Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဘုရားပန်းမျိုးစုံ ဈေးနှုန်း

           ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(စတုထ္ထပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ  သပြေပန်းအငုတ် (အသေး၊အကြီး) အရွယ်အစားအလိုက်(၂၀၀၀/၂၅၀၀/၅၀၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ မေမြို့ပန်း(ကြက်လည်ဆံ)နှင့် မြေမြို့ပန်း(အက်စတာ)တစ်စီးလျှင်(၅၀၀)ကျပ် ၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၆၀၀/ ၇၀၀)ကျပ် ၊ ကျောက်နှင်းဆီ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်ကြီး တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့် အလတ်/ အပွင့်သေး တစ်စီးလျှင် (၁၀၀၀)ကျပ် ၊ ကြယ်တာယာပန်းတစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ အာစီယံသပြေ တစ်စီးလျှင်(၅၀၀)ကျပ် နှင့် တောင်ကြီးဂန္တမာ တစ်စီးလျှင်(၁၀၀၀)ဈေးနှုန်းတိုဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်း

         ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ သရက်သီးကုလားတည်ချဉ်ပြုလုပ်သည့် လုပ်ငန်းကိုပါလုပ်ကိုင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ‌ရောင်းချနေသော ပဲတီပင်ပေါက် ဈေးနှုန်းအခြေအနေ

              ကန့်ဘလူမြို့ပေါ်ရပ်ကွက်တွင် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ဖောက်ရာတွင် အသစ်ပေါ်သော ပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်း အဟောင်းကို သာရှာဝယ်ပြီး ပဲတီပင်ပေါက်ဖောက်ရကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ ‌တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်ချက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးတွင် ပဲတီပင်ပေါက် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်းအခြေအနေ

            ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်တွင်  မုန့်ညှင်းချဉ်ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း မြို့မဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအခြေအနေ

              ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင်ပါသည်။

            ၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်ကို (၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပိန္နဲသီးပြုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး  ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်ကို (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ပိန္နဲသီးပြုတ်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပိန္နဲသီးပြုတ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့ မဈေးအတွင်း ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်နေသော မုံညှင်းထုတ် ဈေးနှုန်းအခြေအနေ

             ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

          ကန့်ဘလူမြို့မဈေးအတွင်းရှိ မုံညှင်းထုတ် ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထအပတ်တွင် မုံညှင်းထုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘိုစားပဲစို ဈေးနှုန်းအခြေအနေ

           ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ဘိုစားပဲကိုလည်း စိုက်ပျိုးလျက်ရှိပြီး ရာသီစာ ဘိုစားပဲစိုကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ် နေသော ကန့်ဘလူမြို့၏ ဘိုစားပဲစို ဈေးနှုန်းများမှာ ဘိုစားပဲစို တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ ဘိုစားပဲစို  နို့ဆီ တစ်ဘူးလျှင် (၁၂၀၀) ကျပ် ဈေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်နေသော ရုံးပတီသီး ဈေးနှုန်းအခြေအနေ

           ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်း များကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ပဲကြီးအစိုညှစ် ဈေးနှုန်းအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ပဲကြီးသည်လည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးပြီး လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

                ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲကြီးအစိုညှစ် ဈေးနှုန်းများမှာ ပဲကြီးအစိုညှစ် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ပဲကြီးအစိုညှစ် နို့ဆီ တစ်ဘူး လျှင်(၁၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ‌‌ရောင်းချနေသော ‌ရွှေပဲသီး ဈေးနှုန်း/ ‌ဈေးကွက် အခြေအနေ

             ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေးအတွင်းရှိ ရွှေပဲသီး ဈေးနှုန်းမှာ ရွှေပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း