Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော အိုးမုန့်ညှင်းရွက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  အိုးမုန့်ညှင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    အိုးမုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။အိုးမုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

      ယခု ဩဂုတ်လဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း အိုးမုန့်ညှင်းရွက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ အသား/ငါးဈေးကွက်

       တနင်္သာရီတိုင်း‌‌ဒေသကြီး၊ မြိတ်မြို့ပေါ်တွင် သြဂုတ်လပထမပတ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းကြောင့် အသား၊ ငါးဈေးနှုန်းများတွင် ပုစွန်ထုပ်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ပုစွန်ထုပ်များကို ငါးလှေလံဈေးများမှတဆင့် ဝယ်ယူရောင်းချ ကြပြီး မြိတ်မြို့ပေါ်ရှိဈေးများတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပုစွန်ထုပ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ‌ရောင်းချသည့်ဆိုင်များမှ ပိုမိုဝယ်ယူကြကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသောဈေးများတွင် ရေချိုပုစွန်ထုပ်ဈေးနှုန်းမှာ အငယ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ရှိပြီး အကြီးတစ်ပိဿာလျှင် (၅၅၀၀၀)ကျပ်ရှိကြောင်း အသား၊ငါးရောင်းချသူများထံမှ သိရှိရပါသည်။  

DOCA(တနင်္သာရီ)

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     မုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။မုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

     ယခုဩဂုတ်လဒုတိယအပတ်အတွင်း ရောင်းချနေသော မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း မုန့်ညှင်းရွက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ ငှက်ပျောသီးဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီတွင် ငှက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ငှက်ပျောသီး အမျိုး အစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေငှက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုးကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချကြပါ သည်။ ငှက်ပျောသီးအမှည့်များကို ဌက်ပျောကြော်များပြုလုပ်၍  မနက်စာအနေဖြင့် လက်ဖက်ရည်များနှင့် စားသုံးကြပါသည်။ ငှက်ပျောသီးအစိမ်းများကို သရေစာငှက်ပျောကြော်ခြောက်များ ပြုလုပ်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။

      ယခုသြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့နယ်ရှိ ငှက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်းသီး တစ်ဖီးလျှင်(၄၅၀၀)ကျပ်ရှိပြီး ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကို အလွန်ပင် အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစားပြီးလျှင် အချိုတည်းစရာအဖြစ် စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆ်အမြစ်နာကျင်ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

       ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာကုန်စည်ဒိုင်မှ ဆီထွက်သီးနှံဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ဆီထွက်သီးနှံဈေးနှုန်းများမှာ မုံရွာကုန်စည်ဒိုင်ဈေးနှုန်းအရ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်( ၈၀၀၀ )၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်( ၇၆၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ( ၁၀၅၀၀၀ )ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ( ၈၅၀၀၀ )၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ( ၂၁၀၀၀၀ )ကျပ်၊ နေကြာ တစ်ပိဿာလျှင် ကျပ် ( ၆၀၀၀ )တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

      မုံရွာမြို့ရှိ သံလမ်းဈေးတွင် ဖရဲသီးများ အရောင်းသွက်နေ

                  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ  သံလမ်းဈေးတွင် ဖရဲသီးများ  ဇူလိုင်လမှ စတင် ဝင်ရောက်လာပြီး အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

     ယခု ဩဂုတ်ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဖရဲသီး‌စျေးနှုန်းများမှာ တစ်လုံးလျှင် (၁၀၀၀-၂၀၀၀) ကျပ်မှ စတင်၍ အလုံးကြီး ၇၀၀၀ ကျပ်၊ အလုံးလတ် ၅၀၀၀ ကျပ်နှင့် အလုံးသေး ၃၀၀၀ ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး  အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိ ကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် နာနတ်သီးများ လှိုင်လှိုင်ရောင်းသွက်နေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်  ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် နာနတ်သီးများ ဇွန်လနောက်ဆုံးပတ်မှ စ၍ သီပေါနာနတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဈေးကွက် အတွင်းတွင် ရောင်းချလျက်ရှိ ကြောင်းသိရသည်။ သီပေါနာနတ်သီးများမှာ မုံရွာမြို့တွင် သာမက၊ စစ်ကိုင်း၊ ရွှေဘို၊ ချောင်းဦး၊ ဘုတလင်မြို့သို့လည့် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

          မုံရွာမြို့သို့ တစ်ရက်လျှင် နာနတ်သီး ကား ၃ စီးမှ ၅ စီးအထိ ဝင်ရောက်နေပြီး တစ်စီးလျှင် နာနတ်သီး အလုံးရေ ၅၀၀၀ ကျော်ပါရှိကြောင်း သိရသည်။ နာနတ်သီးဈေးနှုန်းများမှာ  အလုံးကြီးတစ်လုံးလျှင် ၃၅၀၀  ကျပ်၊ အလတ်တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

   နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

    ယခုဩဂုတ်လဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 မုံရွာမြို့တွင် ရောင်းချနေသော ဖီးကြမ်းငှက်ပျောသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  ဖီးကြမ်းငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    မုံရွာမြို့နယ်ဒေသအတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြ သလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

    ယခုဩဂုတ်လဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာငှက်ပျောတစ်ဖီးလျှင် (၂၈၀၀-၃၅၀၀) ကျပ်ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက် အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း ဖီးကြမ်းငှက်ပျောသီးရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း