Main menu

ပြည်မြို့ရဲ့ လူကြိုက်များတဲ့ မုန့်စင်္ကြာ (သို့မဟုတ်) မုန့်ပန်းခွေ

Powered by Drupal

         မြန်မာ့ရိုးရာမုန့်ပဲသရေစာများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မုန့်တစ်မျိုးကတော့ မုန့်စင်္ကြာ (သို့မဟုတ်) မုန့်ပန်းခွေပဲ ဖြစ်ပါသည်။ မုန့်စင်္ကြာကို ပြည်မြို့တွင်သာမက ပြည်မြို့၏အနီးတစ်ဝိုက်ရှိ နယ်များ၊ ကျေးရွာများတွင်လည်း ဒေသထွက်ကုန်တစ်မျိုးအဖြစ်လည်းကောင်း၊ ဒေသလက်ဆောင် အဖြစ်လည်း နာမည်ကြီးတဲ့ မုန့်တစ်မျိုးဖြစ်ပါသည်။ တချို့အလှူများတွင် မုန့်စင်္ကြာကို အလှူအတန်းများ ပြုလုပ်ရာတွင်လည်း ဧည့်ခံစရာ မျက်နှာပန်းလှတဲ့မုန့်အဖြစ် တည်ခင်းကြ ပါသည်။ မုန့်စင်္ကြာကို အလွယ်တကူလုပ်စားချင်တဲ့သူများအတွက် မုန့်စင်္ကြာလုပ်နည်းလေးကို လည်း တင်ပြပေးလိုက်ပါသည်။ မုန့်စင်္ကြာတွင်ပါဝင်သည့်ပစ္စည်းများမှာ သာကူမုန့်၊ ဂျုံမုန့်၊ ဆန်မုန့်၊ ကြက်ဥ၊ သကြား၊ ဆား၊ နှမ်းဆီ၊ ထုံးရေကြည်၊ နှမ်းဖြူနှင့် နှမ်းနက် နှစ်မျိုးစလုံးကို ရော၍ထည့်ရပါမည်။ နောက်ထက်တစ်ခုကတော့ မုန့်စင်္ကြာပြုလုပ်ရာတွင် ပြုလုပ်ရမည့် မုန့်စင်္ကြာပုံဖော်ပေးမည့် မိုလေးပဲဖြစ်ပါသည်။ ပြည်မြို့ရဲ့ လူကြိုက်များတဲ့ မုန့်စင်္ကြာကို မုန့်ကြာခွက်၊ မုန့်ပန်းခွေဟူ နာမည်မျိုးစုံဖြင့် ဒေသလိုက်၍ အခေါ်အဝေါ် ကွဲပြားမှုများရှိသလို ပါဝင်ပစ္စည်းပေါ်လိုက်၍ အရသာအနည်းအများ ကွဲပြားမှုလည်းရှိပါသည်။ မုန့်စင်္ကြာ ငါးခုလျှင် ကျပ် (၁၀၀၀)၊ လက်ဆောင်ပေးချင်သူများအတွက် ပါကင်လှလှများဖြင့် ထုတ်ပိုးထားတဲ့ အထုတ်လေးများကတော့ မုန့်အခုအရေပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု များလည်းရှိပါသည်။ လက်ရှိ မျက်မှောက်ခေတ်တွင် ဒေသထွက်မုန့်ပဲသရေစာများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် packing လှလှ လေးများဖြင့် ထုတ်ပိုးပြီး ဒေသထွက်ကုန်အဖြစ် ရောင်းချရ၍ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းလုပ်တဲ့ သူများအနေနဲ့ အပိုဝင်ငွေလည်းရ အလုပ်အကိုင် အခွင့်အလမ်းများလည်းရရှိ၍ အဆိုပါ မုန့်စင်္ကြာကို တွင်တွင်ကျယ်ကျယ် ပိုမိုထုတ်လုပ်သင့်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)