Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်အတွင်းရှိ ဆန် နှင့် အခြေခံစားကုန်များဈေးနှုန်းစျေးကွက်

  တောင်ငူမြို့ ဈေးလမ်းနှင့် မြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများတွင် ယခင်လက ပိဿာ(၃၀)နှံကောက် ၁ အိတ်လျှင် ၄၅၀၀၀ ကျပ် ရှိပြီး ယခုအောက်တိုဘာလ ဒုတိယအပတ်တွင်လည်း ပိဿာ(၃၀)နှံကောက် ၁ အိတ်မှာ ၄၅၀၀၀ ကျပ်နှင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါသည်။ ယခင်လက ဗျော့ထွန်း အဟောင်း ၁ အိတ် ၇၂၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ်တွင် ဗျော့ထွန်းအဟောင်း ၆၅၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာပြီး ဗျော့ထွန်းအသစ်မှာ ယခင်လက ၆၈၀၀၀ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၆၀၀၀၀ ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိသည်။

   ဖွဲနု ၁ အိတ်လျှင် ယခင်လက ၃၀၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၂၈၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁ အိတ် ယခင်လက ၄၀၀၀၀ ကျပ်၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၃၈၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပြီး အခြေခံစားကုန်များအနေနှင့် မြေပံဆံ ၁ ပိဿာ ၈၁၀၀ ကျပ်၊ ကုလားပဲခြမ်း ၁ ပိဿာ ၆၇၀၀ ကျပ်၊ သကြား ၁ ပိဿာ ၅၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား (၃၅ကျပ်သား)၁ ထုပ် ၈၀၀ ကျပ် ၊ရိုးရိုးဆားကြမ်း၁ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူအလတ် ၁ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်နီ အလတ် ၁ပိဿာလျှင် ၁၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အပု ၁ပိဿာ ၁၅၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည် ၁ပိဿာလျှင် ၁၁၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စုံဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ အာလူး ဈေးနှုန်းမြှင့်တက်ပြီး ငရုပ်သီးခြောက်ဈေးနှုန်းတည်ငြိမ်လျှက်ရှိ

   တောင်ငူမြို့ရှိ မြို့မဈေးနှင့် ဈေးလမ်း အနီးရှိ ပွဲရုံများတွင် အာလူးဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခင်လတွင် အာလူး အသေး/ အလတ်/ အကြီးဟူ၍ ၃ မျိုးခွဲပြီးရောင်းချလျက်ရှိရာ အာလူးအသေး ၁ ပိဿာ ၂၃၀၀ ကျပ် ၊ အာလူး အလတ် ၁ ပိဿာ ၃၀၀၀ ကျပ်၊ အာလူး အကြီး ၁ ပိဿာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်သာရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် အာလူး အသေး ၁ ပိဿာ ၄၃၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာပြီး အာလူး အလတ် ၁ ပိဿာ ၅၀၀၀ ကျပ် ၊ အာလူး အကြီး ၁ ပိဿာ ၆၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

          ယခင်လတွင် ငရုပ်သီးခြောက် အပု ၂၅ ကျပ်သား ၄၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုပ်သီးခြောက် အရှည် ၂၅ ကျပ်သား ၃၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၁၀၀၀ ကျပ်သာရှိပြီး ယခင်လနှင့် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်း၊ အာလူး နှင့် ငရုပ်သီးခြောက် ၅ ပိဿာနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း လက်ကားဖောက်သည်ယူသည့် အကြော်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် လက်လီရောင်းချသည့် ဈေးနှုန်းထက် ၅၀၀ ကျပ်သာ ကွာကြောင်း ရောင်းချသည့် ပွဲရုံများမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပွင့်လင်းရာသီပြည်ပပို့ကုန်တိုးမြှင့်မည့် ဧရာဝတီမှ ရွှေဖြူဈေးကွက်

          စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်အားလျော်စွာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအမယ်ပေါင်းများစွာ အောင်မြင်ဖြစ်ထွန်းသည့် ရေခံ၊ မြေခံကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များမှ ပြည်တွင်းစားသုံးမှုနှင့် . ပြည်ပဝင်ငွေရှာဖွေပေးနေ သလို ဧရာဝတီတိုင်းဒေသကြီးသည်လည်း သဘာဝမှ လက်ဆောင်ပေးထားသည့် မြေဆီ၊ မြေနှစ် သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသားတင်စိုက်ပျိုးနိုင်သော မြေဧက ၄၄၈၈၇၁၉ ရှိသည့်အနက် လယ်စိုက်ဧက ၃၇၂၁၂၇၆ ပဲမျိုးစုံစိုက်ဧက ၁၆၁၂၅၁၂ လယ်ယာကိုင်းကျွန်းသီးနှံစိုက်ဧက ၂၅၁၈၇၁ ဥယျာဉ်ခြံမြေစိုက်ဧက ၄၃၃၆၇ ၊ ဓနိ စိုက်ဧက ၄၁၂၇၇ ၊ နှစ်ရှည်သီးနှံသီဟိုဠ်စိုက်ဧက ၆၅၉၃၃ စိုက်ပျိုးလျက်ရှိသည့်အပြင် နှစ်ရှည် (စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကိုလည်း စိုက်ပျိုးလျက်နေပါသည်။

          ရော်ဘာကိုမြန်မာနိုင်ငံ၏ အနှံ့အပြားမှာစိုက်ပျိုးလျက်ရှိပြီး ရော်ဘာလုပ်ငန်းသည် တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ ဈေးကွက်လွန်စွာ ကြီးမားကျယ်ပြန့်လှပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတွေအနေနဲ့နိုင်ငံတကာ လိုအပ်ချက်ကြီးမားတဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အလေးထားဆောင်ရွက်နေသလို မိမိတို့မြန်မာနိုင်ငံသည်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေအနက် တစ်ခုအပါအဝင်ဖြစ်ကာ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း နှစ်ရှည်(စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကို စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံအတွင်းဒေသအလိုက် ရော်ဘာအထွက်နှုန်းတိုးတက်စေရန် သတ်မှတ်ထားသော ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် BPM-24/ PRIM-25 ရော်ဘာမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်မြို့နယ်ရှိ အရောင်းသွက်တဲ့ ပဲပြားဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ပြည်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပင်ပေါက်နှင့် ပဲပြား သည်လည်း မပါမဖြစ် တွဲ၍ စားသုံးသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများ အတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်ချို့တဲ့မသွားအောင် ပဲပြားကို စားသုံးကြတာဖြစ်ပါတယ်။ ပဲပြားကို ကြော်ပြီး အစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်ပြီးလည်း ချက်စားကြပါတယ်။ ဒါ့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ ပဲပြားကို ကြော်ပြီးစားသုံးကြသလို သုပ်၍လည်း စားသုံးကြသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၂)တုံးတစ်တွဲလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။

DOCA(ပဲခူး)

ပဲစောင်းလျားသီးစျေးနှုန်း/စျေးကွက်

    ထားဝယ်မြို့၊စည်ပင်သာယာစျေးအတွင်းတွင် ပဲစောင်းလျားသီးများ ရောင်းချလျက်ရှိပါသည်။ အသီးများကို အနီးနာကျေးရွာအတွင်းရှိ ခြံစိုက်ပျိုးသူများက လာရောက်‌ ရောင်းချလျက်ရှိပါသည်။ ယခု အချိန်သည် ဒေသထွက် ပဲစောင်းလျားသီးများလှိုင်လှိုင် ထွက်ချိန်ဖြစ်၍ ပေါများစွာဝယ်ယူရရှိနိုင်ပါသည်။ အကြီးအသေးပေါ်မူတည်၍ စျေး အနည်းငယ်ကွာခြားပါသည် အကြီး(၁၀)တောင့်လျှင် ၁၀၀၀ကျပ်ဖြစ် ပြီးအလတ်(၁၃) တောင့်လျှင် ၁၀၀၀ကျပ်ဖြစ်ဝယ်ယူ နေရကြောင်းအိမ်ရှင်မ တစ်ဦးထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

ပြည်မြို့အတွင်း ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ဈေးတွင် အောက်တိုဘာလ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော် (၁)လုံးလျှင် (၃၀၀၀) ကျပ်၊ တောင်ခွေးရဲကျေးရွာမှ ထွက်ရှိသော ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ၊ သီးမွှေး ငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ မာလကာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ လိမ္မော်သီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ စပျစ်သီး အစေ့လွတ် (၁၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၅၀၀၀-၇၀၀၀)ကျပ်၊ မော်လမြိုင်ကျွဲကောသီး တစ်လုံးလျှင် (၃၀၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း၊ ပြည်မြို့၊ မြို့သစ်ဈေးအတွင်း ရောင်းချ နေသော အသီးဆိုင်မှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ရေထဲက ဂျင်စင်း (သို့)ငါးသလဲထိုးငါးဈေးနှုန်း

  ငါးသလဲထိုးငါးသည် ရေချိုငါးစိတ်မျိုးများဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမဲရောင် အစက်အပျောက်များပါရှိသည်။ ငါးသလဲထိုးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝ သော ရေထွက်ကုန်ဖြစ်၍ ရေထဲက ဂျင်စင်းဟု တင်စားခေါ်ဆိုကြသည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်ပါသည်။

    ငါးသလဲထိုးငါးကို ငါးလေးအိုးအပ်ဟင်းအဖြစ် ရှေးယခင်က တောသူတောင်သား အစားအစား အဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ရိုးရာအစားအစာအဖြစ် ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီး များတွင် တခမ်းတနား ရောင်းချနေသည်ကို တွေ့ရသည်။

          ပြည်ဈေးကွက်တွင် ငါးသလဲထိုးငါးများ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ပြည်မြို့၊ မှော်ဇာဘက်မှလာရောက်ရောင်းချကြောင်းသိရသည်။ငါးသလဲထိုးငါးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချပြီး (၁)ပိဿာဈေးနှုန်းမျာ (၃၈၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ရှိ ပိန်းဥဈေးနှုန်း/ဈေးကွက်

     ရာသီစာဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသထွက် ပိန်းဥကို ထားဝယ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထားဝယ်မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံ ပိန်းဥ စိုက်သူများသည်  အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။  

       ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှုန်းတို့ဖြင့် ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (တနင်္သာရီ)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမယ်သစ်ယိုးဒယားမျိုး (အုန်းချိုမွေး)စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတလျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လက်ညှိုးထိုးမလွှဲသော အပင်အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေချိုရေငံစပ် ဒေသများတွင် အုန်းပင်ဖြစ်ထွန်းမှုအားကောင်းပြီး ရေချိုပိုင်းတွင် ရေငံပိုင်းလောက်အုန်းပင် ဖြစ်ထွန်းမှုနည်းပါးသော်လည်း မြို့နယ်တိုင်းတွင် အုန်းပင်စိုက်ပျိုးလျက်ရာ အုန်းပင်မှအုန်းသီး၊ အုန်းဆီ၊ အုန်းသားခြောက်၊ အုန်းခွံမီးသွေး၊ အုန်းသီးလက်မှုပစ္စည်းများ အုန်းတံမြက်စည်း၊ အုန်းဆံကြိုး၊ ခြေသုတ်ခုံများ ပြုလုပ်သုံးစွဲလျက်ရှိသည့်အတွက် အုန်းတစ်ပင်လုံးအသုံးဝင်ပြီး မြန်မာ့ရိုးရာအစားအစာများတွင် မပါမဖြစ်ပါဝင်နေသော အုန်းပင်များမှာတိုင်းအတွင်းစိုက်ဧက ၁၆၅၀၀၀ ကျော်ကြောင်းသိရသည်။

          တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများစွာရှိပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် ဓနုဖြူမြို့နယ် ယင်းဒကစ်ကျေးရွာရှိ ရေနက်ကွင်းတွင် လွန်ခဲ့သော၅နှစ်ခန့်မှစတင်၍ ALLOY Co,.Ltd မှအမယ် သစ်ယိုးဒယားမျိုး(အုန်းချိုမွေး)အုန်းသီးအနုအုန်းစိမ်းရည် အရည်သောက် အုန်းပင်များစတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် ယခင်က အသုံးမပြုသော ရေနက်ကွင်းမြေကိုစနစ်တကျပြုပြင်၍ ရေတစ်ဘောင်ကုန်း တစ်ဘောင်စိုက်ပျိုး နည်းစနစ်ဖြင့် အုန်းချိုမွေးစိုက်ဧက ၁၈၀ စိုက်ပျိုး ခဲ့ပါသည်။ အုန်းချိုမွေး ၁ဧကအတွက် အပင်ရေ ၉၀စိုက်ပျိုး၍ ၁ပင်ကို၁နှစ် ၁၈ခိုင်ထွက်ရှိပြီး ပျှမ်းမျှ အလုံးရေ ၁၂၆လုံးခန့်သီးကြောင်း ၁ ဧကကို ၁နှစ်အုန်းသီး ၁၁၃၄၀ ဝန်းကျင် ရရှိမှာဖြစ်သလို အုန်းစိုက် ဧက၁၈၀ အုန်းပင် ၁၆၀၀၀ အတွက် ၁နှစ် လျှင်ပျမ်းမျှအုန်းသီး အလုံးရေ သိန်း၂၀ ဝန်းကျင်ရရှိမှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ရှိ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းများ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး နှင့်ရှောက်သီးများကို နေရာတော်တော်များများတွင် အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများ ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာ သီး(အကြီး)(၁)လုံးလျှင် (၄၀၀/၅၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင်(၂၅၀/၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး (အကြီး)(၁)လုံးလျှင် (၈၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ယခုအခါ စည်ပင်သာယာဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားမှု ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း