Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ ကြက်သွန်ဖြူစျေးနှုန်း/စျေးကွက်

     စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှသယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခု စက်တင်ဘာလအတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၅၀၀၀)ကျပ်နှင့်၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၄၀၀၀)ကျပ် ဖြစ်သွားကြောင်း  ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖို ဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကြက်သွန်နီစျေးနှုန်း/စျေးကွက်

     ကြက်သွန်နီသည် နေ့စဥ်စားသုံးနေသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် ရေအလွန်လိုအပ်သော သီးနှံဖြစ်သည့်အပြင် မြေအစိုဓာတ်ရှိသော မြေတွင်သာ စိုက်ပျိုးနိုင်ပါသည်။ အလွန်ချဥ်သောမြေကို မနှစ်သက်သောကြောင့် အောက်မြန်မာပြည်တွင်စိုက်ပျိုးမှုနည်းပါးပြီး အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေပြန့်ဒေသတွင် ကြက်သွန်နီကို အောက်တိုဘာလနှင့် နိုဝင်ဘာလအထိ စိုက်ပျိုးပြီး တောင်ပေါ်ဒေသတွင် မတ်လနှင့် ဇွန်လအထိသာစိုက်ပျိုးကြောင်းသိရှိရပါသည်။ ယခု ထားဝယ်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ ယခုပတ်(၃၅၀၀) ကျပ်သို့ စျေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသော စျေးကွက်စျေးနှုန်းအခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများသော်လည်း ဟင်းသီးဟင်းရွက်များလည်းပေါများသောမြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများ သည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာ များတွင်စိုက်ပျိုးလာကြပါသည်။နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီးတို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၅၀၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၆၀၀၀ ၊ ငရုပ်သီးစိမ်း(တစ်ဗူး) ကျပ်-၃၀၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားကုန်စျေးနှုန်း အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၃၅၀)ကျပ်မှ (၇၃၅၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၅၅၀၀)ကျပ်အထိ စျေးနှုန်းအနည်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ခန့်ပြောင်းလဲနေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိကြက်သွန်ဖြူဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ် သည့် ကြက်သွန်ဖြူကို နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ် စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်းလက်လီ/လက်ကားဝယ်ယူသူ များ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းချနေကြောင်း သိရှိရပါ သည်။ ယခုလတွင် ကားလမ်းအခြေအနေကြောင့် ဈေးနှုန်းများ တက်‌နေကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန် ဖြူဈေးနှုန်းမှာ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ခန့်ရှိပြီး ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာလျှင် (၁၆၀၀၀)ခန့်ထိရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ခဝဲသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ရေထွက်ကုန်အပြင် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြ‌ကြောင်း သိရှိရပါသည်။ ယခုအခါ မြိတ်မြို့ပေါ်တွင် ခဝဲသီးများကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးနေ ကြောင်းလည်း တွေ့ရှိရပါသည်။ ခဝဲသီးစားပေးခြင်းဖြင့် ကင်ဆာဖြစ်နှုန်းကိုလျော့ချပေးခြင်း၊ နှလုံး ကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းချုပ်ပေးခြင်း နှင့် အရိုးသိပ်သည်းဆကို ကောင်းမွန်စေသော အသီးတစ်မျိုးဖြစ်သည်။ ယခုအခါ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့် အခြားသောဈေးများတွင် ဈေးရောင်းချသူများစည်ကားလျက်ရှိပြီး‌ ဒေသခံစိုက်ပျိုးသူများနှင့် အနီးအနား စိုက်ပျိုးသူများမှ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြကြောင်းလည်း တွေ့ရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ခဝဲသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀၀၀)ကျပ်ခန့်ရှိကြောင်း ကုန်စိမ်းရောင်းချနေသူတစ်ဦးထံမှ သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီးဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်များကိုလည်း နေအိမ်ခြံများနှင့် တောင်ယာများတွင် တစ် နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးသည် အခါးဓါတ်ကိုပေးသော ဟင်းလျာအသီးတစ်မျိုးဖြစ်သည်။ ကြက်ဟင်းခါးသီးကို ပြုတ်တို့၍ဖြစ်စေ၊ ကြော်စား၍ဖြစ်စေ စားသုံးကြကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး ဝမ်းချုပ်ခြင်း၊ ဆီးချို၊ သွေးချိုနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သော အသီးတစ်မျိုးဖြစ်သည်။ ဈေးကွက်အတွင်း၌ ဗမာကြက်ဟင်းခါးသီး၊ တောကြက်ဟင်းခါးသီးနှင့် ထိုင်ဝမ်ကြက်ဟင်းခါးသီးဟူ၍ မျိုးစုံရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုမိုးရာသီကာလ တွင် တောကြက်ဟင်းခါးသီးများ လှိုင်လှိုင်ထွက်နေကြောင်းလည်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ် စက်တင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီးမှာ တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် (၈၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဆူးပုတ်ရွက်ဈေးကွက်

     ဆူးပုတ်ရွက်သည် ဆူးပုတ်ပင်ရဲ့ အရွက်ဖြစ်ပြီး အနုအညွှန့်ကိုပဲစားကြပါသည်။ ရိုးတံမှာ အဆူးလေးတွေပါတတ်ပြီး အရွက်လေးမှာနူးညံ့ပြီး အလွန်ပင်စားကောင်းသော အပင်တစ်မျိုး ဖြစ်သည်။ မြိတ်မြို့ပေါ်တွင် ဆူးပုတ်ပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ အိမ်ခြံမြေ များတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး တောင်ယာတွင်နေထိုင်သူများလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း တွေ့ရှိရပါသည်။ သားငါးများထက် ရာသီမရွေးပေါ်ထွက်နေသောသီးနှံများနှင့် ရာသီအလိုက်ထွက်ပေါ်နေသောသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုဈေးကွက် များအတွင်းသို့ ဆူးပုတ်ရွက်သည်လည်း ဝင်ရောက်လာသဖြင့် စိုက်ပျိုးသူများအရောင်းအဝယ်သွက်နေကြောင်းလည်း သိရှိရပါသည်။

          ယခုစက်တင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် အခြားသောဈေးများ တွင် ရောင်းချနေသောဆူးပုတ်ရွက်သည် တစ်စီးလျှင် (၅၀၀) ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းချ နေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေ ပတ်လည်ဝန်းရံလျက်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည် သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက် သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။

    ယခုစက်တင်ဘာလဒုတိယပတ်တွင်မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၁၅၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြား ပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများ လည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။

     ယခု၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းစိမ်း ရည် တစ်လုံးလျှင် (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ထိရှိကြောင်း အုန်းစိမ်းရည်ရောင်းသူထံမှ သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း