Main menu

ငါန်းဇွန်မြို့နယ်၏ နိုဝင်ဘာလ ပထမပတ်စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

             ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၂၀)ကျပ်၊ 95 Octance(၃၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၅၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေးများသည်ယခင်အပတ်ထက် ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်တို့အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး 92 Octanceတွင် (၉၅) ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီး ဈေးနှုန်း ကျဆင်းခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)