Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ်တွင် အသားစားကြက်၊ ဥစားကြက်ဥ၊ ဘဲဥများမွေးမြူ၍ ကြက်ဥ၊ ဘဲဥ ဈေးကောင်းရရှိ

               ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးသလို မွေးမြုရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး အကောင်ရေ (၈၆၅၀၀၀) ဥစားကြက်ခြံပိုင်ရှင် ၂၂ဦးနှင့် အသားစားကြက်ခြံ (၁၂၅)ခြံရှိပြီး မွေးမြူအကောင်ရေ (၅၅၀၀၀၀)ကောင် မွေးမြူသူလုပ်ငန်းရှင် (၃၇)ဦးရှိကြပြီး ၎င်းခြံများမှ  ကြက်ဥ၊ ဘဲဥ မြို့နယ်တွင်းနှင့် နီးစပ်ရာမြို့များနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့နေကြောင်းသိရသည်။

                မအူပင်မြို့နယ်အတွင်း ကြက်ခြံမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သည်မှာ  ၂၀၁၅ခုနှစ်က စတင်လုပ်ကိုင်ဆောင်ရွက်လာကြောင်းသိရသည်။ ယနေ့ မအူပင်မြို့နယ်၌ နိုဝင်ဘာလက ကြက်ဥအလုံး ၃၀ တစ်ကဒ် လျှင် ငွေကျပ် ၁၃၀၀၀ကျပ် လက်ကားဈေးရောင်းချပြီး၊ အလုံး ၃၀ပါ ကဒ် ၁၀၀ဈေးကို ငွေကျပ် ၁၃၀၀၀၀၀ကျပ် အထိ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။  ဘဲဥဈေးအနေဖြင့် အလုံး၃၀ပါ တစ်ကဒ် ၁၅၀၀၀ကျပ်၊ အလုံး၃၀ပါ ကဒ်၁၀၀ဈေးနှုန်း ၁၅၀၀၀၀၀ ကျပ်ဈေးပေါက်နေကြောင်း၊ ငုံဥတစ်လုံးလျှင် ၁၀၀ကျပ်၊ အလုံး၁၀၀ကို ၁၀၀၀၀/-ကျပ်ဈေးဖြင့် ရောင်းချကြောင်း အောက်တိုဘာလက  ကြက်ဥ၊ ဘဲဥ ရန်ကုန်သို့ မှာယူသူများထံ လစဉ်တင်ပို့လျက်ရှိကြောင်း ကြက်ဥ၊ဘဲဥဈေး ကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ခြံလုပ်သာများ၊ ကုန်သည်များအဆင်ပြေလာဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်မှ ငါးခေါင်းပွ ပိဿာချိန် ၅၀၀၀၀ ရန်ကုန်သို့တင်ပို့

             ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ၁ ရက်နေ့မှ (၁၈)ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၃၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်ပြောပြ၍ သိရသည်။

            ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ငါးခေါင်းပွပိဿာချိန် ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

              ပန်းတနော်မြို့နယ်တွင် မြစ်ချောင်းနှင့် အင်းအိုင်များမှရော၊ မွေးမြူရေးကန်များမှရော ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ငါးချင်းနှင့် ငါးတန်မွေးမြူကြပြီး ဒေသထွက်ပြည်တွင်းမှာကို ငါးခေါင်းပွက ဝယ်လိုအားများ၍ ဈေးကွက်ရရှိနေကြောင်း၊ ၂၀၂၄ခုနှစ်၊  ဇန်နဝါရီလကထက် ဖေဖော်ဝါရီလအတွင်း ပိဿာချိန် ၃၀၀၀၀ ထိ တင်ပို့‌‌ရောင်းချခဲ့ရပါတယ်။ လက်ရှိငါးခေါင်းပွတွေ ဝယ်လိုအားကောင်းလာလို့ ဒေသတွင်းငါးဖမ်းလုပ်သားများနှင့် မွေးမြူရေးလုပ်ကိုင်သူများ  အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာသည်ဟု ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးသူက ပြောပြသည်။

               ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့်ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ငါးခေါင်းပွများနေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၊ ကွန်နိုင်းလေးကျေးရွာ၌ စိုက်ပျိုးသောဖီးကြမ်းငှက်ပျော ဈေးကောင်းရ

               ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ ကွန်နိုင်းလေးကျေးရွာများတွင် ငှက်ပျောပင်ကိုစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ နှစ်တွင် စိုက်ဧက ၃၇၅၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။

              မျိုးအနေဖြင့် ဖီးကြမ်း ၁ပင်ကို ၂၀၀ ကျပ်နှုန်းဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် အပင်ရေ ၇၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ငှက်ပျောပင်ပေါက်ကိုတန်း၍ ၆ပေခြားကာ မြေချ၍စိုက်ပျိုးကြောင်း၊ ငှက်ပျောကိုရာသီးမရွေးစိုက်ပျိုးနိုင်ပြီး ငှက်ပျောပင်စတင်စိုက်ပျိုးချိန်မှ ၈ လကြာသည့်အခါ ငှက်ပျောခိုင်စတင်ထွက်ရှိပြီး ၁၁လအကြာတွင် ငှက်ပျောခိုင်ခုတ်၍ ရရှိပြီဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ငှက်ပျောခိုင် ၄၈၀ ခန့် ထွက်ရှိကြောင်း သိရသည်။

           ဈေးနှုန်းအနေဖြင့် ယခုနိုဝင်ဘာလ (၁၅)ရက်တွင် ဖီးကြမ်းငှက်ပျောလက်ကားဈေးတစ်ခိုင်လျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် လက်ကားရောင်းချရပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၇၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်းနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြပြီး ယခုဖီကြမ်းပင်စိုက်ပျိုးပြီးလျှင် ၆နှစ်၊ ၇နှစ်ထိ သက်တမ်းခံကြောင်း၊ ၁၅ရက်ခြားတစ်ခါ ငှက်ပျောခိုင် ၄၀ ခန့်ထွက်ရှိကြောင်း ဖီကြမ်းငှက်ပျောစိုက်၍ အကျိုးအမြတ်ရရှိသလို အချို့တောင်သူများ ရွှေငှက်ပျောစိုက်ပျိုးကြပြီး ပိုမို၍အကျိုးအမြတ်ရရှိကြကြောင်း ကွန်နိုင်းလေးကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူ ဦးတင်ငွေပြောပြချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စိုက်ပျိုးနေပြီဖြစ်သော ငရုတ်သီးနှံအစို ဈေးနှုန်း ဈေးကွက်ရရှိနေ

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိမ်းအစို စိုက်ဧက ၁၀ ဧက၊ မအူပင်ခရိုင်အနေဖြင့် ငရုတ်စိမ်းအစို စိုက်ဧက (၆၀)ခန့် နှစ်စဉ်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဒေသတွင်းစားသုံးမှုဖူလုံရေးအတွက် ငရုတ်အစိုကိုစိုက်ပျိုးကြပြီး၊  ငရုတ်အခြောက်သီးနှံကို စီးပွားဖြစ်နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

              လက်ပံဇင်းကျေးရွာ၊ ဓနုဖြူမြို့နယ်တွင် ငရုတ်အစိုစိုက်တောင်သူဦးအောင် စိုက်ဧက ၄ဧက ခန့် စိုက်ပျိုးထားရှိကြောင်း၊ ငရုတ်အစိုသီးနှံကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုး၍ ပြာသိုလတွင် လှိုင်လှိုင်ခူးစွပ်ကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ မြှားနီ၊ မိုးထောင်၊ ငရုတ်ပွ မျိုးကိုစိုက်ပျိုးကြပြီး၊ မျိုး ၁တင်း၊ ၁ပြည် (၅)ဂရမ် ဈေးနှုန်း ၂၆၀၀၀ကျပ် ခန့်ရှိကြောင်း၊ ငရုတ်အစိုမျိုးကို ဟင်္သတဘက်ကဝယ်ယူပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၂၀၀၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း ပိဿာ ၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှာ ငရုတ်အစိုဈေးကောင်းရရှိနေပြီး ဒေသတွင်းပေါက်ဈေးအနေဖြင့် ငရုတ်အစို ၁ပိဿာ ၁၃၀၀၀ ကျပ် ငရုတ် အခြောက် ၁ပိဿာ ၇၀၀၀/-၊ ၈၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဓနုဖြူမြို့နယ်အတွင်းမှ ထွက်ရှိသောငရုတ်အစိုနှင့် အခြောက်များကို ဒေသခံဝယ်လက် (ပွဲစား)များမှဝယ်ယူ၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပဲခူး၊ မန္တလေးမြို့၊ နေပြည်တော်မြို့ သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာတွင် စိုက်ပျိုးနေသောကျောက်ဖရုံ ဈေးကောင်းရ

                ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာများတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံကိုစိုက်ပျိုးနေကြပြီး ကျောက်ဖရုံသီးနှံကိုလည်း စိုက်ပျိုးနေကြောင်းသိရသည်။  ၂၀၂၄-၂၀၂၅ နှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားရှိကြောင်းသိရသည်။

                  ကျောက်ဖရုံမျိုးအနေဖြင့် ကျောက်ဖရုံအစေ့ထုတ်ကို ၁ထုတ် ၈၀၀၀ကျပ်ဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် အပင်ရေနှစ်ပင်ပူး ၈၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဖရုံစေ့ကို တန်ဆောင်မုန်းလပြည့်ရက်ပိုင်းတွင်စတင်၍ မြေပြင်တွင်အစေ့ချစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး ၃လအကြာတွင် အသီးစတင်ထွက်ရှိကြောင်း၊ ၄လအကြာတွင် ကျောက်ဖရုံသီးနှံ အလုံးအရွယ်ကိုကြည့်၍ စတင်ခူး၍ရကြောင်း ၁နေ့လျှင် အလုံးရေ ၂၀ ထွက်ရှိ၍ တစ်ပတ်ကို ၃ရက် ၄ရက်သာခူးရကြောင်း သိရသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါးဖိုး အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကျောက်ဖရုံသီး အလုံးရေ ၁၀၀၀၀ ခန့် ထွက်ရှိကြောင်းသိရသည်။

                 ဈေးနှုန်းအနေဖြင့် ယခုနိုဝင်ဘာလ (၁၄)ရက်တွင် ကျောက်ဖရုံသီးလက်ကားဈေးတစ်လုံးလျှင် ငွေကျပ် ၃၀၀၀ ဖြင့် လက်ကားရောင်းချရပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၀၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်းနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချသည်။ ကျောက်ဖရုံသီးနှံကို ဝါးဖြင့်စင်ထိုးစိုက်ကြသလို၊ မြေပြင်တွင်ချစိုက်ပျိုးခြင်းကပိုမို၍ အကျိုးအမြတ်ရရှိကြောင်းသိရသည်။  ရာသီပေါ်ဒေသစိုက်ပျိုးသီးနှံဖြစ်၍ ယခုနှစ်အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ ယခင်နှစ် ကျောက်ဖရုံသီးဈေးအနေဖြင့် ၁လုံးလျှင် ၁၅၀၀/- ၂၀၀၀/-ကျပ်သာရရှိ၍ ယခုနှစ်အနေဖြင့် ကျောက်ဖရုံသီးတစ်လုံးကို ပြင်ပပေါက်ဈေး ၄၀၀၀ကျပ်ခန့် ရောင်းရကြောင်း အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

နာနတ်သီးစားခြင်း၏ ကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်

     နာနတ်သီးသည် မြေမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ မြေမရွေးဟုဆိုသော်လည်း မည်သည့်မြေတွင် စိုက်စိုက် ‌ရေဝပ်ခြင်းကိုတော့ကြောက်သည်။ နာနတ်သီး၏ သကြားအက်စစ် အချိုးမှာစိုက်ပျိုမြေ၏ အမြင့်ပေပေါ်တွင်လည်း တည်နိုင်သည်။ နာနတ်ပင် ကြိုက်သော အပူချိန်မှာ ၂၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက်နှင့် ၃၆ ဒီဂရီ စင်တီဂရိတ် အထက်ဆိုလျှင် ကြီးထွားနှုန်း ‌‌နှေးကွေးသည်။ တစ်နှစ်လျှင် မိုးရေချိန် ၂၅ လက်မမှ လက်မ၁၀၀ အတွင်း ရွာသွန်းသောဒေသများတွင် စိုက်ပျိုးနိုင်သည်။

    အပင်စိုက်ပြီး (၁၁-၁၂)လအကြာတွင် ပန်းပွင့်ပြီး (၁၅-၁၈)လအကြာတွင် ရိတ်သိမ်းနိုင်သော  အဆင့်ကို ရရှိနိုင်ပါသည်။ ဆောင်းရာသီတွင် ရင့်မှည့်သော အသီးများမှာ အချဉ်ဓာတ်များပြီး စည်သွတ်ရန်အတွက်ဖြစ်လျှင် ကြီးထွားဆဲ အသီး၏အခြေတွင် အရောင်အနည်းငယ် ပြောင်းလျှင် ရိတ်သိမ်းနိုင်ပါသည်။  နာနတ်သီးသည် အမျှင်ဓာတ်‌‌‌၊ ရေဓာတ် ပါဝင်မှုများပြီး  ဘရိုမီလိန်း ပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်း၊  ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်းအပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

          ယခုအခါ ထားဝယ်မြို့ရှိ အသီးဆိုင်များတွင် နာနတ်သီးစျေးကောင်းလျက်ရှိရာ အကြီးတစ် လုံးလျှင်(၃၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၅၀၀)ကျပ် စျေးနှုန်းအသီးသီး ရှိကြောင်း သိရှိရပါသည်။

နံနံပင်ကောင်းကျိုးနှင့်စျေးနှုန်းစျေးကွက်

    မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆာလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့ တွင်လည်း တွဲဖက်အသုံးပြုကြသည်။ ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ စျေးကြီးပေသည်။ နံနံပင်အစေ့ကိုမစိုက်ခင် ရေတွင် (၂၄)နာရီကြာအောင် စိမ်ပြီးလျှင် ဆယ်၍ စစ်ထားရမည်။ ရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင် တင်၍ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန်အတွက် အသာအယာ လှိမ့်ပေးရန်လိုအပ်ပါသည်။ စစိုက်ပြီး တစ်ပတ်မှ(၁၀)ရက်အတွင်း အပင်ပေါက်လာပြီး (၄၅)ရက်သားမှစ၍ နှုတ်ယူစားသုံးခြင်း ရောင်းချခြင်းများ ပြုလုပ်နိုင်သည်။

          နံနံပင်တွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိနှင့် ဗီတာမင်အေဘီစီ တို့ပါဝင်ပါသည်။ နံနံပင်သည် နို့ထွက်စေနိုင်သော်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ စားသုံးရန် သင့်တော်သည်ဟု အထောက်အထားမရှိသည့်အတွက် ထိုသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ စားသင့်ပါသည်။ ယခုအခါ ထားဝယ်စျေးကွက်၌ နိုဝင်ဘာလ ဒုတိယပတ်အတွင်း နံနံပင်စျေးကောင်းလျက်ရှိပြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ငှက်ပျောသီး ကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်

     ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြားပေါက်ရောက်သည်။ တစ်နှစ်ခံအပင်မျိုးဖြစ်၍ ရှည်ဖားဖားအရွက်ကြီးများရှိသည်။ငှက်ပျောပင် တစ်ပင်တွင် ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကို ခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက်ငယ်များ ဖြာထွက်လာ၍ ထိုးသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်ပြီး စိုက်ပျိုးလေ့ရှိကြသည်။ ငှက်ပျောပင်သည် အပင် (၁၂)လမှ(၁၈)လ အထိရောက်မှသာ အသီးများစတင်ထွက်လာသည်။ ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံတစ်ခုစတင်ထွက်ပေါ်လာပြီး ထိုငှက်ပျောဖူးတံတွင် အသီးလေးများသည် အပွင့်အဖတ်များ ဖြစ်လာ၍ အပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများဖြစ်လာသည်။

    ငှက်ပျောသီးတွင် ရေဓာတ် ၇၅ရာခိုင်နှုန်းပါဝင်ပြီး အသီးတွင်ပါရှိသော ကစီဓာတ်သည် အသီးမှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာတွင်  အလွန်အနှစ် အရသာ နှင့် ပြည့်စုံသည်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။

    ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ငှက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။ ငှက်ပျောတွင်  သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့်အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့်နှင့်  ရွှေငှက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(တနင်္သာရီ)

ကြက်သွန်ဖြူကောင်းကျိုးများနှင့်စျေးနှုန်းစျေးကွက်

     မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကိုရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိူးသည်။ ကြက်သွန်ဖြူကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စတင်စိုက်ပျိုးကြသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးပြီး သက်တမ်း(၄)လကြာသည်။ ကြက်သွန်ဖြူသည် ဆီးချိုသွေးချိုရောဂါ၊  နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါနှင့် အအေးမိခြင်းများကို ကာကွယ်ပေးပါသည်။ ကြက်သွန်ဖြူသည် ဆီး၊ဝမ်းကိုရွှင်စေသည့်အပြင် သွေး၊ သည်းခြေကို တိုးပွားစေနိုင်ပါသည်။

ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကြက်သွန်ဖြူ(ကြူဂုတ်) စျေးနှုန်းမှာ (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိပြီး၊ (ရှမ်းစ) (၁)ပိဿာလျှင် ၁၉၀၀၀ ကျပ်ရှိကြောင်း ကုန်စုံအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မတ်ပဲဈေးနှုန်းအနည်းငယ်ကျ၍ အရောင်းအဝယ်အေးနေ

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ဒုတိယပတ်အထိ အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာလဈေးနှုန်းများထက် အကျဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိှိရသည်။

           ယခင်အောက်တိုဘာလ တတိယပတ်တွင် ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၁၂၁၅၀၀ကျပ်မှ ၁၂၃၀၀၀ကျပ်) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလ စတုတ္တပတ်တွင် (၁၂၆၀၀၀ကျပ်မှ ၁၂၁၅၀၀ကျပ်)ထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားသည် ကိုတွေ့ရပါသည်။

           ယခုနိုဝင်ဘာလ ပထမပတ် အဖွင့်ဈေးမှာလည်း ဆက်လက်ကျဆင်းလျက်ရှိပြီး ပိဿာ (၂၀)ဝင်တစ်တင်းလျှင် (၁၂၁၅၀၀ကျပ်မှ ၁၂၂၀၀၀ကျပ်) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၁၂၀၅၀၀ကျပ်မှ ၁၂၁၀၀၀ကျပ်) ဖြင့်ရောင်းဝယ်မှုရှိနေပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း