သည်ဟု သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင်  တစောင်းခါး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် လက္ကားရောင်းချသော ဈေးသည်များကို ဖောက်သည်ပေး၍ လက်လီ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

      စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇူလိုင်လ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဇွန်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဇူလိုင်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၆၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၁၅၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို ဒေသတွင်းထွက်ရှိသည့် စားတော်ပဲများသာမက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြသည့်အပြင် အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချ ကြပါသည်။

စားတော်ပဲ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲရေစိမ်

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ် ဈေးနှုန်းမှာ ()ပြည်လျှင်(၄၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ် နှင့်ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ နေ့စဉ်စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် ဇူလိုင်လ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၈၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၃၅၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၃၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၅၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၂၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၀)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၃၅)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၉၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၂၅)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

အချိုတည်းစရာဖြစ်သည့် စလေဘီနှင့်ချစ်တီးမုန့် ဈေးနှုန်း/ဈေးကွက်

     ရွှေဘိုမြို့တွင် မြန်မာ့ရိုးရာအစားအစာမုန့်များ၊ ကိတ်မုန့်၊ ပေါင်မုန့်များအပြင် အချိုတည်း စရာဖြစ်သည့် စလေဘီနှင့် ချစ်တီးမုန့်များကိုလည်း ရောင်းချကြပါသည်။ အချိုမုန့်ဖြစ်သည့် စလေဘီနှင့်ချစ်တီးမုန့်သည်ဂျုံနှင့်သကြားကို အခြေခံ၍ ပြုလုပ်ရသော မုန့်ဖြစ်ကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များကို  (၁)ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ် ဖြင့်ရောင်းချကြောင်း၊ တစ်ဆယ်ကျပ်သား အနည်းဆုံး ဝယ်ယူ၍ရကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များသည် (၁)ပတ်ကြာထိသာ အထားခံ ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသူများ၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ဖြစ်သည့် မြို့များ၊ ကျေးရွာများအပြင် ဆွမ်းကပ်၊ အလှူပွဲနှင့် မင်္ဂလာဧည့်ခံပွဲများမှလည်း လာရောက်၍ ဝယ်ယူကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးသည်များမှ  အထုပ်သေးများတွဲ၍ ပြန်လည်ရောင်းချ ကြောင်း စလေဘီနှင့် ချစ်တီးမုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း