Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

   မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကို လည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီး ကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

          မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥဥကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အကြီးတစ်လုံး လျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရ သည်။

DOCA( စစ်ကိုင်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၂၂၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်ရှိ ချဉ်ပေါင်ရွက်၊ ကန်ဇွန်းရွက်နှင့် ဆူးပုတ်ကြီးရွက်ဈေးနှုန်း

    မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့် ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုး ထွက်ရှိ သော သီးနှံများမှ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ကြီးရွက် နှင့် ကန်ဇွန်းရွက်များကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်သို့ ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ဖြစ်ပေါ်နေ သော ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၀၀)ကျပ်မှ(၂၀၀)ကျပ်ထိလည်းကောင်း၊   ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် (၁) စီးလျှင် (၂၀၀)ကျပ်၊ (၃) စည်းလျှင် (၅၀၀)ကျပ်နှင့် ဆူးပုတ်ကြီးတစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၇၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော တည်သီးနှင့် ထောပတ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ တည်သီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍ကာ  သရေစာ အဖြစ်လည်းစားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း တည်သီး ဈေးနှုန်းမှာ တည်သီးအကြီး()လုံးလျှင်(၁၇၀၀)ကျပ်နှင့် တည်သီး()လုံးလျှင်(၁၀၀၀၀)ကျပ် ၊အသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီးအကြီး()လုံးလျှင် (၁၃၀၀)ကျပ်၊ ()လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်()လုံးလျှင်(၁၀၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၇၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကျလာသောဂျူးမြစ်၏ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် မိုးနည်းရပ်ဝန်း အပူပိုင်းဒေသဖြစ်သောကြောင့် ဂျူးပင်များ စိုက်ပျိုးဖြစ် ထွန်းမှုမရှိကြောင်း၊ မြင်းခြံမြို့အေးမြသီတာဈေးတွင် ရောင်းချနေသော ဂျူးမြစ်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဒုတိယပတ်တွင် ဂျူးမြစ် ၂၅ ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ် တွင် ဂျူးမြစ် ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ် ပေါက်ဈေးများရှိ ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်ဂျူးမြစ် ၂၅ ကျပ်သားလျှင်(၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ဂျူးမြစ်များထွက် ပေါ် ချိန်ဖြစ် သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊အရည်အသွေးနှင့် လတ်ဆတ်မှု အပေါ်တွင် ဈေးနှုန်းများ အနည်းအငယ် ကွာခြားကြောင်း၊ စားသုံးမှုများ၍ ဒေသတွင်း အရောင်း အဝယ် ကောင်းကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ စားသုံးမှု အနေဖြင့် ဂျူးမြစ်နှင့် ကြက်ခြေထောက်မာလာသုပ်၊ ဂျူးမြစ်ထောင်း၊ ဂျူးမြစ်အစပ်ကြော် စသည်တို့ဖြင့် အမျိုးမျိုး ချက်ပြုပ်စားသောက်ကြကြောင်း၊ ဂျူးမြစ်သည် အရေပြားကျန်းမာ ရေးအတွက် များစွာ အကူပြုပြီး၊ အစိုဓာတ်ထိန်းပေး၍ အသားအရည်ကြည်လင်လှပကြောင်း၊ အစာခြေစနစ် ကိုကောင်း မွန်၍ အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်း ပြဿနာများကို သက်သာ စေကြောင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသောကြောင့် လတ်ဆတ်သော ဂျူးမြစ်များကို ရွေးချယ်စားသုံးသင့် ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့၏ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာ သီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ် ဖြင့်လည်းကောင်း ၊မာလကာသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊(၂)လုံးလျှင်(၁၅၀၀)ကျပ်၊အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း