
မန္တလေးစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ နတ်တော်လဆန်း တွင် အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်သည့်စျေးနှုန်းများမှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ ကျပ်နှင့် ၇၀၀၀ကျပ်၊ အလုံး(လတ်) ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။သစ်သီးမျိုးစုံစျေးကွက်အတွင်းမော်လမြိုင်ကျွဲကောသီးမှာအရည်ရွှမ်းကာအချဉ်ဓါတ်လျော့နည်းသည့်အတွက်စားသုံးသူများကြိုက်နှစ်သက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
