Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကရင်ပြည်နယ်ဒေသထွက် မန်ကျည်းသီးစိမ်းနုဈေးနှုန်း

     ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလ၊ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်း ရာသီပေါ်သီးနှံဖြစ်သည့် မန်ကျည်းသီးစိမ်းနုများ စတင်ထွက်ရှိ၍ဈေးကောင်းလျက်ရှိကြောင်း သိရသည်။

    မန်ကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး  မန်ကျည်းသီးစိမ်းနုများကို ငပိစိမ်းစားဖြင့် ကြော်စားစား/ထောင်းစားစား စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေသည်။ မန်ကျည်းသီးစိမ်းနုကို တစ်ပိဿာ လက်ကား (၁၀၀၀၀)ကျပ်၊ လက်လီဈေး (၁၀)ကျပ်သား (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းဖြူဈေးမြင့်တက်

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိကြောင်းသိရသည်။

          ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းဖြူများဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၂၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/ (၂၂၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင်(၁၁၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းဖြူတစ်တင်းလျှင်(၈၀၀ဝိ/-)ဈေးပိုမိုရရှိခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းဖြူတစ်တင်းလျှင် (၂၃၂၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း) 

ရွှေဘိုမြို့ဈေးကွက်တွင် နှမ်းနက်များ ဈေးကောင်းရ

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

            ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၂၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိကြောင်း၊  အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/(၂၂၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်ပတ်၌ နှမ်းနက်တစ်တင်းလျှင် (၂၀၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် (၁၃၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၁၁၅၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ်မှ ရန်ကုန်သို့ အုန်းသီးတင်ပို့လျက်ရှိ

                ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်သည် အဓိက ဆန်စပါးကို စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်း၊ တစ်ပိုင်တနိုင် SME စက်မှု လက်မှုလုပ်ငန်းများ လုပ်ကိုင်နေပြီး ဒေသထွက် သီးနှံများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်။ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးသော အုန်းသီးများကို ရန်ကုန်မှ ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်၊ ဓနုဖြူမြို့နယ်တွင် အုန်းသီးစိုက်ဧက ၁၀၁၀ စိုက်ပျိုးပြီး ဧက ၇၀၀ ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

              ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ အုန်းသီးအလုံးရေ ၅၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၄၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ အုန်းသီးအလုံးရေ ၅၀၀၀၀၀ ထိ တင်ပို့ရောင်းချ ခဲ့ရကြောင်း၊ အုန်းသီး တစ်ပင်ကို ၃၅၀၀ကျပ်ဖြင့် ဝယ်ယူပြိး တစ်ဧကကို ၂၀၀ ခန့်စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ၁၀သိန်းခန့် ကုန်ကျကြောင်း၊ ထွက်ရှိမှု အနေဖြင့် ၁လကို အလုံးရေ ၅၀၀၀ ခန့်ထွက်ရှိပြီး အုန်းသီးတစ်လုံးကို ပြင်ပပေါက်ဈေး ၂၅၀၀ ကျပ်ရောင်းချနေကြောင်း၊ တစ်ဧက အကျိူးအမြတ်အနေဖြင့် ၁၂၅၀၀၀၀၀ကျပ် ရရှိ၍ ၂၅၀၀၀၀ကျပ် အကျိုးအမြတ်ရရှိကြောင်းကို အုန်းစိုက်ပျိုးသူ တောင်သူပြောပြချက် အရသိရသည်။

              အဆိုပါ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးအလုံးရေ ၁၀၀ လျှင် ဖောက်သည်ဈေး ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။ ဓနုဖြူမြို့နယ်မှ လယ်ယာထွက်ကုန်တွေကော၊ ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေခြင်းကြောင့် စီးပွားဖြစ်ထွန်းလျက်ရှိပြီး  မြို့နယ်တွင်း အုန်းခြစ်သည့်လုပ်ငန်း၊ အုန်းနို့ညှစ်သည့်လုပ်ငန်းများလည်း အဆင်ပြေနေကြောင်း၊ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးများကို အုန်းသီးခြောက်၊ အုန်းသီးအစိမ်း၊ အုန်းသီးအနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ စသည့်အမျိုး အစားများ စနစ်တကျဆောင်ရွက်ပြီး ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းလာခြင်း၊ ဝယ်ယူမှုများပြားလာခြင်းကြောင့် အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

DOCA (ဧရာဝတီ)

ရာသီပေါ်ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

    ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသောမျိုးဖြစ်ပါသည်။ ပန်းဂေါ်ဖီ အစိမ်းသည် ပိုမိုနူးညံ့ပြီးဗီတာမင်ကေ ပါဝင်မှုအထူးများပြားပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူစတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြစ်ပါသည်။ပန်း ဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏အချင်းသည် (၈-၁၀) လက်မခန့်ရှိပြီး သက်တမ်း(၇၅-၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီအဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုတည်းကိုသာ စားသုံးရခြင်းမဟုတ်ဘဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ထိပ်ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီးနောက် ထွက်လာသောဘေးတက်များမှာ ပန်းပွင့်များနှင့် အဆုံးသတ်လေ့ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း(၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိနိုင်ပါသည်။ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီ အဖြူကဲ့သို့ပင် အအေးကြိုက်သည်။ မြေပြန့်ဒေသတွင် စက်တင်ဘာလမှဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အကျယ်အဝန်း (၁၀ပေ x ၂.၅ပေ) ဘောင်ကို ပေါက်ပြားဖြင့်မြေဆိုင်ခဲကလေးများရရန် ပြုပြင်ပေးရသည်။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ် တွင် မျိုးစေ့ကြဲရန် (၂)လက်မခြား မြောင်းများဆွဲပြီးမျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှနွားချေးနှင့် မြေဆွေးမှုန့်ပါးပါးဖုံးအုပ်ပေးပါ။ ထို့နောက် ကောက်ရိုးခြောက်များ ပါးလွှာစွာ ထပ်မံဖုံးအုပ်ပေး၍ ရေရွှဲရွှဲ လောင်းပေး ရမည်။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်သက်ကယ်မိုးပေးရသည်။ (၃-၄)ရက် ကြာလျှင် အညှောင့် ပေါက်လာမည်။ (၁၂)ရက်ခန့်ကြာလျှင် တန်းကြား မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀)ရက်ရလျှင် မြေဩဇာကို တစ်ဘောင်လျှင်ယူးရီးယား (၅)အောင်စ နှုန်းဖြင့် ရေဖျော်ပြီး ဖျန်းပေးရပါမည်။ ၎င်းနောက်ရေဝအောင်လောင်းပေးရပါသည်။ စိုက်ခင်းသို့ပြောင်း ရွှေ့စိုက်ပါက ညနေပိုင်း(၃)နာရီခန့်တွင် ပျိုးပင်များကို အမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။

   ထို့ပြင်ရွှေ့စိုက်ပြီး(၃၀)ရက်အကြာတွင်တစ်ကြိမ်၊ (၄၅)ရက်အကြာတွင် တစ်ကြိမ် ဘေးတက်ဖဲ့ပေးရပါမည်။ ထိပ်ဖူးစတင်ချိန်တွင်မူထွက်ရှိနေသောဘေးတက်များကို မဖဲ့ရပါ။ ၎င်းတို့ကိုဆက်လက်ထားရှိခြင်းဖြင့် ထိပ်ပိုင်းရှိပန်းပွင့်ဆွတ်ခူးပြီး (၂)ပတ်ခန့်အကြာတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သောမြေများတွင် ဘေးတက်မှထွက်သောပန်းပွင့်သည် ထိပ်ပိုင်းမှ ပွင့်သောပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပတ်လျှင်ဘေးတက် (၂၀)ခန့်ထွက်ရှိနိုင်သည်။ ဘေးတက်များသည် အပင်အသက်ရှင်နေစဉ်ကာလ၌ စဉ်ဆက်မပြတ်ထွက်ပေါ်နိုင်သည်။ အဖူးတင်းမာနေသောအချိန်၊ မပွင့်မီအချိန်တွင် ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရွှေ့စိုက်ပြီး(၂-၂လခွဲ) ခန့်ကြာလျှင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့လိုပါက အရွက် (၂-၃)ရွက် ချန်ထား၍ ခုတ်ရပါသည်။ အချိန်မှီမခုတ်ပါက ပန်းပွင့်အရောင် ပြောင်းသွားပြီး ပန်းပွင့်ရိုးတံများထွက်လာတတ်ပါသည်။ ပန်းပွင့်ရိုးတံကို(၄)လက်မခန့်အရှည်ထားပြီး ပလတ်စတစ်ဖြင့်တစ်ပွင့်လုံးအုပ်လိုက်ခြင်းဖြင့် ကြာရှည်ခံနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုး လိုက်၍ တန်ချိန် (၅-၈)တန် ထွက်ရှိပြီး တစ်ပွင့်လျှင် ၃၀၀၀မှ၃၅၀၀ ရရှိကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်မြို့နယ်၊ တလုပ်လပ်နောက်(၄)မိုင်ကျေးရွာ၌ အာတာလွတ်(ခ) သင်ဥ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်နောင် (၄)မိုင်ကျေးရွာတွင် အာတာလွတ်(ခ) သင်ဥကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး  တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ အာတာလွတ်(ခ) သင်ဥကို ယခင်နှစ်က စိုက်ဧက ၅၀ ခန့် စိုက်ပျိုး၍ ယခုနှစ်တွင် စိုက်ဧက ၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

          မျိုးအနေဖြင့် သင်ဥကို ဝယ်ယူစိုက်ပျိုးကြပြီး၊ နောက်နှစ်တွင် အာတာလွတ်အပင်ကို ဆက်လက်မြေထိုး၍ နှစ်စဉ်ထပ်မံစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ ၁၀လန် ၄ကွက် စိုက်ပျိုးကြပြီး  ဆယ်လန်တစ်ကွက်လျှင် အပင်၂ပင်ပူး ၆ပေ ၈ပေခြား၍ အပင်၁သောင်းကျော် စိုက်ပျိုးရ၍ တစ်ကတွင် အပင်ရေ ၄သောင်းလောက် စိုက်ပျိုး ရကြောင်း၊  သဘာဝမြေဩဇာ ကိုသာ ကျွေး၍ ဇွန်လကုန်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ် ရောင်းချရကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင်  တစ်ဧက လျှင် ငွေကျပ် ၈၀၀၀၀၀ ကျော် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် အာတာလွတ် (ခ) သင်ဥ တစ်ဧကလျှင် ပိဿာချိန် ၄၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ၁ပိဿာ ငွေကျပ် ၃၅၀၀ ဖြင့်လည်းကောင်း ရောင်းချရကြောင်း၊ အာတာလွတ်(ခ)သင်ဥ စိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄၀၀၀၀၀ ခန့်ရရှိ၍ ငွေကျပ် ၆၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပုသိမ်၊ အိမ်မဲ၊ ရန်ကုန်မြို့သို့ အဓိက တင်ပို့ရောင်းချကြောင်း၊ သင်ဥသီးနှံစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အကျိုး အမြတ်များ ပိုမိုရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းလည်း သိရသည်။

DOCA (ဧရာဝတီ)

ပခုက္ကူမြို့၌ ဒီဇင်ဘာလ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ မိုးမြေပဲတူးဖော်ရိတ်သိမ်းပြီး ဆောင်းမြေပဲစိုက်ပျိုးချိန် ကြားကာလတွင် မြေပဲသစ်များ ဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲဆံနှင့် မြေပဲအတောင့်များမှာ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို  မြို့ပေါ်ရှိ လှောင်လက် သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မြေပဲဆံအရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။ ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆီစက်များတွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။

      ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ဒီဇင်ဘာလ(ပထမပတ်) အစောပိုင်းတွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၉၀၀ - ၄၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၈၉၀၀-၈၄၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၈၈၀၀-၈၄၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၆၀၀-၇၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၅၇၅၀-၅၆၅၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၀၀၀ - ၄၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၃၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၈၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၆၀၅၀-၅၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း မြေပဲတောင့် အဆံတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးအနည်းငယ်ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ပခုက္ကူမြေပဲဆံဈေး ဈေးကွက်သို့ မြေပဲဆံ (အသစ်)များ ဝင်ရောက်မှုနည်းသော်လည်းဒေသတွင်း ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်း၍ မြေပဲဈေးနှုန်း သိသိသာသာကျဆင်းခြင်းမရှိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

 

 

ဆိပ်ဖြူမြို့နယ်၌ ဆောင်းသီးနှံ(ကျွန်း)စားတော်ပဲ စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံအနက်မှ (ကျွန်း)စားတော်ပဲ စိုက်ပျိုးမှု ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ် စိုက်ခင်းအပြင် သီးသန့်စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ မြေပဲခင်းများတွင် လည်းသီးညှပ်အဖြစ် စိုက်ပျိုးမှုများကြောင်း သိရှိရသည်။

     စိုက်ပျိုးမြေအနေဖြင့် မြစ်‌ရေဝင်ကျွန်းမြေများတွင် စိုက်ပျိုးခြင်းဖြစ်၍ ယခုနှစ်မြစ်‌ရေတက်ချိန် တွင် စိုက်ခင်းများအတွင်း သဲနုန်းမြေတင်မှုများခြင်း၊ မြေသားကောင်းမွန်ခြင်းကြောင့် တောင်သူများအနေဖြင့် ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရှိရသည်။ ယခင်နှစ်တွင် စားတော်ပဲ စိုက်ဧက (၁၀၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၁၅၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း၊  စားတော်ပဲ သီးနှံကို အအေးဓာတ်ဝင်ချိန် တန်ဆောင်မုန်းလဆန်းပိုင်းတွင် စတင်၍ ကြဲပက်စိုက်ပျိုးပြီး တပေါင်း လဆန်းပိုင်းတွင် ရိတ်သိမ်းကြောင်း၊ မြေအောက်ရေအပြင် လိုအပ်ပါက ရေသွင်းရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စားတော်ပဲသီးနှံသည် ရေလိုအပ်သော အပင်ဖြစ်၍ ရေသွင်းစိုက်ပျိုးပါက သီးနှံ အထွက်နှုန်းကောင်းကြောင်း၊ ပြည်တွင်း သုံးစွဲမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်တောင်သူများမှ နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း သိရှိရသည်။

     ကျွန်းစားတော်ပဲသီးနှံ(၁)ဧကစိုက်ပျိုးလျှင် မျိုးစေ့(၂)တင်း(၈)ပြည်ခန့် ကုန်ကျကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် ကျပ်(၁၄၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ သီးညှပ်အပြင် သီးသန့်စိုက်ပျိုးမှုများလည်း များလာကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် သီးညှပ်စိုက်ခင်းများတွင် ကုန်ကျစရိတ်နည်းသော်လည်း သီးသန့်စိုက်ပျိုးပါက (၁)ဧက ကျပ်(၇၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် စားတော်ပဲ တင်း(၁၀-၁၅)အထိ ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စားတော်ပဲသီးနှံ ပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၅၀၀၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧက ကျပ်(၁၂၀၀၀၀၀)ခန့် ရရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်တွင် စားတော်ပဲ အထွက်ကောင်းပြီး ဈေးကွက် ကျဆင်းခြင်းမရှိ ဈေးကောင်းရရှိပါက တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံတောင်သူထံမှ သိရှိရသည်။

      စားတော်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုပဲများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံး ပဲတစ်မျိုးဖြစ်၍ မြန်မာ့ဓလေ့အစဉ်အလာအရ စားတော်ပဲပြုတ် စားသုံးမှုများခြင်းကြောင့် နေ့စဉ်သုံးစွဲလျက်ရှိသော သီးနှံတစ်မျိုးဖြစ်၍ ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသည်။ ပြည်တွင်းသုံးစွဲမှုများပြီး စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းရ၍ ဒေသတွင်း စိုက်တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာမှုရှိ၍ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်း၍ အလွယ်တကူရရှိပြီး အကျိုးအမြတ်ရရှိသော စားတော်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(မကွေး)

 

မန်ဂျန်ရှား စိုက်ပျိုးသူများဝင်ငွေတိုးပွား

          သာပေါင်းမြို့နယ်သည် မြေလွတ်မြေရိုင်းအတော်အသင့်ရှိနေခြင်း ယခင်နှစ်ရှည်ပင်များအစား အစားထိုး၍ အခြားနှစ်ရှည်ပင်များစိုက်ပျိုးလာခြင်း၊ ထုတ်လုပ်မှု၊ သွင်းအားစု၊ လုပ်သားခများ ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြားသော နှစ်ရှည်သီးနှံများအစား ကုန်ကျစရိတ်သက်သာသော နှစ်ရှည်မန်ဂျန်ရှားသစ်မျိုးကို စိုက်ပျိုးလာကြပါသည်။ မန်ဂျန်ရှားပင်သည် ဖြောင့်စင်းပြီးကြီးမြန်သစ်ပင်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး မျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိကြောင်း သိရှိရပါသည်။

            မန်ဂျန်ရှားအပင်သည် (၅) နှစ်အတွင်း လုံးပတ် (၂၇) လက်မအထိ ကြီးပြင်းပြီး (၁၀) နှစ်သားအတွင်း အချင်း (၁) ပေကျော်အထိ ကြီးထွားကြောင်း (၁) ဧကလျှင် (၆) ပေတန်ကြောင်း စိုက်ပျိုးမည်ဆိုပါက (၁) ဧက အပင် (၁၀၀၀) ပင်စိုက်ပျိုးနိုင်ကြောင်း အိန္နိယမျိုးနှင့် ဗီယက်နမ်မျိုးများဖြစ်ကြောင်း သာပေါင်းမြို့နယ်တွင် ဗီယက်နမ်မျိုးများကို စိုက်ပျိုးကြောင်း သိရှိရပါသည်။

            သာပေါင်းမြို့နယ်အတွင်းရှိ နှစ်ရှည်စိုက်ပျိုးသူများသည် မန်ဂျန်ရှားအပင်များကိုခုတ်လှဲ၍ သတ်မှတ်ဈေးနှုန်းများဖြင့် စက္ကူပြုလုပ်ရာတွင်အသုံးဝင်သော သတင်းစာစက်ရုံသို့ ရောင်းချနေကြောင်းသိရှိရပြီး ပရိဘောဂပြုလုပ်ရာတွင်လည်း အသုံးဝင်ကြောင်းနှင့် ရေရှည်အသုံးပြုနိုင်သော သစ်အမျိုးအစားဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ဈေးကွက်အတွင်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင် ငါးခုံးမချဉ် ဈေးနှုန်းစျေးကွက်

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်နှင့် ငါးခုံးမချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပြီး မအူပင်မြို့အခြေပြု စီးပွားဖြစ်ထုတ်လုပ်ရောင်းချ လျက်ရှိသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်များကို အမှတ်တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပြီး လုပ်ငန်းပေါင်း ၁၂ခုရှိကြောင်းသိရသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်ပြုလုပ်သလို ငါးခုံးမချဉ်ကိုလည်းပြုလုပ်ကြောင်း၊ ငါးခုံးမချဉ်ပြုလုပ်သူ ကျေးရွာများမှ ၂၀ဦးခန့်ရှိကြောင်း၊ မအူပင် ငါးခုံးမချဉ်သည် သန့်ရှင်းလပ်ဆပ်ပြီး ဈေးအတွင်း ဝယ်ယူသူများကို အချိန်ဖြင့် ရောင်းချခြင်းများသာဖြစ်ကြောင်း သိရသည်။

             ငါးခုံးမချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် ငါးခုံးမအကောင်သေးအမျိုးအစားဖြစ်ပြီး မအူပင် တိုးမြစ်အတွင်းမှ ဖမ်းစီးရမိသော ငါးခုံးမငါးကလေးများကိုသာ ကုန်ကြမ်းအဖြစ်အသုံးပြူပြီး ငါးများကို မအူပင်မြို့ရှိ မြစ်ငါးသီးသန့်ရောင်းချသူများထံမှ ပိဿာလိုက်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊  ငါးခုံးမချဉ်ထုပ်ပိုးရာတွင် သန့်ရှင်းသော ငှက်ပျောဖတ်ဖြင့် ထုတ်ပြီးအပေါ်မှ ဖျင်ပါးပိတ်စသန့်သန့်ဖြင့် အချဉ် ၃ရက်မှ ၅ရက်ထိ အချဉ်ခံထားသိပ်ပြီး အချိန်ဖြင့်လှီးဖြတ်ရောင်းချကြောင်း သိရသည်။

              ငါးခုံးမချဉ်ပြုလုပ်ရာတွင် ငါးခုံးမ ပိသာချိန် ၁၀ ကို ဆန် ၁ပြည်နှင့် ဆား ၁ပိသာသုံးရကြောင်း၊ ငါးခုံးမချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ မှ ၅၀ အထိ အသုံးပြု၍ထုတ်လုပ်သည်။ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ် ၇ပိဿာ ခန့်ထွက်ရှိကြောင်း၊ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ်ထုတ်လုပ်မှုကုန်ကျစရိတ် ၅၅၀၀၀ ခန့်သာ ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် ငါးခုံးမချဉ် ၁၀ ကျပ် ငွေကျပ် ၁၅၀၀  နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း၊ တစ်ရက်လျင် ငါးပိဿာချိန် ၁၀ အသုံးပြုရပြီး ငါးချဉ်ထုတ်လုပ်နိုင်ပါက ငွေကျပ် ၅၀၀၀၀ နှင့် ငါးပိဿာချိန် ၅၀ အသုံးပြုရပြီး ငါးချဉ်ထုတ်လုပ်နိုင်ပါက ငွေကျပ် ၂၅၀၀၀၀ အကျိုးအမြတ်ရရှိကြောင်း၊စျေးကွက်အနေဖြင့် ဒေသတွင်းရှိဈေးများ၊ ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်း၊ မြောင်းမြ၊ အိမ်မဲနှင့် ရန်ကုန်မြို့မှ မှာယူပါကလည်း တစ်ပါတ်လျင် အချိန်၁၀ပါ ငါးခုံးမချဉ်  အချိန် ၃၀ တင်ပို့ပြီး တစ်လလျှင် ၁၂၀ ပိဿာ တင်ပို့ပေးရကြောင်း၊ ငါးခုံမ ပေါပေါများများထွက်ရှိချိန်တွင်  ရန်ကုန်သို့ ပိဿာ ၂၀၀ နီးပါးမှာယူ၍ တင်ပို့ရပြီး ဝယ်ယူသုံးစွဲမှု မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။          

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း