Main menu

လက်ပံတန်းမြို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်း   ရောင်းဝယ်လျက်ရှိသောဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက် အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်  ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/  မရှိ  ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာ အပါချီ တစ်အိတ်လျှင် (၁၉၉၀၀) ကျပ်၊ ကြံ့နှစ်ကောင် တစ်အိတ်လျှင် (၂၀၆၀၀) ကျပ်၊ အယ်ဖာ တစ်အိတ်လျှင် (၂၀၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)