Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ဈေးနှုန်းကျဆင်းလာသော ကြက်ဆူစေ့

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်ရှိ သီးနှံရောင်းဝယ်ရေးလုပ်ငန်းများရှင်များထံ ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၂၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၄၈၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဝယ်ယူရရှိသော ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Doca (စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သလဲသီးနှင့်ဩဇာသီးဈေးနှုန်းဈေးကွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် ဩဇာသီးများလှိုင် လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့်ဩဇာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး()လုံးလျှင်(၅၀၀)ကျပ်၊ အသေး() လုံးလျှင်(၃၀၀)ကျပ်၊ ဩဇာသီးအကြီး()လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၃၀၀)ကျပ် ()လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးနှင့်ခဆော့သီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

       ၂၀၂၅ခုနှစ်၊ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ ကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့်နတ်ပေးကျေးရွာ၊ ကာဘိုးကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ()ပိဿာ လျှင်(၄၀၀၀)ကျပ်နှင့် ခဆော့သီး()ပြည်လျှင် (၃၈၀၀)ကျပ်၊()ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ပဲတောင့်ရှည်သီးနှင့်ခရမ်းကြွပ်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

             ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်(၅)တောင့်ပါ(၁)စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်(၅)တောင့်ပါ(၅)စည်းလျှင် (၂၅၀၀)ကျပ်၊ ပဲတောင့်ရှည်(၁၀)စည်းပါ(၁)ထုံးလျှင်(၅၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၁)ပိဿာလျှင်(၅၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ အုန်းသီးဈေးနှုန်းဈေးကွက်

            အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲမင်္ဂလာဆောင်နှင့် နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

          ၂၀၂၅ခုနှစ်၊ဩဂုတ်လ တတိယပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၂၅၀၀မှ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှ ဝယ်ယူကြကြောင်း ၊အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)                          

ကန့်ဘလူမြို့ဒေသထွက် ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးဈေးနှုန်းများ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင် (၅၀)ကျပ်၊ ()လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး()လုံး လျှင် (၁၀၀)ကျပ်၊()လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ဝက်အူချောင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါ သည်။

        ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြကြောင်း၊၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၄၅၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ မာလကာသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း၊ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် မာလကာသီးနှင့် ရှောက်ပန်းသီးများကို ရောင်းချလျက်ရှိပါသည်။ မာလကာသီးနှင့် ရှောက်ပန်းသီးများကို နေအိမ် ခြံစည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

         မာလကာသီးနှင့် ရှောက်ပန်းသီးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာဖြစ်အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း မာလကာသီး အကြီး()လုံးလျှင်(၁၀၀၀)ကျပ်၊ ()လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးအသေး()လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်ပန်းသီးအကြီး()လုံးလျှင် (၃၀၀၀)ကျပ်၊ အသေး()လုံးလျှင်(၂၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးမြို့နယူးစီဗွီလိုင်းဈေးပန်းဈေးကွက်

     မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နယူးစီဗွီလိုင်းဈေးပန်းဈေးတွင် ဘုရားပန်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဈေးသည်(၁၀)ဦးခန့်ရှိပြီးအများစုမှာ မန္တလေးမြို့ သီရိမာလာပန်းဈေးမှ ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ပန်းထိမ်မနိုင်အဖြူ(၁၀)ခက်ပါ အကြီးတစ်စီး လျှင်ကျပ်(၄၀၀၀/၅၀၀၀)၊အသေးတစ်စီးလျှင်ကျပ်(၂၅၀၀/၃၀၀၀)၊ ခရမ်းဗေဒါ(၁၀) ပွင့်ပါ တစ်စီး လျှင်ကျပ်(၁၇၀၀/၂၀၀၀)၊ဂန္ဓမာပန်း(လပ်ကီး)အဖြူ တစ်ရိုးတစ်ပွင့်(၁၀)ခက်ပါ တစ်စီးလျှင် ကျပ် (၆၀၀၀/၆၅၀၀)၊သစ္စာပန်းအဖြူ(၅)ခက်ပါတစ်စီးလျှင်ကျပ်(၂၅၀၀)၊အဝါ/အနီတစ်စီးလျှင် ကျပ် (၂၀၀၀)၊နှင်းဆီပန်းအဖြူ/အနီ(၁၀)ပွင့်ပါတစ်စီးလျှင်ကျပ်(၄၀၀၀)၊ အဝါရောင်နှင့်ပန်းရောင် (၁၀) ပွင့်ပါတစ်စီးလျှင်ကျပ်(၃၀၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဘုရားပန်းတင်လှူ သူများအနေဖြင့် ယခုဝါတွင်းကာလတွင်း ပန်းထိမ်မနိုင်ပန်းနှင့်နှင်းဆီပန်းကို လှူဒါန်းမှုများပြား ခြင်းတို့ကြောင့် ဈေးသည်များအတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကြက်ဟင်းခါးသီးဈေးကွက်

      ကြက်ဟင်းခါးသီးသည် အခါးဓါတ်ကိုပေးသော ဟင်းလျာအသီးတစ်မျိုးဖြစ်သည်။ ကြက်ဟင်း ခါးသီးကိုပြုတ်တို့၍ဖြစ်စေ၊ ကြော်ချက်၍ဖြစ်စေ စားသုံးကြပါသည်။ ကြက်ဟင်းခါးသီး၏ အခါးဓါတ်ကိုလျော့ချလိုပါက ဆားနှင့်နယ်၍ချက်ပြုတ်စားရပြီး ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့်ကြက်သားတို့ဖြစ်ပါသည်။ အကြောတက်၍ အော့အန်တက်သည်ဟု လေ့လာသိရှိရသည်။ ကြက်ဟင်းခါးသီးစားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေ ပြီးဝမ်းချုပ်ခြင်း၊ ဆီးချိူ၊ သွေးချိူနှင့် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးနိုင်သည်ဟုသိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါ သည်။ ဈေးကွက်အတွင်း၌ ဗမာကြက်ဟင်းခါးသီး၊ တောကြက်ဟင်းခါးသီး၊ ထိုင်ဝမ်ကြက်ဟင်း ခါးသီးဟူ၍ မျိုးစုံရောင်းချလျက်ရှိသည်။ ယခုမိုးရာသီကာလတွင် တောကြက်ဟင်းခါးသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိပါသည်။ ဗမာကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ထိုင်ဝမ်ကြက်ဟင်းခါးသီး (၂၅)ကျပ်သား လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့တွင်း ထနောင်းပင်ဈေးရှိ ကုန်စိမ်း အရောင်းဆိုင် မှသိရှိရသည်။ 

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း