
၁၃-၁၀- ၂၀၂၅ ရက်နေ့တွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့မဈေးအတွင်းတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးရောင်းချလျက်ရှိသည်။ ၊ အောက်တိုဘာလ(တတိယပတ်)တွင် ပန်းတနော်မြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ကန်းစွမ်းရွက် ၂စီးလျှင် ၅၀၀ကျပ်၊ ကန်စွမ်းရိုးနီ တစ်စီးလျှင် ၃၀၀ကျပ်၊ ခရမ်းချဉ်သီး ၁ပိဿာ ၁၅၀၀၀ကျပ်၊ ရုံးပတီသီး(၁၀) လုံးလျှင် (၅၀၀) ကျပ်၊
ရှမ်း ဂေါ်ဖီထုတ် တစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ ရှမ်းပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၄၀၀၀)ကျပ်၊ မုန်လာဥနီ တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည် ၁၀တောင့် တစ်စည်းလျှင် (၈၀၀)ကျပ်၊ ချဥ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ ပဲကြီး ၁ဆယ်သားလျှင် ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး ၁လုံးလျှင် ၅၀၀ကျပ်၊ ငရုတ်သီးစိမ်း ၁၀ဆယ်သားလျှင် ၆၀၀ကျပ်၊ မျှစ် ၁ဆယ်သားလျှင် ၄၀၀ကျပ်၊ ပဲပြား ၂တွဲပါ တစ်တုံး ၈၀၀ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
