Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်း

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်းကုန်စိမ်းဈေး အတွင်း သံပရာသီးသည် မိုးရာသီတွင်ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများ အနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူထံမှသိရှိရပါသည်။ သံပရာသီးကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေးအတွက်လည်း သုံးစွဲခြင်းကြောင့် သံပရာသီးကို သုံးစွဲသူများပြားကြကြောင်းလည်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ် ယခုနိုဝင်ဘာလ တတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်းမှာ တစ်လုံး လျှင် (၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)