Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိပြီး မိမိပိုင်ယာခင်းများနှင့် ခြံစည်းရိုးများတွင် ရာသီပေါ်ခြံထွက်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန် အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။

          ဒီဇင်ဘာလ စတုတ္ထပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၈၀၀/၁၅၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၂၀၀/၄၃၀၀) ကျပ်၊  ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ဒန့်ဒလွန်သီးနှင့် ဒန့်ဒလွန်ရွက်ဈေးနှုန်း

              မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  အပိုဝင်ငွေရရှိရန် မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ဒန့်ဒလွန်ပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ဒန့်ဒလွန်ပင်မှ အသီးအပြင် အရွက်များကိုလည်း ကြော်စားခြင်း၊ ဟင်းခါးရည်ချက်၍ ချက်ပြုတ်စားသောက်လေ့ရှိကြောင်း သိရှိရပါ သည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် သာစည်ဈေးတွင် ဒန့်ဒလွန်သီး (၃)တောင့်ပါ တစ်စည်းလျှင် (  ၈၀၀ )ကျပ်၊ ဒန့်ဒလွန်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀)ကျပ်မှ (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်း‌ဈေးတွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် လူသုံးကုန်ပစ္စည်းများ၊ ဒေသထွက်အသီးအရွက်များဖြစ်သည့်  မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီး အမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် (၆၅၀၀) ကျပ် မှ (၇၃၀၀) ကျပ်၊ အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်ပြုတ်နှင့် မျှစ်ခြောက်ဈေးနှုန်း

        မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ ရာသီပေါ် အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင်ဒေသထွက် မျှစ်စိမ်း၊ မျှစ်ပြုတ်နှင့် မျှစ်ခြောက်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၁၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၂၆၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ မျှစ်ခြောက်ဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် (၃၈၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“နေကြာ(ဆောင်း)များစိုက်ပျိုးပြီးစီး”

                       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက်ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်တွင် နေကြာ(ဆောင်း) ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်(၁၈၈၈)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ စိုက်ပျိုးသောကျေးရွာများမှာကသဲကုန်းကျေးရွာ၊မသဲ‌ကျေးရွာ၊ ရွှေလေးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅)ပြည်စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုး သောမျိုးများမှာ ဆင်းရွှေကြာမျိုး-၁ ၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲစိုက်ပျိုးစနစ်ဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၄၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် နေကြာထွက်ပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့် ထွက်ရှိကြောင်း၊နေကြာစျေးနှုန်းအနေဖြင့်တစ်တင်းလျှင်(၅၅၀၀၀/-)ကျပ်‌စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊စိုက်ပျိုးစရိတ်နှုတ်ပြီး အကျိုးအမြတ်အနေဖြင့် (၉၇၅၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း၊ ယခု လက်ရှိပေါက်စျေးအနေဖြင့် နေကြာတစ်တင်း လျှင်(၆၃၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊နေကြာထွက်ပေါ်ချိန်တွင် တောင်သူများမှာ မြို့ပေါ်ပွဲရုံများသို့ ကိုယ်တိုင်ရောင်းချကြကြောင်း၊ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုစားသုံးဆီဖူလုံရုံသာမက စီးပွားဖြစ်ဝင်ငွေတိုးသော ကြောင့်နေကြာသီးနှံကိုလည်း တောင်သူဦးကြီးများမှတစ်နှစ်ထက်တစ်နှစ် မိုပိုတိုးချဲ့စိုက်ပျိုးလာကြောင်း၊နေကြာစိုက်ပျိုးသောတောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)                                                                             

      

                              

‌ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရှိရပြီး  ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။  ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်များကို အိမ်ရှင်မ များက ငပိရည်အတို့မြှုပ်အဖြစ်ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း စီးပွားဖြစ်အသုံးပြုရန် ဝယ်ယူကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဈေးဟောင်းတွင် ရောင်းချနေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၂၀၀)ကျပ်မှ(၃)စည်း(၅၀၀)ကျပ်၊ ပျဉ်းတော်သိမ်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းရတနာဈေးရှိ သခွားသီး၊  ဂေါ်ရခါးသီး ဈေးနှုန်း

          မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်  သခွားသီး၊   ဂေါ်ရခါးသီးနှင့်  ဂေါ်ရခါးညွန့်များကို  ရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦး ဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီး၊   ဂေါ်ရခါးသီးနှင့်  ဂေါ်ရခါးညွန့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်၊ ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

             မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာများကို မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ မိမိပိုင်ယာခင်းများတွင် စီးပွားဖြစ်သော်လည်း၊ တပိုင်တနိုင်သော်လည်းကောင်း စိုက်ပျိုးကြပြီး ချင်းတွင်းရတနာဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

           ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္တပတ်တွင် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ (၁) ဘူးလျှင် (၁၅၀၀)ကျပ်၊  တစ်ပြည်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း