Main menu

ကြက်သွန်ဖြူဈေးများကျလာ

Powered by Drupal

      မန္တလေးမြို့တွင်းသို့ တောင်ကြီးဒေသထွက် ကြက်သွန်ဖြူများဝင်ရောက်မှုများပြားလာ၍ ဈေးနှုန်း များကျလာသည်။ ကြက်သွန်ဖြူမှာ ဗမာဖြူနှင့်ရှမ်းဖြူဟူ၍ နှစ်မျိုးရှိသည်။ ကြက်သွန်ဖြူသည် ဗမာဖြူကို ကြက်သွန်ဖြူကြော်အသုံးပြုကြသည်။ ကြက်သွန်ဖြူသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အလျောက် ဟင်းလျာအမျိုးမျိုးချက်ပြုတ်ရာတွင်သာမက လက်ဖက်နှင့် တွဲ၍စားသုံးကြပြီး မြန်မာ့ပရဆေးပြုလုပ်ရာ တွင်လည်း အသုံးပြုကြသည်။ ယခင်လက ဗမာကြက်သွန်ဖြူများကို အရွယ်အစားလိုက်၍ ယခင်က ၁ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ် စက်တင်ဘာလတွင် အရွယ်အစားလိုက်၍ ၁ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ဈေးအရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)