Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

              သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခု တစ်ပတ်(၂၅.၇.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၃၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၁၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၃၅၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်)   တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၂၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၆၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၆၈၅ ကျပ်၊ ဒီဇယ်အဆင့်မြင့် ဈေးနှုန်း တစ်လီတာမှာ ၃၃၃၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်) နှင့် ဒီဇယ်(ရိုးရိုး)မှာ ဈေးနှုန်း အနည်းငယ်မြင့်တက်နေပြီး ဓါတ်ဆီ(အဆင့်မြင့်)နှင့် ဓါတ်ဆီ(ရိုးရိုး)မှာ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့ရဲ့မျှစ်ဈေးကွက်

      ယခုလိုမိုးရာသီအချိန်တွင် တောထဲ၊ တောင်ထဲ၌ မျှစ်(ခေါ်)ဝါးအစို့ပေါက်များ ထွက်ပေါ်လာ နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိ ဝါးတောရှိသော ကျေးရွာများတွင် မျှစ်အစို့ပေါက်များ ထွက်ပေါ်လာ၍ ပြည်မြို့ရှိ ဈေးများသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ မျှစ်ကို ချက်ချင်းချိုး၍ မျှစ်စပ်၊ မျှစ်ပြုတ်စားသုံးနိုင်သကဲ့သို့ ကြာရှည်ခံအောင် မျှစ်ချဉ်၊ မျှစ်ခြောက်များ ပြုလုပ်၍လည်း စားသုံးကြပါသည်။ ပေါ်ကာစတွင် လူအချို့က ဝယ်ယူစားသုံး ကြသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ ပါသည်။ နောက်ပိုင်း မျှစ်များ အထွက်လှိုင်လာချိန်တွင် ဈေးများပေါ်လာသဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးကြပါသည်။ ဝါးအမျိုးမျိုးရှိသလို မျှစ်အမျိုးမျိုးလည်းရှိပြီး စားသုံးနိုင်သော မျှစ်မှာ အနည်းငယ်သာရှိပြီး ဝါးပိုးမျှစ်ကို အဓိကထား၍ စီးပွားဖြစ်ထုတ်လုပ်‌ရောင်းချကြပါသည်။ ဝါးပိုးမျှစ်ကို နှစ်စဉ်မိုးရာသီဖြစ်သော မေလမှ စ၍ စက်တင်ဘာလအထိ ထွက်ပေါ်လျက်ရှိပြီး ယခုပြည်ဈေးကွက်သို့ ယခုအချိန် ဇူလှိုင်လလယ်နှင့် နောက်ဆုံးပတ်မှ စ၍ မျှစ်စပ်၊ မျှစ်ချိုများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ မျှစ်သည် လူအားအကျိုးပြုယုံသာမက မိသားစုစားသုံးရန် ဖူလုံဖို့အတွက် သဘာဝကဖန်တီးပေးသော ရာသီပေါ် သီးနှံတစ်မျိုးဖြစ်ပါသည်။ မျှစ်တွင် အာဟာရဓါတ်များစွာ ပါဝင်ပါသည်။ မျှစ်ကို အမျိုးမျိုးလုပ်၍ စားသုံးနိုင်ပြီး ငပိရည်နှင့်တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာတို့ ပြုလုပ်ကြပြီး မျှစ်ချဉ်ကိုလည်း ဝက်သား၊ ကြက်သား၊ ငါးတို့နှင့်ရော၍ အရည်သောက်ချက်စားကြသလို မျှစ်ခြောက်ကို အခြောက်လှမ်းထားပြီး စားချင်မှ ရေနွေးဖျော၍ သုပ်စားကြပါသည်။

          ပြည်မြို့ရှိ ဈေးများထဲတွင် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ပျင်းပင်ကိုင်းရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ရွာများမှ မျှစ်များချိုးယူ၍ ရောင်းချကြပါသည်။ မျှစ်၏သဘာဝအရောင်းမှာ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကို ပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင်ဖြစ်ပြီး စားသုံးသူများအနေဖြင့် သဘာဝအရောင်ကို ရွေးချယ်၍ ဝယ်ယူသုံးစွဲ သင့်ပါသည်။ ‌ရောင်းချသူများအနေဖြင့်လည်း မျှစ်ကို ရောင်းတန်းဝင်အောင် သဘာဝ အရောင် မဟုတ်ဘဲ ဓါတုဆိုးဆေးများကို အသုံးမပြုဘဲရောင်းချလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝမှာ ဘဲဖြစ်ပါသည်။ ယခုအချိန်တွင် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစားများမှာ မျှစ်စပ်နှင့် မျှစ်ချိုများ ဖြစ်ပါသည်။ မျှစ်စပ်ဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် မျှစ်ချိုမှာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ပြည်မြို့ရှိဈေးများတွင်ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးကွက်၌ပစ္စည်းလက်ကျန်များ

     ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံမှာ ဇူလိုင်လနောက်ဆုံးပတ်တွင်ဒေသတွင်း လက်လီအဝယ်သများနှင့်သာ ရောင်းဝယ်လျက်ရှိပြီး ပန်းတောင်း(ဥသျှစ်ပင်)နှင့်ပေါင်းတည် ၊နတ္တလင်း ဘက်မှ အိတ်ဆွဲဝယ်ရောင်းသမားများမှ အဝယ်နည်းနေသဖြင့် အရောင်းအဝယ်မှာ ပုံမှန် ထက် နည်းနေ ပါသည်။ ဝင်ရောက်မှုမှာ ရေနံချောင်း၊ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်း၊ အောင်လံတို့ ဘက်မှ ပုံမှန် အဝင်ရှိနေပြီး ဇူလိုင်လနောက်ဆုံးပတ်အတွင်း ပိဿာချိန် (၂၂၀၀၀)ခန့် အဝင်ရှိနေ သည့်အတွက် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီလက်ကျန် များပြားလျက်ရှိနေကြောင်းသိရသည်။ ပြည်ဈေး ကွက်တွင် ရောင်းဝယ်လျက်ရှိခဲ့သောကြက်သွန်နီသီးနှံ၏ ယခုနှစ် ဆောင်းကြက်သွန်နီ အသစ် ပေါ်ချိန်မှစ၍ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းတွေ့ရှိရပါသည်။

ရေတွက်ပုံ ၁ပိဿာ/ကျပ်

စဉ်      အမျိုးအစား              ၂၀၂၅            ၂၀၂၅            ၂၀၂၅            ၂၀၂၅            ၂၀၂၅                                         မတ်              ဧပြီ               မေ               ဇွန်               ဇူလိုင် 

၁။      ကြက်သွန်နီ(ကြီး)

လက်ကား               ၂၆၀၀            ၂၂၀၀            ၁၇၀၀           ၁၆၀၀           ၁၆၀၀

ကြက်သွန်နီ(ကြီး)

လက်လီ                  ၃၀၀၀           ၂၅၀၀            ၂၁၀၀            ၂၁၀၀            ၂၁၀၀

၂။       ကြက်သွန်နီ(လတ်)

လက်ကား               ၂၄၀၀            ၂၀၀၀            ၁၆၀၀           ၁၅၀၀           ၁၅၀၀

ကြက်သွန်နီ(လတ်)

လက်လီ                  ၂၇၀၀           ၂၃၀၀            ၂၀၀၀            ၂၀၀၀            ၁၉၀၀ 

၃။      ကြက်သွန်နီ(သေး)

လက်ကား               ၂၂၀၀            ၁၈၀၀           ၁၄၀၀           ၁၃၀၀           ၁၂၀၀

ကြက်သွန်နီ(သေး)

လက်လီ                  ၂၃၀၀            ၂၀၀၀            ၁၈၀၀           ၁၇၀၀           ၁၆၀၀

၄။      ကြက်သွန်နီ(သေးဆုံး)

လက်ကား               ၁၉၀၀           ၁၅၀၀            ၁၂၀၀            ၁၁၀၀           ၁၀၀၀

ကြက်သွန်နီ(သေးဆုံး)

 လက်လီ                 ၂၀၀၀            ၁၇၀၀           ၁၃၀၀           ၁၂၀၀            ၁၁၀၀

DOCA(ပဲခူး)

ပြည်ခရိုင်နွေစပါးဈေးကွက် ဈေးမြင့်တက်ခြင်းနှင့်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

      ပြည်ခရိုင်တွင်ယခုနှစ် ၂၀၂၅-၂၀၂၆ တွင်နွေစပါးစိုက်ဧက (၃၆၅၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ ပါသည်။ အထွက်နှုန်းအနေဖြင့် (၁၁၂)တင်းထွက်ရှိပြီး နွေစပါးစတင်ထွက်ပေါ်ချိန်တွင် စပါးတင်း (၁၀၀)လျှင် (၁၀၅၀၀၀၀)ကျပ်ဈေးဖြင့် အစိုဓာတ်ပေါ်မူတည်၍ ဈေးနှင့်ဝယ်ယူခဲ့ပြီး ယခုဇူလိုင်လ တွင်နွေစပါးမှာ အစိုဓာတ်နည်းပါးလာခြင်း၊ စပါးလက်ကျန်နဲလာခြင်းကြောင့် စပါးဈေးမှာ (၄၆)ပေါင် တင်း (၁၀၀)လျှင် (၁၂၈၀၀၀၀)ကျပ်ထိ ဈေးမြင့်တက်လာပါသည်။ နွေဆန်ဈေးမှာ (၁၀၈) ပေါင် ဆန်တစ်အိတ်လျှင် ဧည့်မထ ဆန်(၅၅၀၀၀)ကျပ်မှ (၆၃၅၀၀)ဖြင့် အရောင်းအဝယ် ရှိပါသည်။ ပြည်ခရိုင်အတွင်းတွင် မိုးစပါးများ စတင်စိုက်ပျိုးနေပြီး ဇူလိုင်လအထိ စိုက်ပျိုးပြီးစီးမှုဧက (၁၃၄၆၀၀)ဧကရှိပါသည်။ ပြည်ခရိုင် အနေဖြင့် မိုးစပါးထက်နွေစပါးမှာ အထွက်နှုန်းပိုမို ထွက်ရှိသော်လည်း ဆည်ရေရရှိသော ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်တို့တွင် သာစိုက်ပျိုးနိုင်ပါသည်။ မိုးစပါးအနေဖြင့် ဆင်းသုခ၊ ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီစပါး (၁၀)မျိုးအစား မျိုးစေ့များကိုစာ အဓိကစိုက်ပျိုးပြီး နွေစပါးအနေဖြင့် ရက်(၉၀)စပါး၊ RT-85 စပါးမျိုးကိုသာ စိုက်ပျိုးပါသည်။ ဈေးကွက်အနေဖြင့် နွေစပါးဈေးမြင့်တက်ခဲ့သော်လည်း နွေဆန်ဈေးမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ပဲဈေးကွက်တွင် စားတော်ပဲ၊ ကုလားပဲနှင့် ပဲကြီးဈေးများမြင့်တက်လာ

      ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် စားတော်ပဲ၊ ကုလားပဲလုံးနှင့် ပဲကြီးသီးနှံဈေးများမှာ မြင်တက်လာခဲ့ပါသည်။ ယခင်မေလတွင် စားတော်ပဲတစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ ဇွန်လတွင် (၁၇၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ဇွန်လတွင် တစ်တင်းလျှင် (၅၅၀၀)ကျပ် ဈေးမြင့်တက် လာခဲ့ပါသည်။ ယခုအပတ်ဖြစ်သော ဇူလိုင်လနောက်ဆုံးပတ်တွင် စားတော်ပဲတစ်တင်းလျှင် ၁၉၀၀၀၀-၁၉၅၀၀၀ကျပ်ဖြင့် ရောင်းချနေသဖြင့် ပဲဈေးမှာ ဆက်လက်မြင့်လာတာတွေ့ရပါသည်။ ထိုအတူ ကုလားပဲဈေးမှာလည်း ယခင်မေလတွင် တစ်တင်းလျှင် (၉၁၀၀၀)ကျပ်၊ ဇွန်လတွင် (၉၂၀၀၀)ကျပ်ဖြစ်ခဲ့၍ ဇွန်လတွင် တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပါသည်။ ကုလားပဲဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်သဖြင့် ယခင်လထက်စာလျှင် ယခုလမှာ တစ်တင်းလျှင် (၃၀၀၀)ကျပ်ခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ပဲကြီးဈေးမှာလည်း မေလတွင် တစ်တင်းကို (၈၀၀၀၀)ကျပ်၊ ဇွန်လတွင် တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင်လ၏ နောက်ဆုံးအပတ်တွင် တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသဖြင့် တစ်လထက် တစ်လဈေးမြင့်လာတာတွေ့ရပါသည်။

     ပြည်ဈေးကွက်တွင် အဆိုပါပဲ(၃)မျိုးဈေးမြင့်လာရခြင်းမှာ မြို့တွင်းအဝယ်ရှိ၍ တစ်ရက်လျှင် အိတ်(၃၀၀ မှ ၅၀၀)အထိ အရောင်းအဝယ်ဖြစ်၍ ဝယ်လိုအားများ၍ ဈေးမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရပါသည်။ ပဲကြီးနှင့် ကုလားပဲမှာ မြို့တွင်းခွဲစက်သမားများက ဝယ်ယူမှုရှိခြင်း၊ စားတော်ပဲကို မြို့တွင်းလက်လီသမားများက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်မှာ နေ့စဉ်ဖြစ် လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့သောအခြေခံစားကုန်နှင့် သားငါးဈေးနှုန်း

     ပြည်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်(ရိုးရိုး)အသစ် တစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ စားသုံးဆီများဖြစ်သည့် ပဲဆီ(ရှယ်)တစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ နှမ်းဆီ(ရှယ်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀-၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကုလားပဲခွဲခြမ်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက် အပွ(ရှည်)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဈေးရှိပါသည်။

     သား/ငါးဈေးနှုန်းများအနေဖြင့် ကြက်သား(စီပီ) အကောင်လိုက်ဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်း အကောင်သေး တစ်ပိဿလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဈေးရှိပါသည်။ ကြက်ဥဈေးနှုန်းများအနေဖြင့် ဆိုဒ်ကြီး တစ်လုံးလျှင် (၄၅၀)ကျပ်၊ ဘဲဥဆိုဒ်ကြီးတစ်လုံးလျှင် (၆၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့ရှိ ပွဲရုံများ၏ ပဲကြီးနှင့် စားတော်ပဲဈေးနှုန်း

      ပြည်မြို့ရှိပွဲရုံများ တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲကြီးနှင့် စားတော်ပဲ (ကျွန်း)သီးနှံဈေးမှာ ကောင်းမွန်နေပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြည်ပတ်ဝန်းကျင်ရှိ ကံမ၊ ပန်းတောင်း၊ မင်းတုန်းမြို့များမှ ပဲများကို ပြည်ပွဲရုံများသို့ လာရောက်ရောင်းချကြပါသည်။

     ဇူလိုင်လ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၂၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၉၂၀၀၀)ကျပ်၊ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၂၀၀/၂၅၀)ခန့် ရှိခဲ့ပါသည်။ ဇူလိုင်စတုတ္တပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ (၂၅၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

     ပြည်ပွဲရုံများတွင် ဇူလိုင်လပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၇၅၀၀၀) ကျပ် ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၂၅)အိတ်ခန့် အရောင်းအဝယ်ရှိပါသည်။ ဇူလိုင်ဒုတိယပတ် တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၇၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၅) ခန့်ရှိခဲ့ပါသည်။ တတိယပတ်တွင် စားတော်ပဲဈေးမြင့်လာပြီး တစ်တင်းကို (၁၉၀၀၀၀-၁၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၂၅)အိတ်ခန့် အဝယ်ရှိပါသည်။ ဇူလိုင်စတုတ္ထပတ်တွင် ပဲဈေးအေးနေပြီး ပဲတစ်တင်းကို (၁၉၀၀၀၀-၁၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၂၅)အိတ်ခန့် အဝယ်ရှိကြောင်း သိရှိရပါသည်။

    ပြည်ပွဲရုံများတွင် ပဲကြီးနှင့် စားတော်ပဲ အရောင်းအဝယ်သည် မြို့တွင်းသာရှိပြီး ပဲဈေး အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်စတုတ္ထပတ် ယခင်နှစ်နှင့် ယခုနှစ်ပဲဈေးနှုန်းအခြေအနေ

      ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲသီးနှံများမှာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ် ဇူလိုင်လတွင် မတ်ပဲဈေးနှုန်းအေးနေပြီး ပဲတစ်တင်းကို (၉၅၀၀၀-၉၅၅၀၀-၉၆၅၀၀)ကျပ်ဖြင့် ဈေးနှုန်းအေးလျက်ရှိနေခဲ့ပါသည်။ ဇူလိုင်စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၉၆၅၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် (၂၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၉၀၀၀-၁၀၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် မတ်ပဲဈေးကိုကြည့်လျှင် ယခင်နှစ်ဈေးကပိုမိုမြင့်နေခဲ့ကြောင်း သိရှိရပါသည်။

ပဲစင်းငုံ

          ယခုနှစ် ဇူလိုင် စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၈၇၀၀၀-၈၈၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ်(၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၁၃၆၆၀၀-၁၃၇၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၂၀၀)ခန့်အရောင်းအဝယ်ရှိပါသည်။ ယခင်နှစ်ပဲစင်းငုံတစ်တင်းဈေးက ယခုနှစ်ထက် ပိုမိုကောင်းမွန်ခဲ့ပါသည်။ ပဲတစ်တင်းကို (၄၉၀၀၀-၅၀၀၀၀)ကျပ်ခန့် ယခင်နှစ်ကဈေးပိုရခဲ့ပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံ အဝယ်တစ်ရက်ကို (၂၀၀)ခန့်ရှိပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို (၈၅၀၀၀-၈၆၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၇၅၀၀-၈၈၀၀၀)ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားများအဝယ်ရှိခဲ့ပါသည်။ ကုလားပဲတစ်တင်းကို ယခုနှစ်ဈေးက ယခင်နှစ်ထက် ပိုမို ကောင်းမွန်ခဲ့ပါသည်။

ပဲကြီး

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၅၀၀၀)ကျပ်၊ (ကုန်းပဲ) တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် (၂၅၀/၃၀၀)ခန့် အဝယ်ရှိပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၈၉၀၀၀)ကျပ်၊ (ကုန်းပဲ)တစ်တင်းကို (၈၄၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိ ခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ပဲကြီးဈေးကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို (၁၆၀၀၀)ကျပ်၊ (ကုန်းပဲ)တစ်တင်းကို (၁၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ ပါသည်။

ဘိုကိတ်

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် လက်လီရော လက်ကားပါ အရောင်းအဝယ်ရှိပြီး လက်လီတစ်ရက်ကိုအိတ် (၅၀/၁၀၀)ခန့် လက်ကားအဝယ်တစ်ရက်ကိုအိတ် (၂၀၀)ခန့် ရှိခဲ့ပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဘိုကိတ်ပဲဈေးက ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရပါသည်။

စားတော်ပဲ

          ယခုနှစ်ဇူလိုင် စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၉၀၀၀၀-၁၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၂၅)ခန့် အဝယ်ရှိပါသည်။ ယခင်နှစ် ဇူလိုင် နောက်ဆုံးပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၀၆၀၀၀-၁၀၇၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် စားတော်ပဲ(ကျွန်း)ဈေးက ယခင်နှစ်ထက်ပိုမိုကောင်းမွန်ပြီး တစ်တင်း လျှင် (၈၄၀၀၀-၈၅၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်ဇူလိုင် စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းဈေးမှာ ပိုမိုမြင့်နေကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ် ပဲတစ်တင်း ဈေးမှာ ယခင်နှစ်ကဈေးမှာ ပိုမိုကောင်းမွန်ခဲ့ပြီး ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ တစ်တင်းဈေးမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာ ဈေးပိုမိုကောင်းခဲ့လေ့လာသိရှိရပါသည်။

စဉ်

အမျိုး၊အမည်

ဇူလိုင်လ စတုတ္ထပတ်

ယခင်နှစ်

ယခုနှစ်

မတ်ပဲ

၁၀၉၀၀၀/၁၀၉၅၀၀

၉၅၀၀၀/၉၆၅၀၀

ပဲစင်းငုံ

၁၃၆၆၀၀/၁၃၇၀၀၀

၈၇၀၀၀/၈၈၀၀၀

ကုလားပဲ(HL)

၈၅၀၀၀/၈၆၀၀၀

၉၀၀၀၀

ကုလားပဲ(မြကြေးမှုံ)

၈၇၅၀၀/၈၈၀၀၀

၉၅၀၀၀

ပဲကြီး(ရွှေကျွန်း)

၈၉၀၀၀

၁၀၅၀၀၀

ပဲကြီး(ကမ်းနား)

၈၄၀၀၀

၉၅၀၀၀

ဘိုကိတ်ပဲ

၉၂၀၀၀/၉၃၀၀၀

၇၀၀၀၀

စားတော်ပဲ(ကျွန်း)

၁၀၆၀၀၀/၁၀၇၀၀၀

၁၉၀၀၀၀/၁၉၅၀၀၀

 

DOCA(ပဲခူး)

ပြည်ဒေသထွက် ကတွတ်သီးဈေးကွက်

      ပြည်ဒေသမှထွက်ရှိသော ကတွတ်သီးများ ဈေးကွက်တွင် စတင်ထွက်ရှိလာပြီဖြစ်ပါသည်။ ကတွတ် သီးကို ပြည်မြို့ရှိမှော်ဇာကျေးရွာ၊ သဇင်လှရွာတို့မှထွက်ရှိကြောင်း သိရပါသည်။ ပေါ်စ ဖြစ်သောကြောင့် အထွက်နည်းကာဈေးကောင်းရသဖြင့်ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်က ကတွတ်သီး အလုံး (၁၀၀)ကို (၁၅၀၀-၂၀၀၀)ကျပ်ဖြင့်စတင်ရောင်းချကြပြီး ယခုနှစ်တွင်တော့ အလုံး(၁၀၀) လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချကြကြောင်း သိရပါသည်။ ကတွတ်သီး စတင်ထွက်ရှိလာ ပြီဖြစ်သောကြောင့် ယိုထိုး ပါက အရောင်းလှပြီး အချဉ်ပေါ့ကာ ဝယ်သူအကြိုက် ဖြစ်သောကြောင့် လတ်ဆက်သော (ယခုနှစ်ပေါ်) ကတွတ်ယိုများစားသုံးသူများ လက်ဝယ်သို့ ရောက်ရှိတော့မည် ဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်ခဲ့သော ပဲကြီးသီးနှံ၏ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သောဈေးနှုန်း၊ဈေးကွက်

     ပြည်မျိုးစုံဈေးကွက်တွင် ပြည်ပသို့ပါတင်ပို့နိုင်သော ပဲကြီးသီးနှံသည် နှစ်စဉ်ဈေး ကောင်းရနေပြီး ယခုနှစ်တွင် ပို၍ပင်ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့်ရောင်းဝယ်ခဲ့သော ပဲကြီးများ၏ဈေးနှုန်းများ၏ ကာလတူဖြစ် ပေါ်ခဲ့သော ဈေးများကိုလေ့လာကြည့်ရာတွင် အောက်ပါ အတိုင်းတွေ့ရှိရပါသည် -

ခုနှစ်             လအမည်                ပဲအမျိုးအစား                     ဈေးနှုန်း(ကျပ်)         

၂၀၂၀ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၂၅၀၀၀

                                                ကမ်းနား                           ၂၄၀၀၀

၂၀၂၁ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၂၈၀၀၀

                                                ကမ်းနား                           ၂၈၀၀၀

၂၀၂၂ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၇၀၀၀၀

                                                ကမ်းနား                           ၇၀၀၀၀

၂၀၂၃ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၉၈၀၀၀

                                                ကမ်းနား                           ၉၇၀၀၀

၂၀၂၄ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၈၄၀၀၀

                   ဇူလိုင်လ                 ကမ်းနား                           ၈၉၀၀၀

၂၀၂၅ခုနှစ်      ဇူလိုင်လ                 ရွှေကျွန်း                           ၁၀၅၀၀၀

                   ဇူလိုင်လ                 ကမ်းနား                           ၉၅၀၀၀

     ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ရွှေကျွန်းတစ်တင်း (၂၅၀၀၀)ကျပ်၊ ကမ်းနားတစ်တင်း ၂၄၀၀၀ကျပ်၊ ၂၀၂၁ခုနှစ် ဇူလိုင်တွင် အတွင်း ပဲကြီး(ရွှေကျွန်း)တစ်တင်း (၂၈၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်း (၂၈၀၀၀)ကျပ်ဖြင့် ယခင်နှစ်ရဲ့ဈေးအတိုင်းရောင်းဝယ်ခဲ့ကြပေမယ့် မတ်ပဲနှင့်၊ ပဲတီစိမ်းသီးနှံများမှာ ဈေးနှုန်းများ လျော့ကျခဲ့ပြီး ကျပ် (၃)သောင်းအောက်ဖြင့်သာ ရောင်းဝယ်ခဲ့ကြရသောကြောင့် ပဲကြီးသီးနှံဈေးနှုန်းသည် အဆိုပါနှစ်တွင် အခြားပဲများဈေးအေးခဲ့ပေမယ့် ပဲကြီးသီးနှံကတော့ ဈေးကွက်အတွင်း ဈေးလျော့ကျသွားခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရောင်းဝယ် နေခဲ့ကြပါသည်။

    ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ပဲသီးနှံ ဈေးအားလုံးလိုလို ဈေးမြင့်တက်လာခဲ့ကြပြီး ပဲကြီးသီးနှံက လည်း ယခင်နှစ်ရဲ့ဈေးထက် တစ်ဆသာသာခန့် ဈေးနှုန်းများမြင့် တက်လာတာကြောင့် တစ်တင်းကျပ် (၆)သောင်းအထက်ရရှိခဲ့ကာ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရရှိသည့် ပဲသီးနှံဖြစ် ခဲ့ပါသည်။

    ၂၀၂၃ ခုနှစ်တွင် ပြည်ပဝယ်လိုအား ပဲသီးနှံအားလုံးလိုလို ဈေးမြင့်တက်လာခဲ့ကြပြီး ပဲကြီးသီးနှံမှာ တစ်တင်းကျပ် (၉)သောင်းကျော်အထိ ဈေးကောင်းရ လာခဲ့ကာ ပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုရနိုင်မည့် နှစ်ဟု သိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ပဲကြီးမှာဝယ်လို အားနည်းလာ၍ဈေးမှာ (၈)သောင်းကျပ်ကျော် သာရောင်းဝယ်မှုရှိ၍ ဈေးအနည်း ငယ်ပြန်ကျလာ ပါသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြို့တွင်းပဲကြော်ဖိုသမားများနှင့် ရန်ကုန်ဝယ်လက်သမားများက ဝယ်ယူမှုရှိလာသဖြင့် ပဲကြီး(ရွှေကျွန်း)မှာ ကျပ်(၁)သိန်းကျော်အထိ ဈေးရလာသလို ပဲကြီး (ကုန်းပဲ)မှာ (၉)သောင်းကျော်အထိဈေးရရှိလာခဲ့ပါသည်။

    ပဲကြီးသီးနှံသည် မိုးနှောင်းကာလ ဇူလိုင်လ၊ ဩဂုတ်လများတွင်စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလအကုန်မှီ အပြီးစိုက်ပျိုးကြသည်ဟု သိရပါသည်။ တော်သလင်း လကျော်မှ စိုက်ပျိုးသည့် ပဲကြီးသီးနှံသည် အောင်မြင်ဖြစ်ထွန်းမှုနည်းပါးပြီး အထွက်နှုန်း မကောင်း ဟု တောင်သူများအနေဖြင့် သိရှိထားကြသည့်အတွက် တော်သလင်းအမီ စိုက်ပျိုးကြကြောင်း သိရပါသည်။ မိုးစပါးစိုက်ပျိုးသည့် ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန် သင်းဘောင် များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံသည် မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ကြောင်းသိရပါသည်။ မိုးစပါး စိုက်ပျိုး၍ မရနိုင်သောဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလ အတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများ စတင်ခူဆွတ်နိုင်ပြီဖြစ်ပါသည်။ ဒါ့ကြောင့် ဈေးကွက်အတွင်းသို့ ပဲကြီးသီးနှံအသစ်များ နှစ်ဆန်းပိုင်းကာလမှစ၍ ဝင်ရောက်လာကာ ဖေဖော်ဝါရီ၊ မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများ ဝင်ရောက်မှုများ ပြားလာခဲ့ကြောင်း သိရပါသည်။ ပဲကြီးသီးနှံအား ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကထား ဝယ်ယူသို့လှောင်ကြပါသည်။ ပြည်ခရိုင်အတွင်း ပဲကြီးသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ စသည့်ပဲများကဲ့သို့ စိုက်ပျိုးမှုမများဘဲ ပဲကြီးသီးနှံသည် နှစ်စဉ်ဈေး ကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အနေဖြင့် တိုးချဲ့စိုက်ပျိုး သင့်သလို မိုးစပါးအပြီး မတ်ပဲ စိုက်ပျိုးသည့် လယ်ကန်သင်းများတွင်လည်း နေရာလွတ်မပေးဘဲ စိုက်ပျိုးခြင်းဖြင့် မိုးစပါး၊ မတ်ပဲ သီးနှံများမှ ဝင်ငွေရရှိသလို ပဲကြီးသီးနှံကလည်း ထပ်ဆောင်း၍ အပိုဝင်ငွေရရှိသော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း