Main menu

အရောင်းသွက်သည့်မန္တလေးတည်သီးစျေးကွက်

Powered by Drupal

           မန္တလေးစျေးကွက်သို့  နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာတတိယပတ်အတွင်း  ဖြစ်ပေါ် သည့်စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်စျေး၊ထုံးရည်စိမ်၍ အကြွပ်သီးအဖြစ်ရောင်းချရာတွင်အလုံး(ကြီး) ၅၀၀ ကျပ်နှင့် ၇၀၀ကျပ်၊ အလုံး(လတ်) ၃၀၀ ကျပ်နှင့် ၄၀၀ကျပ်တို့ဖြင့် အမျိုးအစား ခွဲခြား၍ရောင်းချကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံရောင်းချသည့်ရတနာပုံစျေးရှိ စျေးသည်တစ်ဦး၏ပြောပြ ချက်အရ တည်သီးမှာ အစို(အခြောက်)အရောင်းသွက်ကြောင်း သိရှိရပါသည်။

 DOCA (မန္တလေး)