
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ခရမ်းသီး မျိုးအနေဖြင့် 555 ခရမ်းသီးမျိုးနှင့် အလုံးသေးမြုပ်ခရမ်းကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုး သောကျေးရွာများမှာ သံချပ်ကုန်းကျေးရွာ ၊ ရွာပုလဲကျေးရွာ နှင့် အုပ်ဖိုကျေးရွာများဖြစ်ပါသည် ။ ခရမ်းသီး စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၂လခွဲ ၃လကျော် အချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုမိုလာကြောင်း ၊ (၁)ဧက အထွက်နှုန်း အနေဖြင့် တစ်ပတ်လျှင် အလုံးသေးမြုပ်ခရမ်းမှာ ပိဿာ(၂၅၀-၃၀၀)ခန့် ထွက်ရှိကြောင်း ၊ သက်တမ်းအနေဖြင့် (၄-၅)လခန့် အထိခူးဆွတ်နိုင်ကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့် ပိဿာ(၄၀၀၀-၄၅၀၀)အထိ ထွက်ရှိကြောင်း ၊ ယခုလက်ရှိ မြုပ်ခရမ်းစျေးနှုန်းအနေဖြင့် ဖောက်သည်စျေးမှာ(၁)ပိဿာလျှင်(၇၀၀/-)ကျပ်၊ လက်လီစျေးအနေဖြင့်(၁၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြ
ကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းနှင့်စျေးနှုန်းများ မတူညီ ကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၈၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းများအထိလာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှတဆင့် ကျောက်ဆည်၊ စဉ့်ကိုင်၊မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ စျေးနှုန်းများ ကောင်းမွန်လာပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း မြုပ်ခရမ်းသီး စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရပါသည်။
DOCA(မန္တလေး)