မအူပင်မြို့နယ်မှ ထွက်ရှိသော ငါးဖယ်ခြစ် ဈေးကျဆင်း

မအူပင်မြို့နယ် ဈေးကွက်တွင် မြစ် ငါးဈေးများကောင်းမွန်လျက်ရှိသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာလ တို့တွင် ငါးဖယ်များ မြစ်ထဲမှ ဖမ်းယူရရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ထက် ဈေးကောင်းပိုမိုရရှိလျက်ရှိပြီး ငါးဖယ်ခြစ်ဈေးကောင်းမွန် ရာက ဈေးအနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ငါးဖယ်ကို ဈေး ကွက်၌ အကောင်အတိုင်းရောင်းချပါက ၁၀ဆယ်သားလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချသည်။ အသားကိုခြစ်၍ ငါးဖယ်ခြစ်အဖြစ်ရောင်းချပါက ငါးဖယ်ခြစ် ၁၀ဆယ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလတွင် ငါးဖယ်ခြစ်ဈေး ကျဆင်းလာခြင်းဖြစ်သည်။ ယခင် ၂၀၂၅ခုနှစ် ဇူလိုင်လအတွင်းထိ ငါးဖယ်ခြစ်ဈေး ၁၀ဆယ်သားကို (၄၀၀၀-၅၀၀၀) ကျပ်ဖြင့်သာ ရောင်းချကြောင်း ယခုဆိုလျှင် ၁၅၀၀ကျပ် ဈေးကျဆင်းလာကြောင်း၊ ဈေးကျဆင်းလာရခြင်းမှာ မြစ်အတွင်း ငါးဖယ်များ ပိုမို ထွက်ရှိလာခြင်းကြောင့် ဖြစ်သည်ဟု ငါးဖယ်ခြစ်ရောင်းချသူထံမှ သိရသည်။ ငါးဖယ်ခြစ်ကို ရန်ကုန်မှ မှာယူကြကြောင်း တစ်ခါ မှာယူပါက ၅ပိဿာခန့် ခြစ်၍ ရေခဲဗုံးဖြင့် တင်ပို့ကြောင်း၊ ယခုလများတွင် ၇ပိဿာခန့် တစ်ခါ တစ်လေ ၁၀ပိဿာခန့် တင်ပို့ရကြောင်း၊ ၁လလျှင် ၁၃၀ပိဿာနီးပါး တင်ပို့ပေးလာရကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)









