
မန္တလေးကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ ဒီဇင်ဘာလ ပထမပတ်အတွင်း ဝင်ရောက်မှုများပြားပြီး၊ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက် အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်း အမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာနူးညံ့မှုပိုသည့်အတွက်စျေးပိုမိုရရှိကြောင်းသိရှိရပါသည်။မန္တလေးကုန်စိမ်း စျေးကွက် အတွင်း ၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်အတွင်း ပန်း ဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။
DOCA(မန္တလေး)
