Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရန်ကုန် သီရိမင်္ဂလာဈေးမှ ဝင်နေသော သကြားပြောင်း

     သကြားပြောင်းဖူးများ ရန်ကုန်သီရိမင်္ဂလာဈေးမှ မအူပင်ကုန်စိမ်းဈေးကွက်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိသည် ။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ဖူးစားပြောင်းများ မထွက်ရှိသေးချိန်တွင် ရန်ကုန်မှ မှာယူရောင်းချကြောင်း သိရသည်။ ရန်ကုန်မှ သကြားပြောင်းဖူးများကို နေ့စဉ် အဖူး ၁၀၀ပါ ၅၀အိတ် နေ့စဉ် မအူပင် အခွန်လွတ်ဈေး ကုန်စိမ်းသည်များက မှာယူရောင်းချကြောင်း၊ ပြောင်းဖူး ၁၀၀ပါ ၁အိတ်ကို ၃ရက်အတွင်း ရောင်းကုန်ကြောင်း သိရသည်။

      ၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပါတ်က ၁ဖူးလျှင် ၈၀၀ကျပ်ဖြင့် ရောင်းချပြီး အဖူး၁၀၀ပါ ၁အိတ် တန်ဖိုးမှာ သယ်ယူစရိတ်အပါအဝင် ၆သောင်းကျပ် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၀၀၀၀ကျပ်ကို ၃ရက်အတွင်း ရရှိကြောင်း၊ ရောင်းအားကောင်း၍ သကြားပြောင်းများ ဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သကြားပြောင်းများကို  မေလမှ စက်တင်ဘာလ အထိ ပုံမှန် ဝင်ရောက်၍ ရောင်းချနေရကြောင်း ကုန်စိမ်းသည်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

စပါးလင် စိုက်ပျိုးမှု မှ မိသားစု အပိုဝင်ငွေရ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ရေလဲကျေးရွာတွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုး လုပ်ကိုင်ကြရာ စပါးလင်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ရေလဲကျေးရွာတွင် စပါးလင်ပင်များကို အိမ်ဘေးရှိ မြေကွက်လပ်များတွင်လည်းကောင်း၊ အပင်များခွဲ၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ပျိုးကြောင်း နွေရာသီကာလတွင် အပင်ထွက်နှုန်း နည်း၍  မိုးတွင်း ကာလတွင်  အပင်ထွက်နှုန်းများကြောင်း  စပါးလင် (၁) စည်းလျှင် (၅၀၀)ကျပ် ရရှိပြီးရရှိသော စပါးလင်ပင်များကို ရေလဲ ဈေးအတွင်း ဖောက်သည်သွင်းကြောင်း သိရသည်။

      မအူပင်မြို့၊ ရေလဲကျေးရွာ ပြည်သူများသည် နှစ်တိုနှစ်ရှည်ပင်များကို တစ်နိုင်တစ်ပိုင် သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း  စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အိမ်ရာကဏ္ဍရှိ MSME လုပ်ငန်းများအား ချေးငွေထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနကြိုးပမ်း

            အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (MSME) ဝန်ကြီးဌာနသည် Funding- Worthy Business (Bislaf) ပရိုဂရမ်မှတစ်ဆင့် အိမ်ရာမြေကဏ္ဍရှိ MSME လုပ်ငန်းများအား ချေးငွေထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် MSME လုပ်ငန်းများ၏ ဘဏ္ဍာရေးလိုအပ်ချက်များအား ဘဏ္ဍာရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံ သူများထံမှ ရန်ပုံငွေအခွင့်အလမ်းများနှင့် ချိတ်ဆက်ပေးရန် အားထုတ်မှုဖြစ်ပြီး တစ်ချိန်တည်းမှာ ပင် အစိုးရ၏အိမ် ၃ သန်း ပရိုဂရမ်ကို ပံ့ပိုးပေးရန်ဖြစ်ကြောင်း သိရပါသည်။ အနောက်ဂျာဗားရှိ Bogor မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ကကျင်းပခဲ့သည့် Bislaf Intimate စီးပွားရေး ချိတ်ဆက်မှုအခမ်းအနားတွင် ဝန်ကြီးဌာန၏ အသေးစားလုပ်ငန်းများဦးစီးဌာနမှ ဒုတိယအကြီး အကဲဖြစ်သူ Temmy Satya Permana က MSME လုပ်ငန်းများသည် အိမ်ဆောက်လုပ်ရေးတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်နေကြောင်း၊ ၎င်းတို့သည် MSME လုပ်ငန်းများ၏ စီးပွားရေးစွမ်းရည် တိုးတက်စေရန်ကြိုးပမ်းနေကြောင်းနှင့် သို့မှသာ အိမ် ၃ သန်း ဆောက်လုပ်ရေးတွင် ပူးပေါင်း ပါဝင်နိုင်ရန် ၎င်းတို့အဆင်သင့်ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနထံမှ အချက် အလက်များအရ အိမ်ရာမြေကဏ္ဍတွင်လုပ်ငန်းလည်ပတ်နေသည့် MSME လုပ်ငန်းပေါင်း ၁၀၄၀၀၀ ပတ်လည်ရှိပြီး ၃၅၀၀၀ မှာဆောက်လုပ်ရေးဝန်ဆောင်မှုတွင်ဖြစ်ပြီး ၇၀၀၀၀ နီးပါးမှာ ဆောက်လုပ်ရေးပစ္စည်းရောင်းချသူများဖြစ်ကြောင်း သိရပါသည်။ Permana က ထို MSME လုပ်ငန်းများသည် စိန်ခေါ်မှုများနှင့်ဆက်လက်ရင်ဆိုင်နေရပြီး အထူးသဖြင့် ချေးငွေရရှိမှုတွင် ဖြစ်ကြောင်း၊ ထိုအချက်ကိုအဆုံးသတ်ရန် Bislaf သည် MSME လုပ်ငန်းများ၏လိုအပ်ချက်နှင့် ဘဏ္ဍာရေးအသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရပရိုဂရမ်များပါဝင်သည့် များစွာသော အရင်းအမြစ်များထံမှ ဘဏ္ဍာရေးအခွင့်အလမ်းများကြားတွင် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် အိမ်ရာ ၃၅၀၀၀၀ အတွက် အိမ်ရာ ချေးငွေအထောက်အပံ့ဖော်ဆောင်ပေးမှုအစီအစဉ် (FLPP) နှင့် ကိုယ်တိုင်တည်ဆောက်သည့် အိမ်ရာအတွက်လှုံ့ဆော်မှုအထောက်အပံ့ (BSPS)  အစရှိသည့်များစွာသော ပံ့ပိုးမှုမူဝါဒများ ဖော်ဆောင်လျှက်ရှိကြောင်း သိရပါသည်။ အသေးစားလုပ်ငန်းဦးစီးဌာန၏  ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဒုတိယဌာနမှူးအကူ Ali Manshur က Intimate Business Matching အခမ်းအနားသည် ၂၀၂၅ ခုနှစ် ဇွန်လမှစတင်ကျင်းပခဲ့သည့်အခမ်းအနားများထဲတွင် ထိပ်တန်းအခမ်းအနား ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ရွေးချယ်ခြင်းခံရသည့် MSME လုပ်ငန်း ၁၆ ခုသည် pitching နှင့် pitching ပြုလုပ်ခြင်းနှင့် ဘဏ္ဍာရေးအသင်းများနှင့် တစ်ဦးခြင်းတွေ့ဆုံ မှုများပြလုပ်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

၁၅.၉.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁၅.၉.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၃၈၀၀၀) ကား (၁၀၀) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၀၃၀၀၀) ကား (၂၀) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၂၇၅၀၀)  ကား (၂၈) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၅.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

           ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင် ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၁၅.၉.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၁၅.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

          ၁၅.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀/၁၅၀၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၃၅၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၄၅၀၀အောင်ပန်းထူး-၄ ကျပ် ၅၅၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၆၅၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၄၀၀၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၂၀၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၆၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၄၀၀/၁၆၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၂၀၀/၁၄၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၁၀၀၀/ ၁၂၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၀၀/၈၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၆၅၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၀၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၂၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၈၀၀၊ ပခုက္ကူ(သစ်) ရှယ် ကျပ် ၁၆၀၀/၁၇၀၀၊  ပခုက္ကူ (သစ်) လတ်ကြီး ကျပ် ၁၅၀၀/၁၆၀၀၊ ပခုက္ကူ (သစ်) လတ်သန့် ကျပ် ၁၃၀၀/၁၄၀၀၊ ပခုက္ကူ (သစ်) လတ်ချော ကျပ် ၉၀၀/၁၀၀၀ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်း OK (သစ်) ကျပ် ၄၅၀၀၊ အောင်ပန်း A1(သစ်) ကျပ် ၃၅၀၀၊ အောင်ပန်း S 1 (သစ်) ကျပ် ၅၅၀၀ ၊ တရုတ်အာလူး ကျပ် ၆၀၀၀/ ၆၅၀၀ ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၀၀၀/၂၀၀၀ ဈေးကျပြီး၊ ကြက်သွန်နီ ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ် ၅၀ မှ ၁၀၀ အတက်အကျရှိပြီး အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးနှုန်းတက်လျက် ရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

         ၁၅.၉.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်း များမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၄၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၄၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ အများဆုံး ကျပ် ၄၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၆၅၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၂၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ ကျပ် ၄၆၅၀ တို့ အသီးသီးဖြစ် ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

            ၁၅.၉.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၁၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၇၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၇၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၂၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၇၀၀၀၊ ငါးတံခွန်မျှင်ကြီးရှယ်  ကျပ် ၂၃၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၅၅၀၀၀၊ ငါးနှပ်ခြောက် ကြီး(ရှယ်) ကျပ် ၅၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၂၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၉၀၀  ဈေး တို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၂.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၆၂၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၅၆ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၂၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၇ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၇၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၄၀၀ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၈၅၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၅၀  ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၃ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၈၅၂ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၀၀ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၀၀ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၁၂၀ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၆၀၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                  

      ၁၂.၉.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ပေါင်း(၄၁၁၁၅) အိတ်ဝင် ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

     ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၀၂၁ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၅၇ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၂၁၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၅ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၀၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၆၀ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၅၂၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၈၅  ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၅ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၈၅၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၁၀၀ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၆၇ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၀၂၅ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၅၀ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၇၅၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                

    ၁၁.၉.၂၀၂၅  ရက်နေ့သည် ၁၀.၉.၂၀၂၅ ထက် ဆန်ဝင်ရောက်မှုလျော့နည်း၍  ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း