
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် များကိုစိုက်ပျိုးလျက်ရှိပြီး မိုးစပါးလျာထားဧက (၉၈၉၉၃) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်း ယခုနှစ် စပါးမျိုးများ ကို ပျိုးထောင်စိုက်ပျိုးခြင်း ၂၄၂၅ ဧက၊ အစေ့ချ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ၆၀၆၃၁ ဧက ကျဲခင်း ၁၃၀၈၈ ဧက ၊ လည်းကောင်း၊ ကောက်စိုက် ခြင်း ၁၄၅၀၂ ဧက လျာထားဧကပြည့်မီစွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဓနုဖြူမြို့နယ် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်း များဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့အပြင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ခြင်း များ၊ စပါး အထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်း မြင့်မားပြီး အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုး သွားနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးအဖွဲနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတာ ဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)