Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခဆော့သီးကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ခဆော့သီး တစ်ပြည်လျှင်(၃၂၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး အသေး တစ်တောင့်လျှင် (၁၀၀၀)ကျပ်နှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျုံပျော်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော မီးဖိုချောင်သုံးပစ္စည်းဈေးနှုန်းများ

           ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇူလိုင်လ စတုတ္တပိတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံမီးဖိုချောင်သုံးစားသောက်ကုန် ဈေးနှုန်းအများစုသည် ပုံမှန်အတိုင်းဈေးနှုန်းတည်ငြိမ်စွာ ရောင်းချလျက်ရှိပါသည်။

          အဆိုပါ မီးဖိုချောင်သုံးစားသောက်ကုန်ဈေးနှုန်းများ အနက်မှ ငရုတ်ခြောက်နှင် အာလူးဈေးမှာ အနည်းငယ် မြင့်တက်နေပါသည်။ ယခင် ငရုတ်ခြောက် လက်ကားဈေးနှုန်းမှာ (၉၅၀၀) ကျပ်၊ ယခု ဈေးနှုန်းမှာ (၁၀၀၀၀) ကျပ်နှင့် ယခင် အာလူး ဈေးနှုန်းမှာ (၅၃၀၀) ကျပ်၊ ယခု အာလူးဈေးနှုန်းမှာ (၅၆၀၀) ကျပ်နှုန်းဖြင့်  အနည်းငယ် ဈေးနှုန်းမြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဈေးကွက်အတွင်းဝင်ရောက်လာတော့မည့် ထောပတ်သီး”

   မြန်မာနိုင်ငံ သစ်သီးဝလံနှင့်ပန်းမာန်မှာဆိုလျှင် ထောပတ်သီး အမျိုးအစားသည်လည်း နေရာ တစ်ခုရလာကာ လူအများစားသုံးကြသည်ကို တွေ့ရှိရပါသည်။ မိရိုးဖလာမျိုးဖြစ်သည့် မြောက်ကျွန်းသူ ထောပတ်မျိုးလည်းရှိသလို ၊ နိုင်ငံခြားမျိုးဖြစ်သည့် Pinkerton၊ Hass တို့သည် နာမည်ကြီး လူကြိုက်များပြီး အခြားနိုင်ငံခြားမျိုးများစွာလည်း ရှိသေးကြောင်း၊ ယခင်နှစ်များဆီက ထောပတ်သီးကို အိမ်ခြံဝန်း များသာ တွေ့ရှိရပြီး ယခုချိန်ခါ ထောပတ်စိုက်ဧကများလည်းများစွာ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ထောပတ်သီးစိုက်ပျိုးခြင်းကို စိတ်ပါဝင်စားသူများလည်း မျိုး၊ အပင်စိုက်ခြင်းများကို ဝန်ဆောင်မှု ပေးနေကြောင်း၊ ပြင်ဦးလွင်ထောပတ်သီး အစုအဖွဲ့နှင့် ဆွေးနွေးမှုအရ သိရှိရပါသည်။ ယခင်နှစ် ထောပတ်သီးများကို (၃)လုံး 1 kg နှင့်(၅)လုံး 1 kg လျှင် (၅၀၀၀-၈၀၀၀)ကျပ် ရရှိခဲ့ပြီး၊ ယခုနှစ်မှာလည်း ဈေးနှုန်းမြင့်မားစွာရရှိပြီး အရည်အသွေးကောင်း ထောပတ်သီးရရှိဖို့ အားထည့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပုသိမ်မြို့ရှိဈေးကွက်ထဲတွင် ဈေးကောင်းရရှိနေသော မန်ကျီးသီးစိမ်းလေးများ ဈေးနှုန်းအကြောင်း

  မိုးဦးကာလပေါ်ဦးခါစ မန်ကျီးသီးစိမ်းအသေးလေးများမှာ ဈေးကွက်အတွင်းဈေးကောင်းရရှိလျက်ရှိပါသည်။ မန်ကျီးပင်သည် နှစ်ရှည်စိုက်ပျိုးရသော အပင်လည်းဖြစ်ပါသည်။ မန်ကျီးသီးစိမ်းများကို ငပိကြော်စား   ရာတွင်လည်းကောင်း၊ ငပိနှင့်ရောယှက်၍ ထောင်းစားရာတွင်လည်းကောင်း အသုံးပြုချက်ပြုတ်စားသောက်ကြသည်။ တချို့မှာပုဇွန်နှင့်ရော၍ ကြော်စားကျပါသည်။ ယခုအခါတွင် ဈေးကွက်အတွင်းတွင် မန်ကျီးသီးစိမ်း ကလေးများ ၁၀ကျပ်သားလျှင် (၁၈၀၀- ၂၀၀၀) ကျပ်ထိရှိကြောင်း ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေ‌သူများထံမှ  သိရှိရကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ပုသိမ်မြို့တွင်းရှိ ရာသီစာဖြစ်သော ကတက်ဥ ဈေးကွက်အကြောင်း

      မိုးဖြိုင်ဖြိုင်ရွာပြီးစိုစွတ်တဲ့ ရာသီမှာထွက်ပေါ်တဲ့ရာသီစာ ကတက်ဥကို လူတော်တော် များများ မြင်ဖူးကြမှာပါ။ အဖျားမှာဖြူဖွေးပြီး လုံးလုံးတုတ်တုတ်အရွယ်ရှိပြီး၊ သွယ်လျလျပုံစံ လည်းရှိပါသည်။ ကတက်ဥကို ပုသိမ်မြို့အနီးဝင်းကျင်ရှိရွာများတွင်လည်း စိုက်ပျိုးကြပါသည်။ ကတက်ဥကို သင်္ဘောဥ ဟုလည်းတချို့ကခေါ်ဆိုကြသည်။ ကတက်ဥကို ဟင်းချိုချက် သောက်ရာတွင် ခံတွင်းရှင်းလင်းစေပြီး ထမင်းလည်းမြိန်စေပါသည်။ တချို့မှာ ပုဇွန်နှင့်ရော၍ ချက်ပြုတ်ကြပါသည်။ ကတက်ဥ အရွယ် အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါသည်။အသေး တစ်ဥလျှင်(၇၀၀) ကျပ်၊ အလတ်တစ်ဥ လျှင် (၁၅၀၀)ကျပ်နှင့် အကြီးတစ်ဥလျှင်(၂၀၀၀)ကျပ်ရှိကြောင်း ရောင်းချသူထံမှ သိရပါသည်။

(Doca ဧရာဝတီ)

“စဉ့်ကိုင်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၁၅၈၄) ဧကစိုက်ပျိုးခဲ့ပြီး(၁၀၁၄) ဧကရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုး များကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြကြောင်း ယခုအချိန်တွင် လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၄၀၀-၄၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊

   ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးအစို တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ ငရုတ်သီးခြောက် အညှာပါတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီး ခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက ကကျိုးအမြတ်အနေဖြင့်(၂၁၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ကြောင်း ၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြကြောင်း ၊  ပွဲစားများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ငရုတ်စိုက်ပျိုးခြင်း ဖြင့် အပိုဝင်ငွေရရှိသည့်အပြင် မိသားစုစားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်၏ နွေနှမ်းများရိတ်သိမ်းပြီးစီး”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် ဆီထွက်သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် တွင်(၄၄၂၀၆)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည်။ နွေနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုး ရကြောင်း(၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ယခုအချိန်တွင် နှမ်းဖြူတစ်တင်း လျှင်(၁၂၂၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရှိရပါသည်။(၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ ပြီးအကျိုးအမြတ်အနေဖြင့်(၈၇၀၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း နွေနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

 

မြိတ်မြို့ပေါ်တွင် ပန်းဂေါ်ဖီဈေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စမ်းချောင်းကုန်စိမ်းဈေးကွက်သို့ ၂၀၂၅ခုနှစ် ဇူလိုင်လပထမပတ်တွင် ပန်းဂေါ်ဖီများဝင်ရောက်မှုနည်းပါးသောကြောင့် ဈေးများအနည်းငယ်မြှင့် တက်နေကြောင်းသိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့် ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဝင်ရောက်လျက်ရှိပြီး အ‌ရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ် ကာ ပန်းဂေါ်ဖီစိမ်းများမှာ နူးညံ့မှုပိုသည့်အတွက် ဈေးပိုရကြောင်း သိရှိရပါသည်။

    မြိတ်မြို့ကုန်စိမ်းဈေးကြီးအတွင်း ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်များတွင် ပန်းဂေါ်ဖီ စိမ်းများမှာ အရွယ်အစားအလိုက် ဈေးအနည်းငယ်ကာခြားမှုများရှိပြီး တစ်ပွင့်လျှင် (၄၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်အငြိမ်းစားများအား စားအုန်းဆီများဖြန့်ဖြူးရောင်းချခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်အငြိမ်းစားများအား ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် လစဉ်စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ  ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက်(၀၆:၀၀) နာရီအချိန်တွင် ဆီကုန်သည်ကြီးများအသင်းမှ ခရမ်းမြို့နယ်သို့ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစားဝန်ထမ်း (၁)ဦးလျှင် စားအုန်းဆီ (၂.၅၅)ပိဿာ (၁)ဗူးနှုန်းဖြင့် ဆီဗူးပေါင်း( ၉၂၀)ဗူးခန့်ကို မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အသင်းအဖွဲ့ဝင်ကိုယ်စားလှယ်များက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း