Main menu

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွားမွှေးသီးအကြီးတစ်လုံးလျှင် (၁၀၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၇၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီး အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)