
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇူလိုင်လ (၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်ကြီးများဖြစ်သော မိဘရိပ်၊ ဒေါ်မူ၊ ဒေါ်လုံးလုံး၊ ဦးတင်ထူး ဆန်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ဇူလိုင်လအတွင်း သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းအား ဆန်အမျိုးအစာစးအလိုက် သတ်မှတ်ရည်ညွှန်းဈေးထုတ်ပြန်လျက်ရှိကြောင်း မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းမြှင့်တင်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်နှင့် ဒေသထွက်ဆန်၊ အခြားဒေသထွက်ဆန်များ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူး ရောင်းချရာတွင်လည်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား စာရင်းဇယားယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
