Main menu

“နနွင်းများအောင်မြင်ဖြစ်ထွန်းမှုနှင့်ဈေးနှုန်းအခြေအနေ”

Powered by Drupal

    ကျောက်ဆည်ခရိုင်တွင် စပါး ၊ ပဲ၊ ပြောင်း၊နှမ်း သီးနှံများပြင် စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သောနနွင်းသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် တွင် စိုက်ဧက(၉၉၃)ဧက စိုက်ပျိုပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရ ပါသည်။ နနွင်းသီးနှံကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ နနွင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၅)သိန်းဝန်းကျင် ခန့်ကုန်ကျကြောင်း ၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ သံရွာနှင့်နောင်ခမ်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နနွင်းခင်း များအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ယခုအချိန်တွင် နနွင်းစျေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျင် (၁၁၅၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)