Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။  

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ ပေါ်နှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ()စည်းလျှင် (၁၀၀)ကျပ်၊ ()စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ()ပုံလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခါကြက်ဥဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းဥနှင့်ပိန်းဥစျေးနှုန်းစျေးကွက်

     ကမ်းနားလမ်းစျေးနှင့် သီရိမာကုန်စိမ်းစျေးအတွင်း ပိုမိုဝင်ရောက် လျက်ရှိ‌ကြောင်းသိရှိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိ ယပတ်အတွင်း  ကန်စွန်းဥနှင့် ပိန်းဥ တစ်တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊ လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက် လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းသီးစျေးအနည်းငယ်ကျဆင်းလျက်ရှိ

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ကြောင်း  သိပါသည်။ ခရမ်းသီးမှာ   မန္တလေး တိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင် လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ကျပ်၊လက်လီစျေး  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက် လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

 

      မုန့်ညင်းဖြူစျေးအနည်းငယ်ကျ

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက် လျက်ရှိပြီး၊မုန့်ညင်းဖြူဟင်းရွက်မှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။ မုန်ညင်းဖြူမှာ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်း သွားကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  မုန်ညင်းဖြူ တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အရောင်းသွက်သည့်ကင်းပုံသီး

       မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ကင်းပုံသီးမှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။      ကင်းပုံသီးမှာ အချိုမျိုး နှင့် အခါး မျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံး နိုင်ကြောင်း သိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  ကင်းပုံသီးအချိုသီး  (၂၅) လုံးလျှင် ၂၅၀၀ ကျပ်နှင့်၃၀၀၀ ကျပ်၊အခါးသီး (၂၅)လုံးလျှင် ၁၃၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၂၅၀၀ကျပ်နှင့် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

စကားဝါပန်းများအရောင်းသွက်လျက်ရှိ

    မန္တလေးမြို့၊ထနောင်းပင်စျေးတွင်‌ မိုးရာသီဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများ ပြား ပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်စကားဝါပန်းနှင့်စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း စျေးနှုန်းများမှာ  စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကားစျေး၂၀၀ဝိ/-နှင့် ၂၅၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၂၀၀ကျပ်စျေးတို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

                                                                              

သခွားမွှေးသီးစျေးအနည်းငယ်တက်

      သခွားမွှေးသီးမှာ စျေးကွက်အတွင်း ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီးသီးနှံမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်း ဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧက ကျော် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း သခွားမွှေးသီး‌ စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်သစ်သီးစျေးကွက်

      အလှူပွဲနှင့်ဘုရားပွဲများကျင်းပသည့် ဝါတွင်းကာလအခါသမယတွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်းသွက်လျက် ရှိကြောင်းသိရပါသည်။ မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉လမ်း နှင့် ၃၁လမ်းကြား၊၈၄လမ်းရှိ သစ်သီးပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၂၀၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လိမေ္မာ်သီးအပွ(အလုံးကြီး)  ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့်ရွှေလိမ္မော် ၁၂၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊ထောပတ်သီး (Hass မျိုး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့်သစ်သီး တစ်လုံးစျေးတို့မှာ နဂါးမောက် သီး (ခရမ်းရောင်) ၁၀၀ဝိ/-နှင့်၁၂၀ဝိ/-၊နဂါ်းမောက်သီး(အဖြူ) ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-၊ ကျွဲကောသီး (မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ ပန်းသီးအလုံးကြီး (အကျွတ်သီး) ၂၅၀ဝိ/-နှင့် ၃၅၀ဝိ/-၊ ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ပန်းသစ်တော်သီး(အလုံးကြီး)၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-  စျေး၊ သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ ရင်ကွဲသရက်သီးတစ်လုံးလျှင် ၁၂၀ဝိ/-နှင့် ၁၅၀ဝိ/- စျေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာသီးမွှေးငှက်ပျောသီး

       မန္တလေးစျေးကွက်အတွင်း  ရာသီစာသီးမွှေးငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်  ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့် မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲကြောင်း သိရပါသည်။ မတ္တရာမြို့နယ်ထွက် ငှက်ပျော သီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျော သီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီး တစ်လုံး နှင့်သုံးစွဲသည့်ငှက်ပျော ခိုင်အရေ အတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်း များ အနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင် ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ရာသီစာသီးမွှေးငှက်ပျောသီးမှာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း