Main menu

လူကြိုက်များ၍ အရောင်းသွက်သည့် အာဆီယံသပြေပန်းပျိုးပင်ဈေးနှုန်း

Powered by Drupal

      ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော အာဆီယံသပြေပန်းပျိုးပင်များကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ သပြေပန်းသည် မြန်မာလူမျိုးတို့ ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် မပါမဖြစ် အသုံးပြုကြသောပန်းဖြစ်ပါသည်။ အာဆီယံသ ပြေပန်းပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက်သည့် အပင်မျိုးဖြစ်ပါသည်။ အာဆီယံသပြေ၏ အညွှန့်လေးတွေသည် ရဲရဲတောက်အောင်လှပပါသည်။ အာဆီယံ  သပြေပန်းပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များတွင် အလှစိုက်ပျိုးရန်နှင့် အာဆီယံသပြေပန်းပင်များကို မိသားစု တစ်နိုင်တစ်ပိုင် ဘုရားပန်းအဖြစ် စိုက်ပျိုးရောင်းချသူများမှ အများဆုံး လာရောက်ဝယ်ယူကြကြောင်း၊ အာဆီယံသပြေပန်းပျိုးပင် တစ်ပင်လျှင် အရွယ်အစားပေါ်မူတည်၍ အသေး()ပင်လျှင်(၁၅၀၀)ကျပ်၊ အကြီး()ပင်လျှင် (၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)