Main menu

  မန္တလေးစျေးကွက်တွင် ခရမ်းချဉ်သီးစျေးအနည်းငယ်ကျဆင်း

Powered by Drupal

             မန္တလေးစျေးကွက်သို့ မိုးရာသီအတွင်း   ခရမ်းချဉ်သီးဝင်ရောက်မှု  များပြားသည့်အတွက် စျေးနှုန်းအနည်းငယ်ကျဆင်းမှုရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ကိုင်းတန်းစျေးရှိခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်းလက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစားခွဲခြားရောင်းချလျှက်ရှိပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း   ဖြစ်ပေါ်လျှက်ရှိသော   ခရမ်းချဉ်သီးလက္ကားစျေး အနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ ကျပ်နှင့်၆၀၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခရမ်းချဉ်သီးစျေးမှာ သြဂုတ်လပေါက် စျေးနှင့်နှိုင်း ယှဉ်ပါက အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)