
စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းပြီးစျေး မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်တွင် နဂါးမောက်သီးအတွင်း သားအဖြူ ရောင်၊ခရမ်းရောင် နှင့်မရမ်းရောင် တို့တွေ့ရှိရပြီး၊အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ (လုံးကြီး) (အတွင်းသားဖြူ) ၂၀၀၀၀ ကျပ်နှင့်၃၅၀၀၀ ကျပ်၊ (လုံးလတ်) ၁၅၀၀၀ကျပ်နှင့်၂၀၀၀၀ကျပ်၊ (လုံးသေး) ၉၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေး၊ အတွင်း သားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၅၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ အလုံးသေး ၉၀၀၀ ကျပ်နှင့် ၁၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း ရတနာပုံစျေးရှိ သစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
