Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြေထောက်ပဲစျေးနှုန်းစျေးကွက်

   ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ  ၄၉၀၇ကျပ်နှင့် ၅၅၅၆ကျပ် တို့ ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ် လျှင် ၂၈၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၁၈၅ကျပ်နှင့် ၅၉၂၆ ကျပ်ဖြစ်ပြီး ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲကြားစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်း ဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဲကြားပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ  ၄၈၀၀ကျပ်နှင့် ၄၈၈၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာ ၄၈၈၉ ကျပ်နှင့် ၄၉၄၂ကျပ်တို့ဖြစ်ပြီး၊ ယခင်လနှင့်ယခုလစျေးနှုန်းနှိုင်းယှဉ်ပါက ပဲကြားသီးနှံစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲနီပြားစျေးကွက်

      မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲနီပြားများ ဝင်ရောက်လျက်ရှိပြီး၊ပဲနီပြားမှာ ပြည်တွင်း စားသုံး မှု များပြားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယ ပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲနီပြား၃တင်းဝင်တစ်အိတ်လျှင် ၃၅၀၀၀၀ကျပ်၊ ၄၂၀၀၀၀ ကျပ်၊ တစ် ပိဿာစျေးမှာ ၆၃၃၅ ကျပ်နှင့် ၇၆၀၂ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ စျေး  မှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(တံတားဦး)၃၄၀၀၀၀ကျပ်နှင့် ၃၅၀၀၀၀ကျပ်၊ ပဲနီပြား(ကျွန်း) ၃၈၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲနီပြား(တံတားဦး) ၆၁၅၄ ကျပ်နှင့်၆၃၃၅ကျပ်၊ ပဲနီပြား(ကျွန်း) ၆၈၇၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြားမှာ စျေး ပိုမိုရရှိကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲလွန်းပြာစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ပဲလွန်းပြာသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲလွန်းပြာမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၂၀၅၀၀၀ ကျပ်နှင့် ၂၁၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၇၇၉ ကျပ်နှင့် ၃၈၇၁ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲလွန်းပြာ ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၀၈ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ပဲလွန်းဖြူစျေးနှုန်းစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက် သည့်ပဲလွန်းဖြူသီးနှံများဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ပဲလွန်းဖြူမှာပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံ စိုက်ပျိုး မှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲလွန်းဖြူ ၂၆၀၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ  ၄၃၃၃ ကျပ်နှင့် ၄၄၁၇ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ် လျှင် ပဲလွန်းဖြူ ၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၆၇ကျပ်နှင့် ၄၇၅၀ကျပ် တို့ ဖြစ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းဖြူစျေးမှာ လျော့နည်းသွားကြောင်း တွေ့ ရှိရ ပါသည်။

DOCA(မန္တလေး)

 

ပဲစင်းငုံစျေးနှုန်းစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရ ပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ ရောင်းချသည့် ပဲတစ်မျိုးဖြစ် ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့ အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊အထွက် နှုန်း (၉.၃၃)တင်းနှင့်အထွက်(၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက် ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၆၇၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၄၅၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲစင်းငုံ(နီ)၇၁၃၃ ကျပ်၊ပဲစင်းငုံ(ဖြူ) ၆၇၅၀ကျပ်စေျးတို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ပဲပုတ်စျေးနှုန်းစျေးကွက်

   ပြည်တွင်းစားသုံးမှုများပြားခြင်း နှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ မန္တလေးစျေးကွက်သို့ ရှမ်း ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှဝင်ရောက်ကြောင်းသိရပါသည်။မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲပုတ်(ရှမ်း) ၂၆၀၀၀၀ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၄၁၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ်(ရှမ်း) ၅၀၇၀ ကျပ်နှင့် ၅၃၉၉ ကျပ်၊ပဲပုတ်(ဗမာ)၇၇၉၃ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၄၀၅၆ ကျပ်နှင့် ၄၁၃၂ ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၁၈ ကျပ်နှင့် ၃၇၅၆ ကျပ်၊ ပဲပုတ်(စက်ပဲ)၃၆၆၂ကျပ်နှင့် ၃၇၅၆ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။  ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ်စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲယင်းစျေးကွက်

  ပဲယင်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲယဉ်းများဝင် ရောက်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း တွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ် အိတ်လျှင် ပဲယင်း(နီ)၂၂၅၀၀၀ကျပ်၊ပဲယင်း(ကြီး/သေး) ၂၂၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း (နီ)၄၂၅၀ကျပ်၊ပဲယင်း(ကြီး/သေး)၃၇၅၀ ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ် ကာလတူ တစ်ပိဿာ စျေးမှာ ပဲယင်း(နီ) ၃၄၁၇ကျပ်နှင့်၃၄၈၃ ကျပ်၊ ပဲယင်း (ကြီး) ၂၅၈၃ကျပ် နှင့် ၂၆၃၃ကျပ်၊ ပဲယင်း (သေး) ၂၃၆၇ကျပ်နှင့် ၂၄၁၇ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ပဲယင်းပေါက်စျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲကြီးစျေးကွက်

   ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရ ပါသည်။ ။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရ ပါသည်။    စျေးကွက်အတွင်း သို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသ ကြီးတို့မှဝင်ရောက်ကြောင်းသိရ ပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ် အိတ်လျှင် ပဲကြီး (ကြီး)  ၃၃၀၀၀၀ ကျပ်၊ ပဲကြီး(လတ်) ၃၁၀၀၀၀ကျပ် နှင့် ၃၂၀၀၀၀ ကျပ်၊ ပဲကြီး (သေး)၂၉၀၀၀၀ကျပ်နှင့် ၃၀၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲကြီး(ကြီး) ၅၉၇၃ကျပ်၊ပဲကြီး (လတ်) ၅၆၁၁ ကျပ်နှင့် ၅၇၉၂ကျပ်၊ ပဲကြီး(သေး) ၅၂၄၉ကျပ် နှင့်၅၅၂၀ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလ တူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ်နှင့် ၅၁၂၃ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၇၀၆ ကျပ်၊ပဲကြီး(သေး)၃၉၈၂ ကျပ်နှင့် ၄၂၅၃ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုစျေးနှင့်ယခင် နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကုလားပဲစျေးနှုန်းစျေးကွက်

   ကုလားပဲသီးနှံမှာ  ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်း ဝင်တစ်အိတ်လျှင်ကုလားပဲ(V-2) ၂၆၃၀၀၀ ကျပ်၊ကုလားပဲ(V-7)၂၆၄၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၄၁၀၀၀ကျပ်  နှင့်၂၄၅၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၅၀၀၀ ကျပ်နှင့် ၂၅၆၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၅၉၄ကျပ်၊ ကုလားပဲ(V-7)၄၆၁၁ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၂၈၄ကျပ်နှင့်၄၃၅၆ကျပ်၊ ကုလားပဲ(929) ၄၅၃၃ ကျပ်နှင့် ၄၅၅၁ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၄၁၅၇ ကျပ်နှင့် ၄၁၉၂ကျပ်၊ကုလားပဲ (V-7)  ၄၂၇၉ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၀၈၉ကျပ်နှင့် ၄၁၄၂ ကျပ်၊ကုလားပဲ(929)၄၁၇၈ ကျပ်စျေး တို့ဖြစ် သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးပိုမိုရရှိကြောင်း သိရပါသည်။  

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း