Main menu

ဒေသတွင်း ဈေးကွက်ရှိသည့် ကြံ (selection listသွင်းရန်)

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ဧက ငါးသောင်းကျော် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးမှုအနေဖြင့် တောင်ငူခရိုင်နှင့် ပြည်ခရိုင်တွင် အများဆုံး စိုက်ပျိုးပြီး တောင်ငူခရိုင်တွင် စိုက်ဧက နှစ်သောင်းဝန်းကျင်ခန့်နှင့် ပြည်ခရိုင်တွင် သုံးသောင်းဝန်းကျင်ခန့် စိုက်ပျိုးလျက်ရှိပြီး ကြံခုတ်သိမ်း ကာလဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ဒေသတွင်းရှိ သကြားစက်များမှ ဝယ်ယူပေးလျက်ရှိကြောင်း သိရှိရသည်။ သကြားစက်များအနေဖြင့် တောင်ငူခရိုင်တွင် ဖြူးမြို့နယ် ဇေယျဝတီ သကြားစက်၊ အုတ်တွင်းမြို့နယ် ဗောဓီကုန်းသကြားစက်၊ ရေတာရှည်မြို့နယ်တွင် အောင်ချမ်းသာ သကြားစက်နှင့် မြို့လှသကြားစက် လေးစက်ရှိပြီး ပြည်ခရိုင်တွင် ပြည်မြို့နယ် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွ သကြားစက်နှစ်စက်  စုစုပေါင်း သကြားစက် (၆)စက်မှ ဒေသတွင်း စိုက်ပျိုးသည့် ကြံများအား ဝယ်ယူကြိတ်ခွဲကြောင်း သိရှိရပါသည်။

          ယခုနှစ်တွင် တောင်ငူခရိုင် သကြားစက်များမှ ကြံဝယ်ယူရာတွင် ကြံစိုက်တောင်သူများအား ဖြူးမြို့နယ် ဇေယျဝတီ သကြားစက်မှ စိုက်စရိတ် ခုတ်စရိတ် ကြိုတင်ချေးငွေ  ရှစ်သိန်းကျပ်ပေး၍  ဝယ်ယူကြောင်း စိုက်စရိတ်များကြိုတင်ပေး၍ ဝယ်ယူသော်လည်း ဈေးနှိမ်ဝယ်ယူခြင်းမဟုတ်ဘဲ တောင်သူနှင့် စက်ပိုင် အပြန်အလှန်အကျိုးပြုသည့်အနေဖြင့် မိမိစက်ရုံသို့ ကြံရောင်းချနိုင်ရေးအတွက် ကြိုတင်ချေးငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း ဝယ်ယူသည့်ဈေးနှုန်းအနေဖြင့် အုတ်တွင်းမြို့နယ် ဗောဓိကုန်းသကြားစက်၊ ရေတာရှည်မြို့နယ် အောင်ချမ်းသာနှင့် မြို့လှသကြားစက်များကဲ့သို့ ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး (၁၅၅၀၀၀) တစ်သိန်းငါးသောင်းငါးထောင်ကျပ်ဖြင့် ဝယ်ယူပေးပြီး၊ ပြည်ခရိုင် သကြားစက်များမှ ဝယ်ယူရာတွင် ပြည်မြို့နယ် နဝဒေးသကြားစက်မှ စက်ရုံနှင့် မိုင်အနီးအဝေးပေါ်မူတည်၍ တစ်ဧကလျှင် လေးသိန်းကျပ်မှ ခုနှစ်သိန်းကျပ်အထိနှုန်း ပေး၍ သွင်းအားစုအနေဖြင့် ဓာတ်မြေဩဇာတစ်အိတ်နှုန်း ကြိုတင်ပေး၍လည်းကောင်း ဝယ်ယူပြီး ပေါက်ခေါင်းမြို့နယ် အင်ငါးခွ သကြားစက်မှ ဝယ်ယူရာတွင် ဘောင်လုံးစရိတ်အနေဖြင့်  ခင်းသစ် တစ်ဧကလျှင် သုံးသိန်းကျပ်၊ လမိုင်း တစ်ဧကလျှင် တစ်သိန်းငါးသောင်း ကျပ်နှင့် ခုတ်သိမ်းစရိတ် အဖြစ် ကြံတစ်တန်လျှင် သုံးသောင်းကျပ် ကြိုတင်ပေး၍ ဝယ်ယူကြောင်း ပြည်ခရိုင်အတွင်းရှိ သကြားစက်များမှ ကြိုတင်ထောက်ပံ့စရိတ်များ ပံ့ပိုးပေးသော်လည်း ဈေးနှိမ်ဝယ်ယူခြင်းမရှိဘဲ  ကြံတစ်တန်လျှင် (၁၇၀၀၀၀) တစ်သိန်းခုနှစ်သောင်း ကျပ်နှုန်းဖြင့် ဝယ်ယူပေးသဖြင့် ဒေသတွင်းရှိ သကြားစက်များအနေဖြင့် တောင်သူတွက်ခြေကိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူပေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)