
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို လည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ ငါးရံ့ခြောက်နှင့်ပုဇွန်ခြောက်များကို မြိတ်ကမ်းရိုး တန်း ပင်လယ်ပြင်မှ ဖမ်းယူလျက်ရှိပြီး ငါးရံ့ခြောက်နှင့်ပုဇွန်ခြောက်များကို ဒေသထွက်ကုန် တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိ မိတ်ဆွေများအား လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန် အတွက်သော်လည်းကောင်း ဝယ်ယူကြပြီး မြန်မာနိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ခြောက် နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်အသေး(၁၂)ကောင်ပါ (၁)ပိဿာလျှင် (၁၃၀၀၀၀) ကျပ်၊ ငါးရံ့ခြောက် အကြီး(၆)ကောင်ပါ(၁)ပိဿာလျှင်(၁၅၀၀၀၀)ကျပ်နှင့် ပုဇွန်ခြောက်အသေး (၁)ပိဿာလျှင် (၈၅၀၀၀) ကျပ်၊ ပုဇွန်ခြောက်အသေး(၅၀)ကျပ်သားလျှင်(၄၂၅၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး(၁)ပိဿာလျှင်(၁၇၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၅၀)ကျပ်သားလျှင် (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)