Main menu

အရောင်းသွက်သည့် ရာသီးစာတစောင်းခါးစျေးကွက်

Powered by Drupal

         မန္တလေးကုန်စိမ်းစျေးကွက်တွင် ဆောင်းဦးကာလအတွင်း တစောင်းခါးနှင့် တစောင်းချဉ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ရာသီစာအဖြစ်စားသုံးကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တစောင်းခါးနှင့် တစောင်းချဉ်များဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့်စျေးများမှာ တစောင်းခါးနှင့် တစောင်းချဉ် တစ်ပိဿာလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ လက်လီစျေး ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)