Main menu

တနင်္သာရီတိုင်း ဓနိပျားဝယ်ယူနေမှုနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းသည် ပင်လယ်ဝန်ရံလျက်ရှိသည့်အပြင် သဘာဝပေါက်ပင်များပေါက်ရောက် သောဒေသလည်းဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ရာ တနင်္သာရီတိုင်းတွင် သဘာဝ အလျောက်ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များမှ ထုတ်လုပ်သော ဓနိပျားသည် ဒေသတွင်းစီးပွား ဖြစ်လျက်ရှိသည်။ ဓနိပျားကို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်ရှိ တညက်ကျေးရွာနှင့် တုန်းဗျောကျေးရွာ တို့တွင် အဓိကထွက်ရှိပြီးတောနောက်လယ်တို့တွင်လည်းထွက်ရှိပါသည်။ ထွက်ရှိသော ဓနိပျားများ ကို မုန့်များပြုလုပ်ရာတွင် သုံးစွဲကြပြီး တညက်ကျေးရွာနှင့် တုန်းဗျောကျေးရွာမှ ထွက်ရှိသော ဓနိပျားများကို အသုံးပြုရာတွင် အနည်းငယ်ချဉ်သောအရသာရှိသောကြောင့် တောနောက်လယ်နှင့် ထားဝယ်မှဓနိပျားများကို မှာယူလျက်ရှိကြသည်။ တောနောက်လယ်မှ ဓနိပျားသည် အရသာ ကောင်းသောကြောင့် လူကြိုက်များပြားလျက်ရှိပြီး ထွက်ရှိမှုနည်းပါခြင်းကြောင့် ထားဝယ်မှ ဓနိပျား များကို အဓိကမှာယူလျက်ရှိကြောင်းသိရှိရပါသည်။ ထားဝယ်မြို့မှ ဝယ်ယူရာတွင် ဆယ်ပိဿာခန့် ဓနိပျားတစ်ပုံး လျှင် ကျပ် ၄၂၀၀၀ ခန့်ရှိပြီး သယ်ယူပို့ဆောင်စရိတ်ပေါင်း၍ မြိတ်မြို့တွင် ဆယ်ပိသာ ခန့် ဓနိပျားတစ်ပုံးလျှင် ကျပ် ၅၀၀၀၀ ခန့်ဖြင့်‌ရောင်းချလျက်ရှိကြောင်းသိရှိရါပါသည်။ တောနောက် လယ်မှ ဓနိပျားစျေးနှုန်းသည် ဆယ်ပိဿာခန့် တစ်ပုံးလျှင် ကျပ် ၄၅၀၀၀ ခန့်ရှိပြီး မြိတ်မြို့တွင် ကျပ် ၅၂၀၀၀ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)