Main menu

ဒီဇင်ဘာလပထမပတ်တွင်သခွားမွှေးသီးစျေးမြင့်တက်လျက်ရှိ

Powered by Drupal

   မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလပထမပတ်တွင် သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိရာ ဆောင်းဦးရာသီချိန်ဖြစ်၍သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးမြင့်တက် သွားကြောင်း သိရှိရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါ သည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊  မန္တလေး စျေး ကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)