Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“တစ်ပိုင်တစ်နိုင်စိုက်ပျိုးသောရှောက်သီးများဈေးကောင်းရရှိ”

     ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ရှောက်ပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ရှောက်ပင်အမျိုးအစားများမှာ ဗမာမျိုး၊ ရှောက်ဘီလူးမျိုး၊ ရှောက်သခွားမျိုးဟူ၍ စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ဗမာမျိုးများဖြစ်ပြီး၊ ဗမာရှောက်သီးမျိုးသည် အခွံပါး၍ အရည်ရွှမ်းသောကြောင့် လူကြိုက်များကြောင်း၊ ခရိုင်အတွင်း ရှောက်ပင်ကို ဧကလိုက် စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ အပင်လျင်မြန် ကြီးထွား စေရန်နှင့် ပန်းပွင့်ချိန်နှင့် အသီးပေါ်ချိန်များတွင် ရေလှုံလောက်စွာသွင်းပေးရပြီး မြေဆီမြေဩဇာကျွေးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်နှင့် တစ်နှစ်ခွဲသားတွင် စတင်၍ အသီးသီးကြောင်း၊ အချို့စိုက်ပျိုးသူများမှာ ရှောက်ကိုင်းဆက်ပျိုးပင်ကို ဝယ်ယူစိုက်ပျိုးပါက (၆)လ (၁)နှစ် အကြာတွင် စတင်၍ သီးကြောင်း၊ အပင်အောင်မြင် ဖြစ်ထွန်းပါက တစ်ပင်လျှင် (၃၀-၄၀)လုံးခန့်သီးကြောင်း၊ ရှောက်သီးဈေးနှုန်းအနေဖြင့် လက်ကား (၁)လုံးလျှင်(၃၀၀/-)ကျပ်၊ လက်လီတစ်လုံးလျှင်(၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ရှောက်သီး စိုက်ပျိုးသော ခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ တစ်ဆင့် ရန်ကုန်မြို့၊ မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ရှောက်ပင်စိုက်ပျိုးရာတွင် အသီးသာမက အညွှန့်ပါရောင်းချရသောကြောင့် စိုက်ပျိုးရကျိုးနပ်ကြောင်း၊ ရှောက်သီး စားသုံးခြင်းဖြင့် လေငန်းရောဂါ ၊ သွေးတိုးရောဂါ ၊ အစာမကြေခြင်းနှင့် အတက်စာများ စားသုံးမိပါက ရှောက်သီးဖျော်ရည်ကို သောက်ပေးရကြောင်း၊ ရှောက်ရွက်စားသုံးပေးခြင်းဖြင့် လေငန်းရောဂါသက်သာပျောက်ကင်းစေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန်သာယာဈေးရှိ  သစ်သီးဆိုင် များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ မန်ကျည်းပင်‌ဈေးတွင်ရောင်းချလျက်ရှိသော အားလူးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ တောင်သူများက မုန့်ညှင်းရွက်၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်သီး၊ ရှမ်းနံနံ၊ အာလူး၊ ကန်စွန်းရွက်နှင့် အခြားဟင်းချက်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍သော်လည်းကောင်း၊ စီးပွားဖြစ်စိုက်ပျိုး ပြီးထွက်ရှိသောသီးနှံများကို မန်းကျည်ပင် ဈေးတွင်လာရောက်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ‌ရောင်းချလျက်ရှိသော အာလူးဈေးနှုန်းမှာ (၅၀) ကျပ်သာလျှင် (၃၀၀၀) ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှသိရပါသည်။ ယခင်ပတ်နှင့် အာလူးဈေးနှုန်းနှိုင်းယှဉ်ကြည့်ရာ  (၁) ပိသာလျှင် (၄၅၀၀)ကျပ်ဖြစ်ပြီး (၁၅၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

“ဂေါ်ရခါးသီးဈေးနှုန်းများအနည်းငယ်မြှင့်တက်”

      ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့်ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း ဂေါ်ရခါးသီး သီးနှံသည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရကြောင်းဂေါ်ရခါးသီးကိုလူကြိုက်များသောကြောင့် ဝယ်လိုအားရှိကြောင်း၊ ယခုလက်ရှိ ဂေါ်ရခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လတွင် လက်ကားဈေး တစ်ပိဿာကို (၄၀၀၀/-) ကျပ်၊ ယခုလတွင် လက်ကားဈေး တစ်ပိဿာကို (၄၂၀၀-၄၃၀၀) ကျပ် ရှိကြောင်း၊ ယခင်လတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ ယခုလတွင် လက်လီဈေး တစ်ပိဿာလျှင် (၄၆၀၀-၄၇၀၀)ကျပ်၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် ဂေါ်ရခါးသီး တစ်ပိဿာကို(၄၀၀-၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်ရောင်းချရကြောင်း၊ အလုံးတစ်လုံးခြင်းရောင်း ချပါက လက်ကားတစ်လုံးလျှင်(၃၀၀-၃၅၀/-)ကျပ်ဈေးရှိပြီး လက်လီတစ်လုံးလျှင်(၄၀၀-၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်တို့ ပါဝင်နေသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးပေးခြင်းဖြင့် မွေးရာပါ ချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းနှင့် ခန္ဓာကိုယ် သက်လုံကောင်းစေပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်း ချက်ပြုတ်ရာတွင် လည်းကောင်း မုန့်နှစ်နှင့်ကြော်စားရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါကြောင်း ၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင်ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ထောပတ်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် ထောပတ်သီးများကို အများအပြားရောင်းချနေကြကြောင်း သိရသည်။ ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

          ထောပတ်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍လည်းကောင်း၊  သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ထောပတ်သီးအကြီး(၁)လုံးလျှင် (၁၃၀၀)ကျပ် (၄)လုံးလျှင်(၅၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၇၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ ဒေသထွက် သလဲသီးနှင့် ရှောက်ပန်းသီးဈေးနှုန်းများ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် ရှောက်ပန်းသီးများ လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့် ရှောက်ပန်းသီးပင်များကို ကန့်ဘလူမြို့ပေါ် ရပ်ကွက်များနှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၀၀၀) ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀)ကျပ်၊ ရှောက်ပန်းသီးအကြီး(၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် အသေး (၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်တုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်တုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်တုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်တုပ်()ပိဿာလျှင် (၆၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၆၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ်()ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံဈေးကွက်၌ဂေါ်ရခါးသီး သီးနှံများဈေးနှုန်းကျဆင်းလာခြင်း

    မြင်းခြံမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းမှုမရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပြည်သူများစားသုံးရန်အတွက် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀-၃၀၀) ကျပ်၊ (၁၀)လုံး လျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လ ဩဂုတ်လဒုတိယပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၄၀၀-၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခုလတွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၁၅၀-၂၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊  အလုံးအကြီးအသေးနှင့် အရည်အသွေးပေါ်တွင် မှုတည်ပြီးဈေးနှုန်းများ ကွာခြားကြောင်း၊ ရာသီကာလထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုး ဖြစ်ထွန်းမှုမဖြစ်သော သီးနှံဖြစ်ပြီး ရာသီပေါ် ဂေါ်ရခါးသီး သီးနှံသည် စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ လက်လီ၊လက်ကားအနေဖြင့် နေ့စဉ် အလုံးအရေအတွက် (၃၀၀-၅၀၀) လုံးခန့်ရောင်းချရကြောင်း၊ ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံဒေသ၏ အောင်မြင်ဖြစ်ထွန်းနေသောမိုးနှံစားပြောင်းသီးနှံစိုက်ပျိုးထားရှိမှု

     မြင်းခြံဒေသသည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သောကြောင့် မိုးရာသီ ကာလ၌ မိုးသီးနှံ များကို အားထားစိုက်ပျိုးရကြောင်း၊ ဒေသအတွင်းရှိ‌‌ကျေးရွာများတွင် မိုးနှံစားပြောင်း သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ထွက်တိုးနီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးနှံစားပြောင်းစိုက် ဧက (၅၆၇၆)ဧကစိုက်ပျိုးထားရှိကြောင်း  မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်း များအရသိရှိရသည်။  နှံစားပြောင်းကိုတိရစ္ဆာန် အစာအဖြစ်အသုံးပြုရန်အများဆုံးစိုက်ပျိုး ကြကြောင်း၊ အသားတိုးနွား၊ နို့စားနွားမွေးမြူရေး လုပ်ငန်း များအတွက်အသုံးပြုကြောင်း၊ ၎င်းသည်အစာအဟာရဓာတ်မှာ သင့်လျော်စွာပါဝင်ကြောင်း၊ နှံစား ပြောင်းထွက်ပေါ်ချိန်တွင် ရန်ကုန်မြို့သို့တင်ပို့ကြောင်းသိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်း အနေဖြင့် (၁၂-၁၃) တင်းခန့်ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း