ပန်းတနော်မြို့နယ် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၃၀၀၀ အထိ ဈေးကောင်းရရှိလာသဖြင့် မွေးမြူသူ များ အဆင်ပြေ လာကြောင်းသိရသည်။ ပန်းတနော်မြို့နယ် ကြက်ဥ၊ ဘဲဥ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ပြောပြချက် အရ သိရသည်။ ပန်းတနော်မြို့နယ်၌ စက်တင်ဘာလက ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀ အထိသာ ရရှိခဲ့ပြီး လက်ရှိတွင် ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၃၀၀၀ အထိ လက်ကားဈေးနှုန်း ကျဆင်းတည်ငြိမ်လာခြင်းဖြစ်သည်။
လက်ရှိပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ကြက်ဥ၊ဘဲဥ များသည် မအူပင်မြို့နှင့် ညောင်တုန်းမြို့မှ လည်း မှာယူရောင်းချခြင်းဖြစ်သည်။ ရောင်းချနေသော လက်လီဈေးနှုန်းအနေဖြင့် ကြက်ဥ ၁လုံး ၄၅၀ကျပ်၊ ဘဲဥ တစ်လုံးလျှင် ၅၀၀-၅၅၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
DOCA(ဧရာဝတီ)









