Main menu

မြိတ်မြို့၊ ဇေယျာသီရိဈေး၌ ရောင်းချနေသော ဘုရားပန်းများ

Powered by Drupal

   မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၌ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးမှာ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)၊လီလီပန်း(မင်္ဂလာပန်း)၊ ပုလဲဖြူပန်း(ဂန္ဓမာပန်း)၊ ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ ကား၊ လေယာဉ်တို့ဖြင့် သယ်ယူ၍ ဝယ်ယူရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် လူကြိုက်များ၍ အဝယ်များသော  ပုလဲဖြူပန်း (ဂန္ဓမာပန်း)တစ်စည်းလျှင် (၈၀၀၀) ကျပ်၊ နှင်းဆီပန်း(၁၀)ပွင့်လျှင် (၁၅၀၀၀)ကျပ်၊ လီလီပန်း (မင်္ဂလာပန်း)(၁၀)ခက်တစ်စည်းလျှင်(၂၂၀၀၀)ကျပ်၊ သပြေပန်း(အောင်သပြေ) တစ်စည်းလျှင် (၃၀၀၀)ကျပ်, ဇွန်စိမ်းပန်းတစ်စည်းလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ပန်းရောင်းချသူ ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)