Main menu

မုံရွာမြို့တွင် ရောင်းချနေသော အိုးမုန့်ညှင်းရွက် ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  အိုးမုန့်ညှင်းရွက်များ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    အိုးမုန့်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။အိုးမုန့်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

      ယခု ဩဂုတ်လဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း အိုးမုန့်ညှင်းရွက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)