Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မိသားစုစားဝတ်နေရေးအတွက် ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ကြိတ်ခေါက်ဆွဲများကို မုံရွာမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ ကြိတ်ခေါက်ဆွဲရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်းများမှာ (၂၅)ကျပ်သား လျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ (၁)ပိဿာ လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြိတ်ခေါက်ဆွဲ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အာလူးသီးနှင့် ခရမ်းချဉ်သီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  အာလူးသီးနှင့် ခရမ်းချဉ်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့်အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည် ရေဆေး၍အလုံးလိုက်ပင် စားသုံး တတ်ကြပါသည်။   

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  အာလူးသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၂၀၀)ကျပ်နှင့်(၃၈၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်မြို့တွင် ဂျင်း(ချင်း)တက်နှင့် ဓါးလှီးဂျင်း ဈေးနှုန်းမြင့်တက်လာ

       ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဓါးလှီးဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပြည်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဓါးလှီးဂျင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဓါးလှီဂျင်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးကို မိမိတို့‌ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

               ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၈၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်   (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး  ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသည် ဟင်းသီးဟင်းရွက်များ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် ကုန်စိမ်းဒိုင်ဖြစ်သကဲ့သို့ ဟင်းသီးဟင်းရွက်များသည် ယခင်ဩဂုတ်လနှင့် ယခု စက်တင်ဘာလ(ဒုတိယ)ပတ်အထိ ဈေးကောင်း ရရှိနေကြောင်း ရောင်းချသည့်ဈေးသည်များ၏ ပြောကြားချက် အရ ထိုင်ဝမ်ကန်းစွန်းရွက် (၁) စီးလျှင်၂၅၀ ကျပ်၊ (၁၀) စီးလျှင် ၁၈၀၀ ကျပ် ၊ တရုတ်ကန်းစွန်းရွက် (၁)စီးလျှင် ၂၀၀ ကျပ်၊ (၁၀) စီးလျှင် ၁၆၀၀ ကျပ်၊ ဝက်စာကန်စွန်းရွက် (၁) ထုံးလျှင် အစီး (၅) စီးပါပြီး ၆၀၀ ကျပ်၊  ချဉ်ပေါင် (၁) စီးလျှင် ၁၅၀ ကျပ် ၊ (၁၀) စီးလျှင် ၁၂၀၀ ကျပ် ၊ ဟင်းနုနွယ် (၁) စီးလျှင် ၃၀၀ ကျပ် ၊ (၁၀) စီးလျှင် ၂၅၀၀ ကျပ် ၊ မြင်းခွာရွက် (၁) ကဒ်လျှင် ၂၀၀ ကျပ်ရှိပြီး (၁) ကဒ်တွင် အစီးသေးလေး (၅) စီးပါရှိပြီး မြင်းခွာရွက်ကဒ် (၁၀) ကဒ်ယူပါက ၁၆၀၀ ကျပ်ရှိပြီး ၊ မုံညင်းဖြူ (၁) စီးလျှင် ၃၀၀ ကျပ် ၊(၁၀) စီးလျှင် ၂၆၀၀ ကျပ်၊ ချဉ်ဖတ် စိမ်ရန်နှင့် အချဉ်ဟင်းချက်စားရာတွင် အသုံးပြုသော မုံလာကုံးသည် ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ၁ ကုံးလျှင် ၅၀၀ ကျပ်၊ ၁၀ ကုံးယူလျှင်  ၄၅၀၀ ကျပ်သာပေးရကြောင်း ကုန်စိမ်းရောင်းချသည့်ဈေးသည်များထံမှ သိရသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင် ရောင်းချနေသော ကန်စွန်းဥနှင့် ပိန်းဥ ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကန်စွန်းဥနှင့် ပိန်းဥများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥနှင့် ပိန်းဥများကိုဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် ကန်စွန်းဥနှင့် ပိန်းဥများစိုက်ပျိုးသော တောင်သူများဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကန်စွန်းဥနှင့် ပိန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ ၂၅ကျပ်သားလျှင်(၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၆၀၀)ကျပ်၊ အလားတူ ပိန်းဥဈေးနှုန်းများမှာ ၂၅ကျပ်သားလျှင် (၉၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၉၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့မှ နာမည်ကျော်ကြားလူကြိုက်များသော EverWin ကော်ဖီအကြောင်း

       ပြည်တွင်းဖြစ် သဘာဝကော်ဖီထွက်ရှိရာဒေသများအနက်  ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့သည် လည်းတစ်ခုအပါအဝင်ဖြစ်ပြီး တောင်ငူမြို့မှထွက်ရှိသော သဘာဝ ကော်ဖီစေ့ဖြင့် ထုတ်လုပ်ထားသော ပြည်တွင်းဖြစ်အသင့်သောက်ကော်ဖီ 2 Plus 1 EverWin အားထုတ်လုပ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ရှိပြီး အနံ့အရသာနှင့်လွန်စွာပြည့်စုံလှသော သဘာဝကော်ဖီစစ်စစ်လည်းဖြစ်ပါသည်။ EverWin ကော်ဖီသည်   သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချခြင်း၊  ယနေ့အထိတိုင် မူလအရသာမပျက်ဘဲရှိသောကြောင့် အရောင်းသွက် လျက်ရှိနေပါသည်။

      ကော်ဖီအထုတ်ထဲတွင် သကြား၊ ခရင်မာ၊ ကော်ဖီမှုန့်များ အချိုးကျရောစပ်ထားပြီး ဓာတုပစ္စည်းများ ရောနှောထည့်သွင်းထားခြင်းမရှိသောကြောင့် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင် ပါသည်။ ခွက်ထဲသို့ ကော်ဖီထုတ် ကို ဖောက်ထည့်ပြီး ဆူပွက်နေသောရေနွေး ၁၅၀ မီလီကို လောင်းထည့်ကာ ဇွန်းဖြင့်မွှေပြီး ၂ မိနစ်မှ ၅ မိနစ် ခန့်အကြာတွင် ကော်ဖီမှုန့်နှပ်ထား၍ သုံးဆောင် နိုင်ပြီဖြစ်သည်။

     EverWin ကော်ဖီတစ်ပါကင်လျှင် အသားတင်ပမာဏ(၂၂၀) ဂရမ်ရှိပြီး (၂၂) ဂရမ်ပါ (၁၀)ထုပ်ပါဝင်ကာ ကော်ဖီမစ်တစ်ပါကင်လျှင် (၅၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ပင်ရင်း ကော်ဖီအရောင်းဆိုင်၊ ကုန်စုံဆိုင်များနှင့် ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များစွာရောင်းချလျက်ရှိသော တောင်ငူ ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်သော ဈေးရောင်းစင်တာတွင် ဝယ်ယူရရှိနိုင်ပါသည်။ EverWin ကော်ဖီ ကို တောင်ငူဒေသတွင်းသာမက အမြို့မြို့အနယ်နယ်သို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထုတ်လုပ်ခဲ့သည့် အချိန်မှစ၍ ယနေ့တိုင်အောင်နာမည်ကျော်ကြားလူကြိုက်များလျက်ရှိနေပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း